How to Install Brew in M1 Chip Macbook

How to Install Brew in M1 Chip Macbook

Apple Silicon chip တွေမှာ brew install လုပ်တဲ့အခါ အောက်ပါအတိုင်း error လေးတွေရှိနေတတ်ပါတယ်။

ဒီလို error လေးတွေ မဖြစ်ရအောင် အောက်ပါအဆင့်တွေအတိုင်း Install လုပ်သွားလို့ရပါတယ်ခဗျာ

ပထမ ဦးစွာ -

xcode-select --install

နောက်ပြီး တော့

/usr/bin/ruby -e "$(curl -fsSL https://raw.githubusercontent.com/Homebrew/install/master/install)"

အောက်ပါ အတိုင်း ပေါ်လာခဲ့ပြီဆိုရင်တော့ ကျွန်တော်တို့ brew install လုပ်တာ အောင်မြင်သွားပြီလို့ ယူဆလို့ရပါတယ်ခဗျာ

သူ့မှာ ပြထားတဲ့အတိုင်းပဲ ကျွန်တော်တို့ terminal ကနေ အလွယ်တကူ ယူသုံးလို့ရအောင် အောက်ပါ command လေးတွေကို ရိုက်ပေးဖို့ မမေ့ကြပါနဲ့အုံးခဗျာ (folder name လေးကိုတော့ သူ့မှာ ပြတဲ့အတိုင်း ကော်ပီပြီးလုပ်ပေးနော်)

echo 'eval "$(/opt/homebrew/bin/brew shellenv)"' >> /Users/kaungthant/.zprofile

eval "$(/opt/homebrew/bin/brew shellenv)"

brew -v

ဆိုတဲ့ command လေးနဲ့လည်း ကိုယ့်ရဲ့ brew version ကို စစ်ကြည့်လို့ရပြီး brew အလုပ်လုပ်လား မလုပ်လာကိုတော့

brew doctor

ဆိုတဲ့ command လေးနဲ့ စစ်လို့ရပါတယ်ဗျို့

မိမိကြိုက်နှစ်သက်ရာ install လုပ်လို့တဲ့ software, package များကို brew install ဆိုပြီးသာ သွင်းလိုက်ပါတော့ခဗျာ...