# TCP/IP - Part 4

**IPv4 Classification (ဖွဲ့စည်းပုံ)**

0.0.0.0 ကနေ 255.255.255.255 ထိရှိတဲ့ IP Address တွေကို A, B, C, D, E ဆိုပြီး Class 5 မျိုးခွဲထုတ်ထားတယ်။ IP address မှာ 0.0.0.0 နဲ့ 255.255.255.255 နှစ်ခုကိုမသုံးပါဘူး။

| IP | Range |

| **Class A** | **1.0.0.0** to **126.255.255.255** |
| **Class B** | **128.0.0.0** to **191.255.255.255** |
| **Class C** | **192.0.0.0** to **223.255.255.255** |
| **Class D** | **224.0.0.0** to **243.255.255.255** |
| **Class E** | **244.0.0.0** to **254.255.255.255** |

* တကယ်တမ်း Address အဖြစ် အသုံးပြု နိုင်တဲ့ class တွေက A, B and C ပါ။

* Class D ကို Multicast address အဖြစ်အသုံးပြုပါတယ်။

* Class E က emergency future use အတွက် ဖယ်ထားတာပါ။

**Subnet Mask**

* IP Address တွေမှာ Network  အပိုင်းနဲ့ Host  အပိုင်း ဆိုပြီးခွဲခြားထားတယ်။

* Host တွေပါဝင်တဲ့ အစုတစ်ခုကို Network လို့ခေါ်တယ်။

* Subnet Mask ကို Network နဲ့ host ခွဲခြားဖို့အတွက်သုံးတယ်။

**Default Subnet Mask**

* IP Class A, B, C အတွက် ပုံမှန်အားဖြင့် သတ်မှတ်ထားတဲ့ Subnet Mask တွေဖြစ်တယ်။

* Default Subnet တွေမှာ IP Address တစ်ခုရဲ့ Network အပိုင်းကိုဖော်ပြဖို့အတွက် 255 (binary 11111111) ကိုအသုံးပြုတယ်။

* Host အပိုင်းကိုဖော်ပြဖို့အတွက် 0 (binary 00000000) ကိုအသုံးပြုတယ်။

**Class A - Default Subnet Mask**

* Class A မှာဆို ပထမ octet ကို Network အဖြစ်သတ်မှတ်တယ်။

* ကျန်တဲ့ octet ၃ ခုက host တွေဖြစ်တယ်။

* Class A ရဲ့ Default Subnet Mask က 255.0.0.0 ဖြစ်တယ်။

* First octet 1 ကနေ 126 အပါအဝင်ထိ IP Address တွေရဲ့ Default Subnet Mask က 255.0.0.0 ဖြစ်တယ်။

* 1.0.0.3 ဆိုတဲ့ Class A IP Address မှာ အရှေ့ဆုံးက 1 က network ကို ကိုယ်စားပြုတယ်။

* “1” ကို network ဖြစ်ကြောင်းဖော်ပြဖို့အတွက် Subnet mask 255.0.0.0 ကိုသုံးတယ်။

* “1” network အတွင်းမှာရှိသော “0.0.3” ဆိုတဲ့ host လို့ဆိုနိုင်တယ်။

**Class B - Default Subnet Mask**

* Class B မှာ ပထမနဲ့ ဒုတိယ octet နှစ်ခုကို Network အဖြစ်သတ်မှတ်တယ်။

* ကျန်တဲ့ octet ၂ ခုက host တွေဖြစ်တယ်။

* Class B ရဲ့ Default Subnet Mask က 255.255.0.0 ဖြစ်တယ်။

* 135.1.23.5 ဆိုတဲ့ Class B IP Address မှာ အရှေ့က octet နှစ်ခုဖြစ်တဲ့ 135.1 ဟာ network ကို ကိုယ်စားပြုတယ်။

* “135.1” ကို network ဖြစ်ကြောင်းဖော်ပြဖို့အတွက် Subnet mask 255.255.0.0 ကိုသုံးတယ်။

* “135.1” network အတွင်းမှာရှိသော “23.5” ဆိုတဲ့ host လို့ဆိုနိုင်တယ်။

**Class C - Default Subnet Mask**

* Class C Default Subnet Mask Class C ရဲ့ ပထမ၊ ဒုတိယ နဲ့ တတိယ octet သုံးခုကို Network အဖြစ်သက်မှတ်တယ်။

* ကျန်တဲ့ octet ၁ ခုက host ဖြစ်တယ်။

* Class C ရဲ့ Default Subnet Mask က 255.255.255.0 ဖြစ်တယ်။

* 203.81.71.100 ဆိုတဲ့ Class C IP Address မှာ အရှေ့က octet သုံးခုဖြစ်တဲ့ 203.81.71 ဟာ network ကို ကိုယ်စားပြုတယ်။

* “203.81.71” ကို network ဖြစ်ကြောင်းဖော်ပြဖို့အတွက် Subnet Mask 255.255.255.0 ကိုသုံးတယ်။

* “203.81.71” network အတွင်းမှာရှိသော “100” ဆိုတဲ့ host လို့ဆိုနိုင်တယ်။

**Network and Broadcast Address**

* IP Address တစ်ခုမှာ host အပိုင်းရဲ့ bit တွေအားလုံး 0  ဖြစ်နေတဲ့ Address ကို Network Address  လို့ခေါ်တယ်။

* IP Address တစ်ခုမှာ host အပိုင်းရဲ့ bit တွေအားလုံး 1 ဖြစ်နေတဲ့ Address ကို အဲ့ဒီ Network ရဲ့ Broadcast Address  လို့ခေါ်တယ်။

IP Address

1.24.1.5

00000001.00011000.00000001.00000101

Subnet Mask

255.0.0.0

11111111.00000000.00000000.00000000

Network Address

1.0.0.0

00000001.00000000.00000000.00000000

Broadcast Address

1.255.255.255

00000001.11111111.11111111.11111111

IP Address နဲ့ Subnet Mask ရဲ့ bit တွေကို AND operation လုပ်လိုက်ရင် Network Address ရတယ်။

TCP/IP - Part 5 မှာ ဆက်လက် ရေးသား ပေးပါဦးမယ်။