TCP/IP - Part 3

TCP/IP - Part 3

TCP/IP မှာ Network (Internet) Layer ရဲ့ အဓိက အလုပ်နှစ်ခုက Logical Addressing နဲ့ Routing ပါ။

Logical Addressing

  • IP (Internet Protocol) ကိုအသုံးပြုပြီး IP Addressing လို့ခေါ်တယ်။

  • Internet Protocol မှာ IPv4 နဲ့ IPv6 ဆိုပြီး version ၂ မျိုးရှိတယ်။ လက်ရှိ အများဆုံး သုံးနေတာက IPv4 ပါ။

IPv4 Addressing

  • Computer ဒါမှမဟုတ် Device တစ်ခုခုဟာ TCP/IP ကိုသုံးပြီး network ချိတ်ချင်တယ်ဆိုရင် IP Address ကိုအသုံးပြုဖို့လိုအပ်ပါတယ်။

IPv4 Structure (တည်ဆောက်ပုံ)

  • IPv4 ရဲ့ size က 32 bits ရှိတယ်။ အဲ့ဒီ 32 bits ကို 8 bits ၄ ခုအဖြစ်ပိုင်းထားတယ်။

  • Binary number နဲ့ပြရင် 00000000.00000000.00000000.00000000 ကနေ 11111111.11111111.11111111.11111111 အထိရှိတယ်။

  • 32 bit ဖြစ်တဲ့အတွက် အကြမ်းဖျင်းအားဖြင့် စုစုပေါင်း အသုံးပြုနိုင်တဲ့ address ခုရေ 4,294,967,296 (232) ရှိတယ်။

  • Binary number 8 လုံးရှိတဲ့ အပိုင်းတစ်ခုကို one octet လို့ခေါ်တယ်။


  • One octet ရဲ့ minimum decimal value (00000000) က 0 ဖြစ်တယ်။ Binary to Decimal conversion: (0*128 + 0*64 + 0*32+ 0*16 + 0*8 + 0*4 + 0*2 + 0*1) = 0

  • One octet ရဲ့ maximum decimal value (11111111) က 255 ဖြစ်တယ်။ Binary to Decimal conversion: (1*128 + 1*64 + 1*32+ 1*16 + 1*8 + 1*4 + 1*2 + 1*1) = 255

  • IP address ကိုတကယ်လက်တွေ့အသုံးပြုတဲ့ အခါ binary number နဲ့မသုံးပဲ octet 4 ခုကို . (dot) နဲ့ ပိုင်းခြားပြီးအသုံးပြုတယ်။ အဲ့ဒီလိုအသုံးပြုတဲ့ ပုံစံကို Dotted Decimal Notation လို့ခေါ်တယ်။

  • IP Address ကို Dotted decimal notation နဲ့ပြရရင် 0.0.0.0 ကနေ 255.255.255.255 အထိရှိတယ်။ 0.0.0.0, 1.0.0.0, 1.0.0.1, 1.0.0.2, …, …, 255.255.255.254, 255.255.255.255



  • Octet တစ်ခုဟာ နောက်ဆုံးကနေစပြီး 255 ပြည့်သွားပြီဆိုတာနဲ့ ရှေ့ address က octet ကိုတစ်တိုးသွားရပါမယ်။

  • 255 ဖြစ်သွားတဲ့ octet ကို 0 ကနေပြန်စပါမယ်။ ဥပမာ 1.0.0.255 ပြီးရင် 1.0.1.0, 1.0.1.1, 1.0.1.2, …


TCP/IP - Part 4 မှာ ဆက်လက် ရေးသား ပေးပါဦးမယ်။