Skip to main content

Command Palette

Search for a command to run...

TCP/IP - Part 4

IPv4 Classification (ဖွဲ့စည်းပုံ)

Updated
3 min readView as Markdown
TCP/IP - Part 4

IPv4 Classification (ဖွဲ့စည်းပုံ)

0.0.0.0 ကနေ 255.255.255.255 ထိရှိတဲ့ IP Address တွေကို A, B, C, D, E ဆိုပြီး Class 5 မျိုးခွဲထုတ်ထားတယ်။ IP address မှာ 0.0.0.0 နဲ့ 255.255.255.255 နှစ်ခုကိုမသုံးပါဘူး။

IPRange
Class A1.0.0.0 to 126.255.255.255
Class B128.0.0.0 to 191.255.255.255
Class C192.0.0.0 to 223.255.255.255
Class D224.0.0.0 to 243.255.255.255
Class E244.0.0.0 to 254.255.255.255
  • တကယ်တမ်း Address အဖြစ် အသုံးပြု နိုင်တဲ့ class တွေက A, B and C ပါ။

  • Class D ကို Multicast address အဖြစ်အသုံးပြုပါတယ်။

  • Class E က emergency future use အတွက် ဖယ်ထားတာပါ။

Subnet Mask

  • IP Address တွေမှာ Network အပိုင်းနဲ့ Host အပိုင်း ဆိုပြီးခွဲခြားထားတယ်။

  • Host တွေပါဝင်တဲ့ အစုတစ်ခုကို Network လို့ခေါ်တယ်။

  • Subnet Mask ကို Network နဲ့ host ခွဲခြားဖို့အတွက်သုံးတယ်။

Default Subnet Mask

  • IP Class A, B, C အတွက် ပုံမှန်အားဖြင့် သတ်မှတ်ထားတဲ့ Subnet Mask တွေဖြစ်တယ်။

  • Default Subnet တွေမှာ IP Address တစ်ခုရဲ့ Network အပိုင်းကိုဖော်ပြဖို့အတွက် 255 (binary 11111111) ကိုအသုံးပြုတယ်။

  • Host အပိုင်းကိုဖော်ပြဖို့အတွက် 0 (binary 00000000) ကိုအသုံးပြုတယ်။

Class A - Default Subnet Mask

  • Class A မှာဆို ပထမ octet ကို Network အဖြစ်သတ်မှတ်တယ်။

  • ကျန်တဲ့ octet ၃ ခုက host တွေဖြစ်တယ်။

  • Class A ရဲ့ Default Subnet Mask က 255.0.0.0 ဖြစ်တယ်။

  • First octet 1 ကနေ 126 အပါအဝင်ထိ IP Address တွေရဲ့ Default Subnet Mask က 255.0.0.0 ဖြစ်တယ်။

  • 1.0.0.3 ဆိုတဲ့ Class A IP Address မှာ အရှေ့ဆုံးက 1 က network ကို ကိုယ်စားပြုတယ်။

    • “1” ကို network ဖြစ်ကြောင်းဖော်ပြဖို့အတွက် Subnet mask 255.0.0.0 ကိုသုံးတယ်။

    • “1” network အတွင်းမှာရှိသော “0.0.3” ဆိုတဲ့ host လို့ဆိုနိုင်တယ်။

Class B - Default Subnet Mask

  • Class B မှာ ပထမနဲ့ ဒုတိယ octet နှစ်ခုကို Network အဖြစ်သတ်မှတ်တယ်။

  • ကျန်တဲ့ octet ၂ ခုက host တွေဖြစ်တယ်။

  • Class B ရဲ့ Default Subnet Mask က 255.255.0.0 ဖြစ်တယ်။

  • 135.1.23.5 ဆိုတဲ့ Class B IP Address မှာ အရှေ့က octet နှစ်ခုဖြစ်တဲ့ 135.1 ဟာ network ကို ကိုယ်စားပြုတယ်။

    • “135.1” ကို network ဖြစ်ကြောင်းဖော်ပြဖို့အတွက် Subnet mask 255.255.0.0 ကိုသုံးတယ်။

    • “135.1” network အတွင်းမှာရှိသော “23.5” ဆိုတဲ့ host လို့ဆိုနိုင်တယ်။

Class C - Default Subnet Mask

  • Class C Default Subnet Mask Class C ရဲ့ ပထမ၊ ဒုတိယ နဲ့ တတိယ octet သုံးခုကို Network အဖြစ်သက်မှတ်တယ်။

  • ကျန်တဲ့ octet ၁ ခုက host ဖြစ်တယ်။

  • Class C ရဲ့ Default Subnet Mask က 255.255.255.0 ဖြစ်တယ်။

  • 203.81.71.100 ဆိုတဲ့ Class C IP Address မှာ အရှေ့က octet သုံးခုဖြစ်တဲ့ 203.81.71 ဟာ network ကို ကိုယ်စားပြုတယ်။

    • “203.81.71” ကို network ဖြစ်ကြောင်းဖော်ပြဖို့အတွက် Subnet Mask 255.255.255.0 ကိုသုံးတယ်။

    • “203.81.71” network အတွင်းမှာရှိသော “100” ဆိုတဲ့ host လို့ဆိုနိုင်တယ်။

Network and Broadcast Address

  • IP Address တစ်ခုမှာ host အပိုင်းရဲ့ bit တွေအားလုံး 0 ဖြစ်နေတဲ့ Address ကို Network Address လို့ခေါ်တယ်။

  • IP Address တစ်ခုမှာ host အပိုင်းရဲ့ bit တွေအားလုံး 1 ဖြစ်နေတဲ့ Address ကို အဲ့ဒီ Network ရဲ့ Broadcast Address လို့ခေါ်တယ်။

IP Address

1.24.1.5

00000001.00011000.00000001.00000101

Subnet Mask

255.0.0.0

11111111.00000000.00000000.00000000

Network Address

1.0.0.0

00000001.00000000.00000000.00000000

Broadcast Address

1.255.255.255

00000001.11111111.11111111.11111111

IP Address နဲ့ Subnet Mask ရဲ့ bit တွေကို AND operation လုပ်လိုက်ရင် Network Address ရတယ်။


TCP/IP - Part 5 မှာ ဆက်လက် ရေးသား ပေးပါဦးမယ်။

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read132
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read257
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read280
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read312
How to connect On Premises Network and Cloud (AWS)? (Part-1)
M

Myanmar Technical Blog

110 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...