Skip to main content

Command Palette

Search for a command to run...

Difference Between Regional NAT Gateway and Zonal NAT Gateway

Updated
4 min read
Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။

ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။

Private subnets ထဲမှာ ရှိနေတဲ့ resources တွေ Internet access ရဖို့ အတွက် NAT Gateway ကို အသုံးပြုရခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် Private subnets ထဲမှာ ရှိတဲ့ EC2 instance သည် software updates လုပ်ဖို့ internet လိုအပ်လာတဲ့ အခါမှာ NAT Gateway ကို သုံးပါတယ်။ NAT Gateway သည် outbound traffic ဘဲ ရပါသည်။ Inbound traffic ကို လက်မခံပါဘူး။

NAT Gateway ကို create လုပ်တဲ့ အခါမှာ ရွေးချယ်စရာ Availability mode 2 မျိုးရှိပါတယ်။

  1. Zonal NAT Gateway

  2. Regional NAT Gateway

Zonal NAT Gateway အကြောင်း အရင် ပြောပါမယ်။ Zonal ကို ရွေးပြီး NAT Gateway တစ်ခု create လုပ်မယ်ဆိုရင် NAT Gateway ကို ဘယ် subnet ထဲမှာ ထားမလဲဆိုပြီးတော့ public subnet တစ်ခု ရွေးချယ်ပေးရပါတယ်။ Connectivity type မှာလည်း Public, Private ‌‌ ရွေးချယ်ပေးလို့ရပါတယ်။

Public ကို ‌ရွေးချယ်လိုက်တယ်ဆိုရင် Elastic IP တစ်ခု လိုအပ်ပါမယ်။ Public Subnet ထဲမှာ NAT Gateway ကို ထားရပါမယ်။ Private subnet ထဲက resources ‌တွေ internet ထွက်လို့ရပါမယ်။

ကိုယ့်ရဲ့ on-premise network, another VPC နဲ့ Transit gateway, Direct connect, Site-to-Site VPN တို့မှ တဆင့် privately ချိတ်ဆက်ချင်ရင် Private ကို ‌ရွေးချယ်ပေးရပါမယ်။ Private NAT Gateway Traffic တွေသည် Internet ကို မထွက်နိုင်ပါဘူး။

Diagram - Private NAT gateway traffic can’t reach the internet.

Connectivity type ကို private ‌ရွေးချယ်ထား‌တဲ့ Private NAT Gateway ကို public subnets (or) private subnets တစ်ခုခုမှာ ထားလို့ ရပါတယ်။ Private NAT Gateway ကို public subnets ထဲမှာ ထား‌‌သော်လည်း Internet ထွက်မှာ မဟုတ်ပါဘူး။ Private NAT Gateway က ‌‌‌နေ IGW ကို လာတဲ Traffic ‌တွေကို IGW က drop လုပ်မှာပါ။

Zonal NAT Gateway ကို create လုပ်တဲ အခါမှာ ဖြစ်လာမည့် pros and cons တွေကို ဆက်လက်ဆွေးနွေးသွားပါမယ်။

AZ-a မှာ NAT Gateway တစ်ခု create လုပ်လိုက်တဲ့ Single NAT Gateway Design ကို စဉ်းစားကြည့်ပါမယ်။

Diagram- Single NAT Gateway .

Single NAT Gateway ကို သုံးတာဖြစ်လို့ advantages အနေနဲ့ cost သက်သာပါမယ်။

Disadvantages အနေနဲ့ ကတော့ Single point of failure ဖြစ်နိုင်ပါတယ်။ Cross-AZ data transfer charges ရှိနိုင်ပါတယ်။ Higher latency ဖြစ်ပါတယ်။

NAT Gateway cost ကို ဘယ်လို တွက်လဲ ဆိုရင်

NAT Gateway Hourly charge NAT Gateway Exists
NAT Gateway Data processing (per GB) Traffic passes through NAT Gateway
Cross-AZ transfer Traffic crosses AZ boundaries
Internet Data Transfer out Data leaves from AWS to the internet

EC2 instance ကနေ 10 GB ရှိတဲ့ file တစ်ခုကို NAT Gateway ကို ဖြတ်ပြီး ‌တော့ public Website တစ်ခု ပေါ် ကို upload လုပ်မယ်ဆိုရင် Internet Data Transfer out charges ရှိပါမယ်။

