Skip to main content

Command Palette

Search for a command to run...

OSI 7 Layers

Updated
3 min read
OSI 7 Layers

အမျိုးအစားမတူညီတဲ့ Computer တွေကို network ချိတ်ရာမှာ တူညီတဲ့စံနှုန်းသတ်မှတ်ချက် (Standard) မရှိဘူးဆိုရင် ချိတ်ဆက်လို့မရနိုင်ပါဘူး။ ဥပမာ Apple နဲ့ IBM ချိတ်ဆက်မယ် ပြဿနာတက်မယ် ဘာလို့လဲဆိုတော့ Apple network တွေအတွက်က AppleTalk သုံးတယ် IBM က SNA သုံးတယ် standard ချင်းမတူဘူး။ ဒါ့ကြောင့် ချိတ်ဆက်လို့မရဘူး။

အဲ့ဒီအတွက် ISO (International Organization for Standardization) က မတူညီတဲ့ Computer Hardware တွေ Operation System Platform တွေကိုအချင်းချင်းချိတ်ဆက်နိုင်အောင်လို့ တူညီတဲ့ (Common Standard) ဘုံ စံသတ်မှတ်ချက်တစ်ခု ကိုထုတ်လိုက်တယ်။ အဲဒါဟာ OSI (Open System Interconnection) ပါပဲ။ OSI ကို layer 7 ခုခွဲထားတယ်။

အဲ့ဒါတွေကတော့ -

7) Application Layer က network ပေါ်မှာသုံးတဲ့ software တွေကြားက interface အဖြစ်ဆောင်ရွက်ပေးတဲ့ Protocol layer ပဲဖြစ်တယ်။ ဥပမာ File Transer Application အတွက်ဆိုရင် FTP (File Transfer Protocol) ၊ Web browsing အတွက်ဆိုရင် HTTP (Hyper Text Transfer Protocol) ၊ E-mail အတွက်ဆိုရင် SMTP (Simple Mail Transfer Protocol) POP3 (Post Office Protocol version 3) ၊ စသဖြင့် ရှိတယ်။

6) Presentation Layer ကဘာလုပ်ပေးလဲ ကြည့်ရအောင်။ Network ပေါ်မှာ Information တွေကဖောင်းပွနေတယ် တစ်နည်းအားဖြင့် ကြီးမားနေတယ်ပေါ့။ အဲဒီတော့ ပို့တဲ့နေရာမှာ အချိန်တွေပိုကြာနိုင်တယ်။ Presentation Layer က အဲ့ဒီ ဖောင်းပွနေတဲ့ information တွေကိုချုံ့ပေးတယ် "Compression" ။ Network ပေါ်မှာ ပို့ပြီး Destination Machine ကိုရောက်သွားပြီဆိုရင် ချုံ့ထားတာတွေကိုပြန်ချဲ့မယ် နဂိုအတိုင်းပြန်ဖြစ်အောင်လုပ်မယ် "Decompression" ။ ပြီးတော့ information တွေမလုံခြုံဘူး ဝှက်မယ် "Encryption" ။ Network ပေါ်မှာ ပို့ပြီး Destination Machine ကိုရောက်သွားပြီဆိုရင် ပြန်ဖော်မယ် "Decryption" ။ Network ပေါ်မှာက platform မတူညီတဲ့ machine တွေရှိနိုင်တယ် ဥပမာ EBCDIC machine code ကိုသုံးတဲ့ Mainframe Computer တွေနဲ့ ASCII machine code သုံးတဲ့ Intel PC တွေချိတ်မယ် Presentation Layer က Code conversion ကိုလုပ်ဆောင်ပေးပါတယ်။ အချူပ်ဆိုရရင် Presentation Layer ကလုပ်ပေးတာ

  1. Compression/Decompression

  2. Encryption/Decryption

  3. Code Conversion

5) Session Layer က connection လမ်းကြောင်း ကိုတည်ဆောက်တယ် (Establish)၊ ပြီးရင် information transfer အဲဒါကို မပြတ်သွားအောင်လို့ ထိန်းသိမ်းတယ် (Maintain)၊ နောက်ဆုံး transfer ပြီးသွားပြီဆိုတာနဲ့ဖြတ်ချတယ် (Release)။ Session Layer ကလုပ်ပေးတဲ့ နောက်တစ်ခု "Dialog Management" က connection ဆောက်နေတဲ့အချိန်ဆိုရင် ဆောက်နေတဲ့အကြောင်း၊ ဆောက်ပြီးလို့ information transfer လုပ်နေတဲ့ အချိန်မှာလဲ ဘယ်လောက်ပြီးနေပါပြီ စတဲ့အခြေအနေတွေကို Dialog လေးတွေနဲ့ အကြောင်းပြန်ကြားပေးတယ်။

4) Transport Layer က ပို့မဲ့ information တွေကို packet တွေအဖြစ်ထုတ်ပိုးပေးတယ် (Packetization)။ ပြီးတော့ transfer လုပ်နေတဲ့ packet တွေကိုမပျက်စီး မပျောက်ပျက်အောင် လုပ်ပေးတယ် တကယ်လို့ပျက်စီးသွားရင်လဲ ပြန်ပို့ပေးတယ် (reliability)။ Destination Machine ကို Packet တွေရောက်သွားရင် packet တွေကို ပြန်စီပေးတယ် (reassemble)။

