# TCP/IP - Part 2

**TCP: Connection-Oriented**

* Packet တွေပို့နေတုန်း လမ်းမှာ ပျောက်ဆုံးသွားရင်ပဲဖြစ်ဖြစ် ပျက်စီးသွားရင်ပဲဖြစ်ဖြစ် ပြန်ပို့ပေးပါတယ်။ TCP packet transmission မှာပျောက်ဆုံး ပျက်စီးသွားတဲ့ packet တွေကို စုံစမ်းဖို့အတွက် Header ထဲမှာ Acknowledgment ဆိုတဲ့ filed ပါတယ်။
    
* ပို့လိုက်တဲ့ packet တွေအစီအစဉ်တကျ ရောက်သွားဖို့အတွက် လုပ်ဆောင်ပေးပါတယ်။ ရောက်သွားတဲ့ packet တွေအစီအစဉ်တကျ ဖြစ်ဖို့အတွက်က Sequence Number ဆိုတဲ့ field ပါတယ်။
    
* Transmit လုပ်တဲ့ data တွေမပျက်စီးဖို့ နဲ့ destination ကိုအစီအစဉ်တကျ ရောက်သွားဖို့ အတွက်လုပ်ရတဲ့ လုပ်ငန်းတွေကြောင့် TCP ကပိုပြီးနှေးတယ်။
    
* TCP ကိုအရေးကြီးပြီး ပျက်စီးလို့မရတဲ့ email လို www လို application တွေအတွက် သုံးတယ်။
    

**UDP: Connectionless**

* UDP မှာတော့ TCP လိုမျိုး reliability function တွေမရှိပါဘူး။ အဲ့ဒီအတွက် UDP သုံးတဲ့ Communication ကပိုမြန်တယ်။
    
* UDP ကိုတော့မြန်ဖို့သာလိုအပ်ပြီး reliability မလိုတဲ့ Voice communication လို Video communication လို tolerant application တွေမှာသုံးတယ်။
    

![](https://mgminn.files.wordpress.com/2008/09/transportheader.jpg?w=722&h=228 align="left")
