TCP: Connection-Oriented
Packet တွေပို့နေတုန်း လမ်းမှာ ပျောက်ဆုံးသွားရင်ပဲဖြစ်ဖြစ် ပျက်စီးသွားရင်ပဲဖြစ်ဖြစ် ပြန်ပို့ပေးပါတယ်။ TCP packet transmission မှာပျောက်ဆုံး ပျက်စီးသွားတဲ့ packet တွေကို စုံစမ်းဖို့အတွက် Header ထဲမှာ Acknowledgment ဆိုတဲ့ filed ပါတယ်။
ပို့လိုက်တဲ့ packet တွေအစီအစဉ်တကျ ရောက်သွားဖို့အတွက် လုပ်ဆောင်ပေးပါတယ်။ ရောက်သွားတဲ့ packet တွေအစီအစဉ်တကျ ဖြစ်ဖို့အတွက်က Sequence Number ဆိုတဲ့ field ပါတယ်။
Transmit လုပ်တဲ့ data တွေမပျက်စီးဖို့ နဲ့ destination ကိုအစီအစဉ်တကျ ရောက်သွားဖို့ အတွက်လုပ်ရတဲ့ လုပ်ငန်းတွေကြောင့် TCP ကပိုပြီးနှေးတယ်။
TCP ကိုအရေးကြီးပြီး ပျက်စီးလို့မရတဲ့ email လို www လို application တွေအတွက် သုံးတယ်။
UDP: Connectionless
UDP မှာတော့ TCP လိုမျိုး reliability function တွေမရှိပါဘူး။ အဲ့ဒီအတွက် UDP သုံးတဲ့ Communication ကပိုမြန်တယ်။
UDP ကိုတော့မြန်ဖို့သာလိုအပ်ပြီး reliability မလိုတဲ့ Voice communication လို Video communication လို tolerant application တွေမှာသုံးတယ်။