OSI 7 Layers

OSI 7 Layers

အမျိုးအစားမတူညီတဲ့ Computer တွေကို network ချိတ်ရာမှာ တူညီတဲ့စံနှုန်းသတ်မှတ်ချက် (Standard) မရှိဘူးဆိုရင် ချိတ်ဆက်လို့မရနိုင်ပါဘူး။ ဥပမာ Apple နဲ့ IBM ချိတ်ဆက်မယ် ပြဿနာတက်မယ် ဘာလို့လဲဆိုတော့ Apple network တွေအတွက်က AppleTalk သုံးတယ် IBM က SNA သုံးတယ် standard ချင်းမတူဘူး။ ဒါ့ကြောင့် ချိတ်ဆက်လို့မရဘူး။

အဲ့ဒီအတွက် ISO (International Organization for Standardization) က မတူညီတဲ့ Computer Hardware တွေ Operation System Platform တွေကိုအချင်းချင်းချိတ်ဆက်နိုင်အောင်လို့ တူညီတဲ့ (Common Standard) ဘုံ စံသတ်မှတ်ချက်တစ်ခု ကိုထုတ်လိုက်တယ်။ အဲဒါဟာ OSI (Open System Interconnection) ပါပဲ။ OSI ကို layer 7 ခုခွဲထားတယ်။

အဲ့ဒါတွေကတော့ -

7) Application Layer က network ပေါ်မှာသုံးတဲ့ software တွေကြားက interface အဖြစ်ဆောင်ရွက်ပေးတဲ့ Protocol layer ပဲဖြစ်တယ်။ ဥပမာ File Transer Application အတွက်ဆိုရင် FTP (File Transfer Protocol) ၊ Web browsing အတွက်ဆိုရင် HTTP (Hyper Text Transfer Protocol) ၊ E-mail အတွက်ဆိုရင် SMTP (Simple Mail Transfer Protocol) POP3 (Post Office Protocol version 3) ၊ စသဖြင့် ရှိတယ်။

6) Presentation Layer ကဘာလုပ်ပေးလဲ ကြည့်ရအောင်။ Network ပေါ်မှာ Information တွေကဖောင်းပွနေတယ် တစ်နည်းအားဖြင့် ကြီးမားနေတယ်ပေါ့။ အဲဒီတော့ ပို့တဲ့နေရာမှာ အချိန်တွေပိုကြာနိုင်တယ်။ Presentation Layer က အဲ့ဒီ ဖောင်းပွနေတဲ့ information တွေကိုချုံ့ပေးတယ် "Compression" ။ Network ပေါ်မှာ ပို့ပြီး Destination Machine ကိုရောက်သွားပြီဆိုရင် ချုံ့ထားတာတွေကိုပြန်ချဲ့မယ် နဂိုအတိုင်းပြန်ဖြစ်အောင်လုပ်မယ် "Decompression" ။ ပြီးတော့ information တွေမလုံခြုံဘူး ဝှက်မယ် "Encryption" ။ Network ပေါ်မှာ ပို့ပြီး Destination Machine ကိုရောက်သွားပြီဆိုရင် ပြန်ဖော်မယ် "Decryption" ။ Network ပေါ်မှာက platform မတူညီတဲ့ machine တွေရှိနိုင်တယ် ဥပမာ EBCDIC machine code ကိုသုံးတဲ့ Mainframe Computer တွေနဲ့ ASCII machine code သုံးတဲ့ Intel PC တွေချိတ်မယ် Presentation Layer က Code conversion ကိုလုပ်ဆောင်ပေးပါတယ်။ အချူပ်ဆိုရရင် Presentation Layer ကလုပ်ပေးတာ

  1. Compression/Decompression

  2. Encryption/Decryption

  3. Code Conversion

5) Session Layer က connection လမ်းကြောင်း ကိုတည်ဆောက်တယ် (Establish)၊ ပြီးရင် information transfer အဲဒါကို မပြတ်သွားအောင်လို့ ထိန်းသိမ်းတယ် (Maintain)၊ နောက်ဆုံး transfer ပြီးသွားပြီဆိုတာနဲ့ဖြတ်ချတယ် (Release)။ Session Layer ကလုပ်ပေးတဲ့ နောက်တစ်ခု "Dialog Management" က connection ဆောက်နေတဲ့အချိန်ဆိုရင် ဆောက်နေတဲ့အကြောင်း၊ ဆောက်ပြီးလို့ information transfer လုပ်နေတဲ့ အချိန်မှာလဲ ဘယ်လောက်ပြီးနေပါပြီ စတဲ့အခြေအနေတွေကို Dialog လေးတွေနဲ့ အကြောင်းပြန်ကြားပေးတယ်။

