Class A | |
Range of 1st Octet | 1 to 126 |
Default Subnet Mask | 255.0.0.0 |
Number of Networks | 126 |
Number of Hosts | 16,777,214 |
Class B | |
Range of 1st Octet | 128 to 191 |
Default Subnet Mask | 255.255.0.0 |
Number of Networks | 16,384 |
Number of Hosts | 65,534 |
Class C | |
Range of 1st Octet | 192 to 223 |
Default Subnet Mask | 255.255.255.0 |
Number of Networks | 2,097,152 |
Number of Hosts | 16,777,214 |
Local Loop Back
127.0.0.0 ဆိုတဲ့ address ကို network မှာအသုံးမပြုပါဘူး။ Network Equipment တွေရဲ့ local loop back address အဖြစ်အသုံးပြုပါတယ်။
Private IP Addresses
Class A - 10.0.0.0 to 10.255.255.255
Class B - 172.16.0.0 to 172.31.255.255
Class C - 192.168.0.0 to 192.168.255.255
Private Address တွေကို Internet ပေါ်မှာမသုံးပါဘူး။
တစ်နည်းအားဖြင့် Internet ပေါ်မှာ routing မလုပ်ပါဘူး (Internet ပေါ်မှာသွားနေတဲ့ packet တွေမှာ private address ကိုမသုံးဘူး) ။
Private Address တွေကို Internet မချိတ်ဆက်ထားတဲ့ Network တွေ Internet နဲ့တိုက်ရိုက်မချိတ်ဆက်ထားတဲ့ Network တွေ မှာအသုံးပြုတယ်။
Public IP Addresses
Local Loop back Address ရယ် Private Address တွေရယ်ကလွဲပြီး ကျန်တဲ့ Class A,B,C IP Address တွေအားလုံး ဟာ Public IP Address တွေဖြစ်တယ်။
Internet နဲ့တိုက်ရိုက်ချိတ်ဆက်မယ့် Equipments တွေ Computer တွေဟာ public IP address ကိုအသုံးပြုရပါမယ်။
Public IP Address တွေဟာ Internet ပေါ်မှာ routing လုပ်ပါတယ်။
နိုင်ငံအသီးသီးအတွက် အသုံးပြုနိုင်တဲ့ Public Address တွေကို Internet Assigned Numbers Authority (IANA) ကသက်မှတ်ပေးပါတယ်။
Google မှာ "Myanmar Public IP Addresses" လို့ရှာကြည့်ပါ။ မြန်မာနိုင်ငံ အတွင်းမှာ သုံးလို့ရတဲ့ Public IP address တွေကို တွေ့ပါလိုက်မယ်။
Myanmar Public IP Address -> https://lite.ip2location.com/myanmar-ip-address-ranges?lang=en_US
Subnetting, Routing, Switching, Security, ... စတဲ့ Networking ဘာသာရပ်မှာပါတဲ့ အဆင့်မြင့်ပိုင်းတွေ ကို အင်တာနက်မှာ ကိုယ့်ဘာ့သာ Explore လုပ်ပြီး ဆက်လေ့လာသွားလို့ရပါတယ်။
Software Developer တွေအတွက် Knowledge ပိုင်းလောက်သိဖို့ ရည်ရွယ်ပြီးရေးတာ ဖြစ်တဲ့အတွက် ဒီမှာပဲ TCP/IP အကြောင်းရေးတာ ရပ်ထားပါတော့မယ်။
အများအတွက် Share ပေးဖို့ ပြန်ရေးရတဲ့အခါ၊ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်က လေ့လာခဲ့တဲ့ ဘာသာရပ်ကို ကိုယ်တိုင် စာပြန်ဖတ်ခွင့် ရတာကြောင့် လေ့လာ ဖတ်ရှုသူ အားလုံးကို ကျေးဇူးတင်ပါတယ်။
Aung Kyaw Minn | Head of Technology
Onenex