Skip to main content

Command Palette

Search for a command to run...

It သမားဖြစ်ချင်ပါသလား ?​ ဒီပို့စ်ကို ဖတ်ကြည့်လိုက်ပါ။

Published
2 min readView as Markdown
It သမားဖြစ်ချင်ပါသလား ?​ ဒီပို့စ်ကို ဖတ်ကြည့်လိုက်ပါ။
K

I am a DevOps, Cloud Solution Architect from Myanmar who love to write blogs and create youtube content for our young generation people.

လူတိုင်း Cloud Architect, DevOps ဖြစ်နိုင်လား?​

Passion ရှိတဲ့လူတိုင်းဖြစ်နိုင်ပါတယ်။

ဒီလိုပဲ လူတိုင်း Programmer, Software Engineer ဖြစ်နိုင်လား?​

ဒီအဖြေပဲ ပြန်ဖြေရမှာပါပဲ။​

ဒါပေမယ့် အခုနောက်ပိုင်းတွေ့နေရတာတွေကတော့

သူများတွေ အဆင်ပြေလို့ ပိုက်ဆံရလို့ IT ပိုင်းလိုက်ချင်တယ်ဆိုတာမျိုးတွေ တွေ့နေရတယ်။​ ဒါကလည်း IT သမားတွေက အဲကွန်းခန်းထဲနေပြီး ပိုက်ဆံရနေတယ်ဆိုတဲ့ အမြင်တွေပဲ သိကြလို့လဲ ပါမှာပါ။ အပြစ်ပြောလိုချင်းတော့မဟုတ်ပေမယ့်

IT သမားတစ်ယောက်ဖြစ်လာဖို့

- ၁ နဲ့ ၁ နဲ့ပေါင်းရင် ၂ မဖြစ်ရပါဘူး ၁၀ ဖြစ်တာကို လက်ခံရနိုင်ရပါမယ်

🙂

(Just kidding :P)

-အချိန်တွေပေးရပါတယ် ကွန်ပျူတာကို ချစ်တတ်ရပါလိမ့်မယ်။ ( ရည်းစားမျက်နှာနဲ့ ကွန်ပျူတာ screen ဆို ကွန်ပျူတာ screen ကို ကြည့်နေရတဲ့ အချိန်က ပိုများပါလိမ့်မယ်)

- ခေါင်းအင်မတန်ခြောက်ပါတယ်။ (ခေါင်းခဏခဏ ကုတ်ရတဲ့အတွက် ဗောက်တွေရှိရင် ကွန်ပျူတာက ကီးဘုတ်ပေါ် ဗောက်တွေကြီးပါပဲ)

- အသစ်အသစ်တွေကိုလေ့လာဖို့လိုပါတယ်။ (မလေ့လာပါ က နောက်ကောက်ကျသွားမှာပါ၊ နည်းပညာအသစ်တွေက နေ့တိုင်းထွက်နေတာပါ၊ မိမိက မလေ့လာနိုင်ရင် နောက်ကောက်ကျပါလိမ့်မယ်)

- English စာကောင်းဖို့လိုပါတယ်။ (မကောင်းပါက လေ့လာရာတွင် အခက်အခဲကြုံနိုင်ပြီး communitcation လုပ်ရတွင်လည်း အခက်အခဲ ဖြစ်စေနိုင်ပါတယ်)

- Pressure အောက်မှာ အလုပ်လုပ်နိုင်ရပါမ​ယ်။ ( လူအများအမြင်မှာတော့ Pressure မရှိဘူးလို့ ထင်နိုင်သော်လည်း IT သမားတွေမှာ Deadlines နားနီးတဲ့ Pressure , Sprints ပိတ်တော့မှာဖြစ်လို့ မပြီးသေးတဲ့ Tasks တွေအတွက် Pressure တွေ များစွာသော Pressure ရှိပါတယ်)