Multi-AZ NAT Gateway Architecture

နောက်ထပ် နည်းလမ်း တစ်ခု အနေနဲ့ NAT Gateway ကို multi AZ create လုပ်မယ့် Design စဉ်းစားကြည့်ပါမယ်။

Diagram- NAT Gateway Multi-AZ

AZ တစ်ခုစီ မှာ NAT Gateway တစ်ခု စီ create လုပ်တာဖြစ်တဲ့ အတွက် advantages အနေနဲ့ High availability ဖြစ်ပါတယ်။ Cross-AZ data transfer charges လျော့သွားပါမယ်။ Performance ပိုကောင်းပါမယ်။

Disadvantages အနေနဲ့ ကတော့ cost ပိုကုန်ပါမယ်။ AZ 3 ခု အတွက် NAT Gateway 3 ခု create လုပ်တာဖြစ်တဲ့ အတွက် NAT Gateway 3 ခု အတွက် တွက်ပေးရပါမယ်။

NAT Gateway Hourly charge NAT Gateway Exists
NAT Gateway Data processing (per GB) Traffic passes through NAT Gateway
Internet Data Transfer out Data leaves from AWS to the internet

Regional NAT Gateway

AWS က Feature အသစ်အနေနဲ့ Nov 2025 မှာ Regional NAT Gateway ကို စတင် မိတ်ဆက်ခဲ့ပါတယ်။

Regional NAT Gateway ဟာ AZ တစ်ခု တည်းအတွက် မဟုတ်‌ ‌‌တော့ဘဲ Multi-AZ deployments အတွက် အဆင် ‌ပြေပါတယ်။ NAT Gateway တစ်ခု တည်း create လုပ်ရုံနဲ့ AZ အကုန် လုံးအတွက် သုံးလို့ရမှာ ဖြစ်ပါတယ်။

Regional NAT Gateway ကို ရွေးချယ် လိုက်တယ်ဆိုရင် ဘယ် VPC မှာ create လုပ်မလဲဆိုပြီး VPC ရွေးချယ် ပေးရပါတယ်။ Zonal NAT Gateway တုန်းကလို Public Subnets ရွေးချယ်ပေးစရာ မလိုတော့ပါဘူး။ Connectivity type မှာတော့ Public တစ်မျိုးဘဲ ရွေးချယ်လို့ရပါတယ်။

Elastic IP ကို Automatic or Manual ရွေးချယ်ပေးရပါမည်။

Regional NAT Gateway တစ်ခု create လုပ်လိုက်တာနဲ့ route table တစ်ခု auto create လုပ်သွားပါတယ်။

NAT Gateway ရဲ့ Route Table ထဲမှာ ဘာ routes တွေ ပါမလဲ ဆိုတော့ local route တစ်ကြောင်း ပါမယ်။ Internet ထွက်ဖို့ IGW ကို သွားမည့် route တစ်ကြောင်းပါ ပါမယ်။

Diagram - Regional NAT Gateway

Regional NAT Gateway က cost ကို ဘယ်လို တွက်လဲ ဆိုရင် NAT Gateway တစ်ခု တည်း create လုပ်လို့ NAT Gateway တစ်ခု အတွက်ဘဲ Hourly charge တွက်တာ မဟုတ်ပါဘူး။ AZ 3 ခု လုံးမှာ workloads ရှိတယ်ဆိုရင် NAT Gateway ကို 3 ခု အနေနဲ့ တွက်ပေးရတာပါ။ AZ 2 ခု မှာ ဘဲ workloads ရှိရင် NAT Gateway 2 ခု အတွက် တွက် ပေးရတာပါ။

NAT Gateway Hourly charge NAT Gateway Exists
NAT Gateway Data processing (per GB) Traffic passes through NAT Gateway
Internet Data Transfer out Data leaves from AWS to the internet

Regional NAT Gateway ကို သုံးလိုက်မယ်ဆိုရင် operational simplicity and automatic multi-AZ availability ‌‌‌ ဖြစ်ပါမယ်။

NAT Gateway pricing နဲ့ ပတ်သတ်ပြီး အောက်ပါ link မှာကြည့် နိုင်ပါတယ်။

https://aws.amazon.com/vpc/pricing/

အချိန်ပေးဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ လိုအပ်တာများရှိရင် comments မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

More from this blog

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read207
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read234
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read297
How to connect On Premises Network and Cloud (AWS)? (Part-1)

Accessibility for Designer

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

Nov 21, 20253 min read85
Accessibility for Designer
M

Myanmar Technical Blog

109 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...