3) Network Layer က လုပ်ပေးတာတွေက

  1. Logical Addressing : Transport Layer ကလာတဲ့ packet တွေကို ပို့မဲ့ စက်က အပို့ခံရမဲ့ စက်ရဲ့ လိပ်စာ (Address) တစ်နည်းအားဖြင့် identity ကိုသိဖို့လိုသလို လက်ခံရရှိမဲ့စက်ကလဲ ဘယ်စက်က (ဘယ်သူ့ဆီက) ပို့လိုက်လဲဆိုတာကိုသိဖို့လိုတယ်။ အဲ့ဒီအတွက် network layer က addressing ကိုလုပ်ဆောင်ပေးတယ်။

  2. Path Determination : တစ်ခုထက်ပိုတဲ့ network တွေ (example, Internet ) ကို packet တွေပို့ဖို့ အတွက်ဆိုရင် ကြားထဲမှာရှိတဲ့ network တွေကိုဖြတ်သွားချင်သွားရမယ်။ အဲ့ဒီလို ဖြတ်သွားဖို့အတွက် အစမှအဆုံး အကောင်းဆုံး လမ်းကြောင်းတွေကို ရှာဖွေပေးတယ်။

  3. Routing (Forwarding) : ရှာပြီးတဲ့လမ်းကြောင်းပေါ်မှာ packet တွေကိုပို့တယ်။

2) Data Link Layer က physical layer ကလက်ခံနိုင်တဲ့ ပုံစံ frame တွေကိုပြောင်းပေးတယ် (Packet Framing)။ ဥပမာ physical Interface က Network Card ဆိုပါစို့ Local Area Network အတွက်ဆို ဒီနေ့ အသုံးအများဆုံး NIC က Ethernet Standard ပါ။ Network Layer ကလာတဲ့ packet တွေကို Ethernet Header and trailor တပ်ပေးပြီး Ethernet Frame လုပ်လိုက်တယ်။ ဒီနေရာမှာ Ethernet က Data Link Layer ပါ။ တခြား Data Link Standard တွေလည်းရှိပါသေးတယ်၊ တကယ်လို့ physical interface က modem ဖြစ်မယ်ဆိုရင် Data Link layer ကဖုန်းလိုင်းပေါ်မှာသွားတဲ့ PPP (Point to Point Protocol) ဖြစ်သွားပြီ။ Data link layer မှာ error detection အမှားစစ်ဆေးပေးနိုင်တဲ့ function ၊ flow control function တွေပါတယ်။

1) Physical Layer က transmission medium တွေနဲ့ဆိုင်ပါတယ်။ cable တွေ Interface တွေ ပေါ်မှာဘယ်လို transmit လုပ်မယ် Fiber သုံးရင် optical transmission နဲ့သွားမယ်။ Copper ဆိုရင် electrical transmission နဲ့သွားမယ် စသဖြင့်ပေါ့။

မှတ်ချက်။ ။ OSI 7 Layers ဟာ Computing System တွေကြား မှာ ချိတ်ဆက် ဆောင်ရွက်ပုံ နှင့် ဆက်သွယ် အလုပ်လုပ်ပုံတွေ ကို အခြေခံကျကျ နားလည်အောင် ရေးသားထားတဲ့ Conceputual Model တစ်ခုသာ ဖြစ်ပါတယ်။ OSI 7 Layers အမည်နဲ့ လက်တွေ့သုံးလို့ရတဲ့ protocol ကို implement မလုပ်ထားပါ။

လက်တွေ့ အသုံးပြုနေတဲ့ TCP/IP Protocol Suite အကြောင်းကို ဆက်လက် ရေးသားပေးပါဦးမယ်။

Z
Zaw Paing1y ago

nice

A

Thanks For Knowledge sharing Sir.

10
Z

Thanks for your sharing and I have new knowledge from this article.

4
Y

I like it. I appreciate the writer. Thanks, Sir.

4

Networking

Part 6 of 6

In this series, we will share about networking contents.

Start from the beginning

TCP/IP - Part 5

IP Address Summary

More from this blog

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read172
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read234
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read272
How to connect On Premises Network and Cloud (AWS)? (Part-1)

Accessibility for Designer

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

Nov 21, 20253 min read75
Accessibility for Designer

VPC Endpoint

အားလုံးဘဲ မင်္ဂလာပါ။ ဒီနေ့ sharing လုပ်ပေးချင်တာကတော့ VPC Endpoint အကြောင်းဘဲဖြစ်ပါတယ်။ VPC Endpoint ဆိုတာ VPC နဲ့ AWS services တွေ ကို public Internet ကို အသုံးမပြုဘဲနဲ့ Privately connect လုပ်ပေးတာ ဖြစ်ပါတယ်။ Internet Gateway, NAT Gateway နဲ့ Public...

Nov 18, 20252 min read101
VPC Endpoint
M

Myanmar Technical Blog

108 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...