- Self Study ကောင်းဖို့လိုပါတယ်။ ( သင်တန်းတွေ လိုက်တတ်နေရုံနဲ့တော့ နေရာတခုရဖို့ဆိုတာ လွယ်ကူလှတာ မဟုတ်ပါဘူး၊ မိမိအနေနဲ့ လိုအပ်တဲ့ ဝမ်းစာတွေကို ဖြည့်နိုင်မှသာ အလုပ်တခုရဖို့ လွယ်ပါလိမ့်မယ်​ ဒါကြောင့် Self-study က အရေးကြီးပါတယ်)

အရေးကြီးဆုံးကတော့ "စိတ်ပါဝင်စားမှု ၊ စိတ်အားထက်သန်မှု ၊​ အချိန်ပေးနိုင်မှု" ပါပဲ

အထက်မှာ ပြောသွားတာတွေကတော့ ဆောင်ရန်တွေဖြစ်ပြီး

အောက်မှာ ပြောချင်တာကတော့ ရှောင်ရန်ပါ

- မိမိအနေဖြင့် သင်တန်းတက်ရုံ ဖြင့် IT သမားဖြစ်မယ်လို့ မယူဆသင့်ပါဘူး(သင်တန်းကို အထောက်အကူဖြစ်သာ အားကိုးသင့်ပါတယ်)

- IT သမားဖြစ်လိုက်တာနဲ့ ဘဝကြီးက သာယာသွားပြီလို့ မယူဆပါနဲ့။​(အထူးသဖြင့် အလွယ်လိုက်ချင်လို့ IT သမားမဖြစ်ချင်ပါနဲ့)​

- နိုင်ငံခြားမှာ အလုပ်ရဖို့လွယ်တယ် ဒါကြောင့် IT ပိုင်းလိုက်မယ်လို့ စိတ်မကူးပါနဲ့ ( သင့်လိုပဲ နိုင်ငံခြားမှာ IT အလုပ်လုပ်ဖို့ ပြင်ဆင်နေကြတဲ့သူတွေ အများကြီးရှိပြီး သင့်အနေနဲ့ ပိုမို အားစိုက် ဝါသနာပါမှာသာ သူတို့ထက် သာမှာဖြစ်ပါတယ်)

အထူးအကြံပေးချက်

IT နဲ့ပတ်သတ်ပြီး စိတ်ပါမပါကို မိမိကိုယ်ကို အရင်စမ်းစစ်ကြည့်ပါ

(ဥပမာ - DevKTOps ရဲ့ youtube video တွေကိုသွားကြည့်ပါ - ဒါက ဒဲ့ကြေညာတာပါ :p)

စတာပါ IT နဲ့ ပတ်သတ်တဲ့ အခြေခံ စာအုပ်လေးတွေဖတ်ကြည့်ပါ

ဥပမာ Developer ဖြစ်ချင်တဲ့သူတွေအနေနဲ့ HTML, CSS, Python Basic လောက် လိုက်လုပ်ကြည့်ပါ။

DevOps, Cloud, Platform Engineer ဖြစ်ချင်တဲ့သူတွေအတွက် Linux ကိုစလေ့လာကြည့်ပါ

ဒါတွေ အပြင် အထိကတော့ Programming Logic, Flow chat, Binary, Decimal, etc... များစွာသော computer basic တွေကို အနည်းဆုံး စမ်းကြည့် ဖတ်ကြည့် စိတ်ဝင်စားလားဆိုတာကို ဆုံးဖြတ်ပြီးတော့ သာ

IT လမ်းကြောင်းကို လျောက်လှမ်းဖို့ အကြံပေးပါတယ်ခဗျာ....

DevKTOps

#DevKTOps #IT #MyanmarIT

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read86
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read218
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read264
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read301
How to connect On Premises Network and Cloud (AWS)? (Part-1)

Accessibility for Designer

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

Nov 21, 20253 min read88
Accessibility for Designer
M

Myanmar Technical Blog

109 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...