# It သမားဖြစ်ချင်ပါသလား ?​ ဒီပို့စ်ကို ဖတ်ကြည့်လိုက်ပါ။

လူတိုင်း Cloud Architect, DevOps ဖြစ်နိုင်လား?​

Passion ရှိတဲ့လူတိုင်းဖြစ်နိုင်ပါတယ်။

ဒီလိုပဲ လူတိုင်း Programmer, Software Engineer ဖြစ်နိုင်လား?​

ဒီအဖြေပဲ ပြန်ဖြေရမှာပါပဲ။​

ဒါပေမယ့် အခုနောက်ပိုင်းတွေ့နေရတာတွေကတော့

သူများတွေ အဆင်ပြေလို့ ပိုက်ဆံရလို့ IT ပိုင်းလိုက်ချင်တယ်ဆိုတာမျိုးတွေ တွေ့နေရတယ်။​ ဒါကလည်း IT သမားတွေက အဲကွန်းခန်းထဲနေပြီး ပိုက်ဆံရနေတယ်ဆိုတဲ့ အမြင်တွေပဲ သိကြလို့လဲ ပါမှာပါ။ အပြစ်ပြောလိုချင်းတော့မဟုတ်ပေမယ့်

IT သမားတစ်ယောက်ဖြစ်လာဖို့

\- ၁ နဲ့ ၁ နဲ့ပေါင်းရင် ၂ မဖြစ်ရပါဘူး ၁၀ ဖြစ်တာကို လက်ခံရနိုင်ရပါမယ်

![🙂](https://static.xx.fbcdn.net/images/emoji.php/v9/teb/2/16/1f642.png align="left")

(Just kidding :P)

\-အချိန်တွေပေးရပါတယ် ကွန်ပျူတာကို ချစ်တတ်ရပါလိမ့်မယ်။ ( ရည်းစားမျက်နှာနဲ့ ကွန်ပျူတာ screen ဆို ကွန်ပျူတာ screen ကို ကြည့်နေရတဲ့ အချိန်က ပိုများပါလိမ့်မယ်)

\- ခေါင်းအင်မတန်ခြောက်ပါတယ်။ (ခေါင်းခဏခဏ ကုတ်ရတဲ့အတွက် ဗောက်တွေရှိရင် ကွန်ပျူတာက ကီးဘုတ်ပေါ် ဗောက်တွေကြီးပါပဲ)

\- အသစ်အသစ်တွေကိုလေ့လာဖို့လိုပါတယ်။ (မလေ့လာပါ က နောက်ကောက်ကျသွားမှာပါ၊ နည်းပညာအသစ်တွေက နေ့တိုင်းထွက်နေတာပါ၊ မိမိက မလေ့လာနိုင်ရင် နောက်ကောက်ကျပါလိမ့်မယ်)

\- English စာကောင်းဖို့လိုပါတယ်။ (မကောင်းပါက လေ့လာရာတွင် အခက်အခဲကြုံနိုင်ပြီး communitcation လုပ်ရတွင်လည်း အခက်အခဲ ဖြစ်စေနိုင်ပါတယ်)

\- Pressure အောက်မှာ အလုပ်လုပ်နိုင်ရပါမ​ယ်။ ( လူအများအမြင်မှာတော့ Pressure မရှိဘူးလို့ ထင်နိုင်သော်လည်း IT သမားတွေမှာ Deadlines နားနီးတဲ့ Pressure , Sprints ပိတ်တော့မှာဖြစ်လို့ မပြီးသေးတဲ့ Tasks တွေအတွက် Pressure တွေ များစွာသော Pressure ရှိပါတယ်)

\- Self Study ကောင်းဖို့လိုပါတယ်။ ( သင်တန်းတွေ လိုက်တတ်နေရုံနဲ့တော့ နေရာတခုရဖို့ဆိုတာ လွယ်ကူလှတာ မဟုတ်ပါဘူး၊ မိမိအနေနဲ့ လိုအပ်တဲ့ ဝမ်းစာတွေကို ဖြည့်နိုင်မှသာ အလုပ်တခုရဖို့ လွယ်ပါလိမ့်မယ်​ ဒါကြောင့် Self-study က အရေးကြီးပါတယ်)