4) Transport Layer က ပို့မဲ့ information တွေကို packet တွေအဖြစ်ထုတ်ပိုးပေးတယ် (Packetization)။ ပြီးတော့ transfer လုပ်နေတဲ့ packet တွေကိုမပျက်စီး မပျောက်ပျက်အောင် လုပ်ပေးတယ် တကယ်လို့ပျက်စီးသွားရင်လဲ ပြန်ပို့ပေးတယ် (reliability)။ Destination Machine ကို Packet တွေရောက်သွားရင် packet တွေကို ပြန်စီပေးတယ် (reassemble)။

3) Network Layer က လုပ်ပေးတာတွေက

  1. Logical Addressing : Transport Layer ကလာတဲ့ packet တွေကို ပို့မဲ့ စက်က အပို့ခံရမဲ့ စက်ရဲ့ လိပ်စာ (Address) တစ်နည်းအားဖြင့် identity ကိုသိဖို့လိုသလို လက်ခံရရှိမဲ့စက်ကလဲ ဘယ်စက်က (ဘယ်သူ့ဆီက) ပို့လိုက်လဲဆိုတာကိုသိဖို့လိုတယ်။ အဲ့ဒီအတွက် network layer က addressing ကိုလုပ်ဆောင်ပေးတယ်။

  2. Path Determination : တစ်ခုထက်ပိုတဲ့ network တွေ (example, Internet ) ကို packet တွေပို့ဖို့ အတွက်ဆိုရင် ကြားထဲမှာရှိတဲ့ network တွေကိုဖြတ်သွားချင်သွားရမယ်။ အဲ့ဒီလို ဖြတ်သွားဖို့အတွက် အစမှအဆုံး အကောင်းဆုံး လမ်းကြောင်းတွေကို ရှာဖွေပေးတယ်။

  3. Routing (Forwarding) : ရှာပြီးတဲ့လမ်းကြောင်းပေါ်မှာ packet တွေကိုပို့တယ်။

2) Data Link Layer က physical layer ကလက်ခံနိုင်တဲ့ ပုံစံ frame တွေကိုပြောင်းပေးတယ် (Packet Framing)။ ဥပမာ physical Interface က Network Card ဆိုပါစို့ Local Area Network အတွက်ဆို ဒီနေ့ အသုံးအများဆုံး NIC က Ethernet Standard ပါ။ Network Layer ကလာတဲ့ packet တွေကို Ethernet Header and trailor တပ်ပေးပြီး Ethernet Frame လုပ်လိုက်တယ်။ ဒီနေရာမှာ Ethernet က Data Link Layer ပါ။ တခြား Data Link Standard တွေလည်းရှိပါသေးတယ်၊ တကယ်လို့ physical interface က modem ဖြစ်မယ်ဆိုရင် Data Link layer ကဖုန်းလိုင်းပေါ်မှာသွားတဲ့ PPP (Point to Point Protocol) ဖြစ်သွားပြီ။ Data link layer မှာ error detection အမှားစစ်ဆေးပေးနိုင်တဲ့ function ၊ flow control function တွေပါတယ်။

1) Physical Layer က transmission medium တွေနဲ့ဆိုင်ပါတယ်။ cable တွေ Interface တွေ ပေါ်မှာဘယ်လို transmit လုပ်မယ် Fiber သုံးရင် optical transmission နဲ့သွားမယ်။ Copper ဆိုရင် electrical transmission နဲ့သွားမယ် စသဖြင့်ပေါ့။

မှတ်ချက်။ ။ OSI 7 Layers ဟာ Computing System တွေကြား မှာ ချိတ်ဆက် ဆောင်ရွက်ပုံ နှင့် ဆက်သွယ် အလုပ်လုပ်ပုံတွေ ကို အခြေခံကျကျ နားလည်အောင် ရေးသားထားတဲ့ Conceputual Model တစ်ခုသာ ဖြစ်ပါတယ်။ OSI 7 Layers အမည်နဲ့ လက်တွေ့သုံးလို့ရတဲ့ protocol ကို implement မလုပ်ထားပါ။

လက်တွေ့ အသုံးပြုနေတဲ့ TCP/IP Protocol Suite အကြောင်းကို ဆက်လက် ရေးသားပေးပါဦးမယ်။