Skip to main content

Command Palette

Search for a command to run...

TCP/IP - Part 1

Updated
3 min read
TCP/IP - Part 1

Protocol
လူတွေအချင်းချင်း ပြောဆိုဆက်သွယ်တဲ့ အခါမှာ ဘာသာစကားကို အသုံးပြုကြတယ်။ ဒီလိုပဲ Protocol ဆိုတာ Computer System တွေ Communication Devices တွေ အချင်းချင်း ဆက်သွယ် ချိတ်ဆက်တဲ့ နေရာမှာ အသုံးပြုတဲ့ “ဘာသာစကား” လို့ ဆိုနိုင်တယ်။ တစ်နည်းအားဖြင့် Protocol ဆိုတာဟာ Computer တွေအပါအဝင် တခြား Communication Equipment တွေ ဆက်သွယ်ရာမှာသုံးတဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ (Rules and Regulations)၊ စံနှုန်းသတ်မှတ်ချက်တွေ (Standards) နဲ့ လုပ်ထုံးလုပ်နည်းတွေ (Procedures) ပါပဲ။

Protocol Suite
လူတွေမှာ ဆက်သွယ်တဲ့ ဘာသာစကားတွေဟာ အမြဲတမ်း မတူညီနိုင်ပါဘူး။ ဥပမာ မြန်မာတွေအချင်းချင်းက မြန်မာလိုပြောမယ်။ တရုတ်တွေအချင်းချင်းက တရုတ်လိုပြောမယ်။ မတူညီတဲ့ ဘာသာစကားတွေ ကမ္ဘာပေါ်မှာ အများကြီးရှိပါတယ်။ ဒီလိုပဲ Computer တွေမှာလဲ မတူညီတဲ့ Protocol တွေအများကြီး ရှိပါတယ်။ Microsoft Platform Computer တွေ အချင်းချင်း ဆက်သွယ်တဲ့ အခါမှာ NetBIOS (Network Basic Input Output System) Protocol Suite ကိုသုံးတယ်။ Apple Computer တွေကြတော့ AppleTalk Protocol Suite ကိုသုံးတယ်။ Novell Network တွေမှာ IPX/SPX Protocol Suite ကိုသုံးတယ်။

ဒီလိုမတူတဲ့ ဘာသာစကားတွေ သုံးတဲ့ လူတွေ ဆက်သွယ်ရာမှာ ဘယ်လိုလုပ်မလဲ။ မြန်မာတစ်ယောက်က တရုတ်တစ်ယောက်ကို စကားပြောတဲ့ အခါမှာ – မြန်မာက တရုတ်လိုပြောတတ်ရင် အဆင်ပြေတယ် ဒါမှမဟုတ် တရုတ်က မြန်မာလိုပြောတတ်ရင်လဲ အဆင်ပြေတယ်။ နှစ်ယောက်စလုံးက တစ်ယောက်စကားတစ်ယောက် မပြောတတ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ English လိုပြောမယ် ဒါဆိုအဆင်ပြေတယ်။ ဘာလို့လဲဆိုတော့ English က International Language ဖြစ်နေလို့။ ဒီနေရာမှာ English က ကြားခံဘာသာစကား အဖြစ်ဆောင်ရွက်ပေးတယ်။

TCP/IP Protocol Suite
Computer တွေမှာတော့ မတူညီတဲ့ Protocol တွေ Platform တွေ Machine တွေ ချိတ်ဆက်ဖို့အတွက် TCP/IP Protocol Suite က ကြားခံ ဆောင်ရွက်ပေးပါတယ်။

TCP/IP ကို ဘုံ Protocol အဖြစ်လဲ သတ်မှတ်နိုင်ပါတယ်။ Computer တွေမှာ Apple ပဲဖြစ်ဖြစ် Microsoft ပဲဖြစ်ဖြစ် TCP/IP ကို support လုပ်ပါတယ်။ Internet ပေါ်မှာက different Machines, different platforms, different operation systems တွေပါဝင်တယ်။ Linux ပဲဖြစ်ဖြစ် Microsoft ပဲဖြစ်ဖြစ် Mac OS ပဲဖြစ်ဖြစ် TCP/IP ရှိရင် Internet ကိုချိတ်ဆက်နိုင်ပါတယ်။

TCP/IP Protocol Architecture မှာ Layer ၄ ခုပါဝင်တယ်။

Application Layer

  • Communication လုပ်ရာမှာ protocol တွေကို layer အလိုက် ခွဲပြီးလုပ်တယ်။

  • Application Layer မှာ လုပ်ဆောင်နိုင်တဲ့ service တွေပေါ်မူတည်ပြီး Application Protocol တွေကိုသက်မှတ်တယ်။

  • ဥပမာ www service (Webpage တွေသုံးပြီး information တွေဖလှယ်တဲ့ service) အတွက်ဆိုရင် HTTP (Hyper Text Transport Protocol)၊ File sharing service အတွက်ဆိုရင် FTP (File Transfer Protocol)၊ email service မှာ မေးလ်ပို့မယ်ဆိုရင် SMTP (Simple Mail Transport Protocol) မေးလ်လက်ခံမယ်ဆိုရင် POP3 (Post Office Protocol version 3)။

  • TCP/IP ရဲ့ Application Layer ဟာ OSI ရဲ့ Layer 7, 6, 5 ဖြစ်တဲ့ Application, Presentation နဲ့ Session layer သုံးခုကို ပေါင်းစည်းထားတာလို့လည်း ဆိုနိုင်တယ်။ အဲ့ဒီ layer 3 ခုက function တွေအားလုံးကို TCP/IP ရဲ့ Application Layer ကဆောင်ရွက်ပေးတယ်။