အရေးကြီးဆုံးကတော့ "စိတ်ပါဝင်စားမှု ၊ စိတ်အားထက်သန်မှု ၊​ အချိန်ပေးနိုင်မှု" ပါပဲ

အထက်မှာ ပြောသွားတာတွေကတော့ ဆောင်ရန်တွေဖြစ်ပြီး

အောက်မှာ ပြောချင်တာကတော့ ရှောင်ရန်ပါ

\- မိမိအနေဖြင့် သင်တန်းတက်ရုံ ဖြင့် IT သမားဖြစ်မယ်လို့ မယူဆသင့်ပါဘူး(သင်တန်းကို အထောက်အကူဖြစ်သာ အားကိုးသင့်ပါတယ်)

\- IT သမားဖြစ်လိုက်တာနဲ့ ဘဝကြီးက သာယာသွားပြီလို့ မယူဆပါနဲ့။​(အထူးသဖြင့် အလွယ်လိုက်ချင်လို့ IT သမားမဖြစ်ချင်ပါနဲ့)​

\- နိုင်ငံခြားမှာ အလုပ်ရဖို့လွယ်တယ် ဒါကြောင့် IT ပိုင်းလိုက်မယ်လို့ စိတ်မကူးပါနဲ့ ( သင့်လိုပဲ နိုင်ငံခြားမှာ IT အလုပ်လုပ်ဖို့ ပြင်ဆင်နေကြတဲ့သူတွေ အများကြီးရှိပြီး သင့်အနေနဲ့ ပိုမို အားစိုက် ဝါသနာပါမှာသာ သူတို့ထက် သာမှာဖြစ်ပါတယ်)

အထူးအကြံပေးချက်

IT နဲ့ပတ်သတ်ပြီး စိတ်ပါမပါကို မိမိကိုယ်ကို အရင်စမ်းစစ်ကြည့်ပါ

(ဥပမာ - DevKTOps ရဲ့ youtube video တွေကိုသွားကြည့်ပါ - ဒါက ဒဲ့ကြေညာတာပါ :p)

စတာပါ IT နဲ့ ပတ်သတ်တဲ့ အခြေခံ စာအုပ်လေးတွေဖတ်ကြည့်ပါ

ဥပမာ Developer ဖြစ်ချင်တဲ့သူတွေအနေနဲ့ HTML, CSS, Python Basic လောက် လိုက်လုပ်ကြည့်ပါ။

DevOps, Cloud, Platform Engineer ဖြစ်ချင်တဲ့သူတွေအတွက် Linux ကိုစလေ့လာကြည့်ပါ

ဒါတွေ အပြင် အထိကတော့ Programming Logic, Flow chat, Binary, Decimal, etc... များစွာသော computer basic တွေကို အနည်းဆုံး စမ်းကြည့် ဖတ်ကြည့် စိတ်ဝင်စားလားဆိုတာကို ဆုံးဖြတ်ပြီးတော့ သာ

IT လမ်းကြောင်းကို လျောက်လှမ်းဖို့ အကြံပေးပါတယ်ခဗျာ....

DevKTOps

[#DevKTOps](https://www.facebook.com/hashtag/devktops?__eep__=6&__cft__[0]=AZU604rJE-TYJ7iCVxiBNrWJ5ZPhPsWsqRjthCGb6rulJ38L_pY62gxpldwKkIdiTvbEtRhprFnJDgdA3cbh-M14PlNIjrCFhVlcReNFZ_-OTd6oIb76MxZ-cEBnpQXJ3g9FeQtybOcIRhWCq5FnioF0&__tn__=*NK-R) [#IT](https://www.facebook.com/hashtag/it?__eep__=6&__cft__[0]=AZU604rJE-TYJ7iCVxiBNrWJ5ZPhPsWsqRjthCGb6rulJ38L_pY62gxpldwKkIdiTvbEtRhprFnJDgdA3cbh-M14PlNIjrCFhVlcReNFZ_-OTd6oIb76MxZ-cEBnpQXJ3g9FeQtybOcIRhWCq5FnioF0&__tn__=*NK-R) [#MyanmarIT](https://www.facebook.com/hashtag/myanmarit?__eep__=6&__cft__[0]=AZU604rJE-TYJ7iCVxiBNrWJ5ZPhPsWsqRjthCGb6rulJ38L_pY62gxpldwKkIdiTvbEtRhprFnJDgdA3cbh-M14PlNIjrCFhVlcReNFZ_-OTd6oIb76MxZ-cEBnpQXJ3g9FeQtybOcIRhWCq5FnioF0&__tn__=*NK-R)
