Skip to main content

Command Palette

Search for a command to run...

TCP/IP - Part 3

Updated
•2 min read•View as Markdown
TCP/IP - Part 3

TCP/IP မှာ Network (Internet) Layer ရဲ့ အဓိက အလုပ်နှစ်ခုက Logical Addressing နဲ့ Routing ပါ။

Logical Addressing

  • IP (Internet Protocol) ကိုအသုံးပြုပြီး IP Addressing လို့ခေါ်တယ်။

  • Internet Protocol မှာ IPv4 နဲ့ IPv6 ဆိုပြီး version ၂ မျိုးရှိတယ်။ လက်ရှိ အများဆုံး သုံးနေတာက IPv4 ပါ။

IPv4 Addressing

  • Computer ဒါမှမဟုတ် Device တစ်ခုခုဟာ TCP/IP ကိုသုံးပြီး network ချိတ်ချင်တယ်ဆိုရင် IP Address ကိုအသုံးပြုဖို့လိုအပ်ပါတယ်။

IPv4 Structure (တည်ဆောက်ပုံ)

  • IPv4 ရဲ့ size က 32 bits ရှိတယ်။ အဲ့ဒီ 32 bits ကို 8 bits ၄ ခုအဖြစ်ပိုင်းထားတယ်။

  • Binary number နဲ့ပြရင် 00000000.00000000.00000000.00000000 ကနေ 11111111.11111111.11111111.11111111 အထိရှိတယ်။

  • 32 bit ဖြစ်တဲ့အတွက် အကြမ်းဖျင်းအားဖြင့် စုစုပေါင်း အသုံးပြုနိုင်တဲ့ address ခုရေ 4,294,967,296 (232) ရှိတယ်။

  • Binary number 8 လုံးရှိတဲ့ အပိုင်းတစ်ခုကို one octet လို့ခေါ်တယ်။


  • One octet ရဲ့ minimum decimal value (00000000) က 0 ဖြစ်တယ်။ Binary to Decimal conversion: (0*128 + 0*64 + 0*32+ 0*16 + 0*8 + 0*4 + 0*2 + 0*1) = 0

  • One octet ရဲ့ maximum decimal value (11111111) က 255 ဖြစ်တယ်။ Binary to Decimal conversion: (1*128 + 1*64 + 1*32+ 1*16 + 1*8 + 1*4 + 1*2 + 1*1) = 255

  • IP address ကိုတကယ်လက်တွေ့အသုံးပြုတဲ့ အခါ binary number နဲ့မသုံးပဲ octet 4 ခုကို . (dot) နဲ့ ပိုင်းခြားပြီးအသုံးပြုတယ်။ အဲ့ဒီလိုအသုံးပြုတဲ့ ပုံစံကို Dotted Decimal Notation လို့ခေါ်တယ်။

  • IP Address ကို Dotted decimal notation နဲ့ပြရရင် 0.0.0.0 ကနေ 255.255.255.255 အထိရှိတယ်။ 0.0.0.0, 1.0.0.0, 1.0.0.1, 1.0.0.2, …, …, 255.255.255.254, 255.255.255.255



  • Octet တစ်ခုဟာ နောက်ဆုံးကနေစပြီး 255 ပြည့်သွားပြီဆိုတာနဲ့ ရှေ့ address က octet ကိုတစ်တိုးသွားရပါမယ်။

  • 255 ဖြစ်သွားတဲ့ octet ကို 0 ကနေပြန်စပါမယ်။ ဥပမာ 1.0.0.255 ပြီးရင် 1.0.1.0, 1.0.1.1, 1.0.1.2, …


TCP/IP - Part 4 မှာ ဆက်လက် ရေးသား ပေးပါဦးမယ်။

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read133
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read265
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read289
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read319
How to connect On Premises Network and Cloud (AWS)? (Part-1)
M

Myanmar Technical Blog

110 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...