Transport Layer

Transport Layer ရဲ့ function တွေကိုတော့ OSI 7 Layers မှာရေးခဲ့ပြီးပါပြီ။ TCP/IP ရဲ့ Transport Layer မှာ Protocol နှစ်ခုပါဝင်တယ်။ TCP (Transmission Control Protocol) နဲ့ UDP (User Datagram Protocol) ပါ။

Multiplexing using ports

  • Transport Layer ရဲ့ အဓိက အလုပ်က Port Number တွေကို အသုံးပြုပြီး application layer က လုပ်ပေးတဲ့ service တွေကိုခွဲခြားဖို့ပါ။

  • Internet နဲ့ချိတ်ဆက်ထားတဲ့ computer မှာ Website တွေကိုကြည့်ရင်းနဲ့ e-mail ကိုလဲ send and receive လုပ်လို့ရတယ်။ Communication Line တစ်ခုတည်းနဲ့ Internet Application တွေအများကြီးကို တစ်ပြိုင်နက်တည်း run လို့ရတယ်။ အဲ့ဒီလို run လို့ရအောင် TCP က Number တွေသက်မှတ်ပြီးဆောင်ရွက်ပေးတယ်။ အဲ့ဒါကို Port Number လို့ခေါ်တယ်။

  • e-mail နဲ့ www ကိုတစ်ပြိုင်နက်တည်း အသုံးပြုတယ်ဆိုပါစို့။ e-mail အတွက်သက်၊မှတ်ပေးထားတဲ့ default port number က SMTP ဆို 25 ၊ POP3 ဆို 110။ www အတွက် default port number က 80။

  • အဲ့ဒီလို port number တွေခွဲထားတဲ့ အတွက် Line ကတစ်ခုတည်းဆိုပေမယ့် application တွေအများကြီးသုံးလို့ရတယ်။ Communication Line တစ်ခုတည်းပေါ်မှာ သွားနေတဲ့ data packet တွေမှာ port number တွေပါတယ်။ sending email အတွက် data packet တွေမှာပါတဲ့ port number က 25၊ www အတွက်ဆိုရင် 80။

  • အဲ့ဒီ application ပေါင်းစုံရဲ့ packet တွေက connection တစ်ခုတည်းမှာပဲ အစီအစဉ်မကျ လာချင်သလိုလာမှာ။

  • Destination ကိုရောက်တဲ့ အခါကြမှ port number ကိုကြည့်ပြီး Application တွေကဆွဲယူမှာ။

  • ဥပမာ e-mail program က မေးလ်လက်ခံမယ်ဆိုရင် POP3 အတွက် port number 110 ရှိတဲ့ data packet တွေကို ဆွဲယူမယ်။ တခြား port number နဲ့ packet တွေဆိုရင်မယူဘူး။

  • Web Browser ဆိုရင် Web page တွေကိုပြဖို့အတွက် port 80 ရှိတဲ့ data packet တွေကို ပဲဆွဲယူမယ်။ တခြား packet တွေကိုမယူဘူး။

  • အဲ့ဒီလိုလုပ်ပေးနိုင်တဲ့ Function ကို Multiplexing using ports လို့ခေါ်ပါတယ်။ TCP/IP ရဲ့ Transport Layer မှာရှိတဲ့ TCP နဲ့ UDP protocol နှစ်ခုစလုံးဟာ Multiplexing using port ဆိုတဲ့ function ကိုလုပ်ပေးနိုင်ပါတယ်။

TCP နဲ့ UDP ရဲ့ အလုပ်လုပ်ပုံနဲ့ ကွာခြားပုံ အကြောင်း Part - 2 မှာ ဆက်ရေးပေးပါဦးမယ်။

K
Ko Nyan10mo ago

pdf အနေနဲ့ save ထားလို့ရရင်ကောင်းမှာပဲ ဆရာ print ထုတ်ပီးလဲ ဖတ်လို့ရအောင်လို့ပါ

2
A

TCP/IP post တွေအားလုံးစုပြီး pdf booklet file အနေနဲ့ တင်ပေး လိုက်ပါတယ်။ https://github.com/innoaya/sharables/blob/main/TCP-IP-Fundamentals.pdf မှာ download လုပ်လို့ရပါပြီ ခင်ဗျာ။ Ko Nyan comment ကြောင့် လုပ်ဖြစ်သွားတဲ့ အတွက် ကျေးဇူးပါ။

K

Useful and knowledgeable

2
K

i want more tech post from you

2

More from this blog

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read169
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read230
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read265
How to connect On Premises Network and Cloud (AWS)? (Part-1)

Accessibility for Designer

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

Nov 21, 20253 min read71
Accessibility for Designer

VPC Endpoint

အားလုံးဘဲ မင်္ဂလာပါ။ ဒီနေ့ sharing လုပ်ပေးချင်တာကတော့ VPC Endpoint အကြောင်းဘဲဖြစ်ပါတယ်။ VPC Endpoint ဆိုတာ VPC နဲ့ AWS services တွေ ကို public Internet ကို အသုံးမပြုဘဲနဲ့ Privately connect လုပ်ပေးတာ ဖြစ်ပါတယ်။ Internet Gateway, NAT Gateway နဲ့ Public...

Nov 18, 20252 min read100
VPC Endpoint
M

Myanmar Technical Blog

108 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...