Skip to main content

Command Palette

Search for a command to run...

It သမားတစ်ယောက်ဖြစ်ဖို့...

Published
3 min readView as Markdown
It သမားတစ်ယောက်ဖြစ်ဖို့...
K

I am a DevOps, Cloud Solution Architect from Myanmar who love to write blogs and create youtube content for our young generation people.

ဒီရက်ပိုင်းမှာ ဒီ Topic က လူပြောများလို့ ကျွန်တော့်အနေနဲ့လည်း မိမိရဲ့ စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး ရေးချင်တာနဲ့ ရေးလိုက်ရတဲ့ ပို့စ်တခုဆိုရင်လည်း မမှားပါဘူး...

IT သမား IT သမား ကျွန်တော့်အမြင်တော့ လူတွေရဲ့အမြင်မှာ IT သမားဆိုပြီး ပိုသိသာစွာကွဲပြားလာတာ Covid ကာလကနေစတင်ပြီးလို့ ယူဆမိပါတယ်။ နောက်ပြီး Digital Banking တွေခေတ်စားလာပြီးနောက်မှာကတည်းက သိသာလာတယ်လို့လည်း ယူဆမိပါတယ်။

ဟိုးအရင်တုန်းကတော့ ကွန်ပျူတာ ကျောင်းတက်မနေဘူး အပြင်သင်တန်းတက်လိုက်တာနဲ့ စာစီစာရိုက်လုပ်လို့ရတာပဲဆိုတဲ့ များစွာသော အမြင်တွေကနေ တဖြည်းဖြည်းနဲ့ IT သမား IT Professional တွေဆိုတာ ဘာလဲဆိုတာ သိလာတယ်လို့လည်း ယူဆမိပါတယ်။ စာစီစာရိုက် professional များကို စော်ကားခြင်းမဟုတ်ပါ (ကွန်ပျူတာ ကျောင်းက စာစီစာရိုက်လောက်ပဲ သင်တယ်လို့ မြင်သူများကို ပြောခြင်းဖြစ်ပါတယ်)

ဒီဘက်ခေတ်မှာ ကွန်ပျူတာ ကျောင်းတက်မှာ IT ပညာရှင်, IT သမားဖြစ်တာတော့ မဟုတ်ပါဘူး။ မိမိကိုယ်တိုင် IT ကိုလေ့လာပြီး စိတ်ဝင်စားပါက ကွန်ပျူတာ ကျောင်းဆင်းတွေထက် ပိုထူးချွန်သည့် IT ပညာရှင်များစွာ မိမိတို့ နိုင်ငံမှာရှိပါတယ်။ ကျွန်တော်ကတော့ ကွန်ပျူတာ ကျောင်းဆင်းတစ်ယောက်ဖြစ်တာနဲ့ အညီ ကွန်ပျူတာကျောင်းမှာ ပို့ချလိုက်သည့် သီအိုရီများကို မိမိဘာသာလေ့လာရသည့်ထက် ပို့ချပေးသော ဆရာ/ဆရာမများကြောင့် မြန်မြန်ဆန်ဆန် လေ့လာနိုင်သည့် အားသာချက်တွေတော့ ရရှိတယ်လို့ ခံယူမိပါတယ်။ လက်တွေ့လုပ်ငန်းခွင်မှာ သီအိုရီတွေ သိထားမှုကြောင့် အသုံးချနိုင်မှုတွေ ပိုများတယ်လို့လည်း မြင်မိပါတယ်။ နောက်ထပ် အရေးကြီးတဲ့ တချက်ကတော့ မိမိကိုယ်တိုင် IT ဘာသာရပ်ကို မည့်မျှ နှစ်သက်သနည်းဆိုတာကပဲ ကျွန်တော့်တို့တွေရဲ့ လေ့လာမှုတွေမှာ ကွာခြားသွားတယ်လို့ မြင်မိပါတယ်။

မိမိအမြင်မှာတော့ profession ဆိုတဲ့အရာအောက်မှာ မတူကွဲပြားတဲ့ ပြသနာတွေရှိတယ်လို့ ယူဆပါတယ်။ ဘယ် profession ကမှ အခက်အခဲဆုံးဆိုတာမျိုးထက် မိမိရဲ့ profession မှာ professional တစ်ယောက်ဖြစ်နေဖို့က အရေးကြီးဆုံးလို့ မှတ်ယူထားလို့ဖြစ်ပါတယ်။ ဥပမာ ပေးရရင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတခုကို ပြောပြချင်ပါတယ်။ တခါက ကျွန်တော် ကိစ္စတခုရှိလို့ services တခုကိုသွားတဲ့အခါမှာ ကွန်ပျူတာက လက်ကွက်ကို လက်ညှိုးနှစ်ချောင်းနဲ့ပဲ ဟိုရိုက်ဒီရိုက်လုပ်နေတာမျိုးကို မြင်ခဲ့ဖူးပါတယ်။ စိတ်ထဲမှာတော့ လက်ကွက်အတိုင်းရိုက်ဖို့ ပြောလိုက်ချင်ပေမယ့် သေချာတာကတော့ သူတို့အနေနဲ့ သူတို့ပေးတဲ့ Services ကို ပြီးပြည့်စုံအောင်၊ မမှားအောင်၊ အရေးကြီးတာက လက်ကွက်ထက် သူတို့လုပ်ရမယ့် process မှန်ကန်ဖို့က အဓိက ဖြစ်တယ်ဆိုတာကို သွားမြင်မိပါတယ်။ ကွန်ပျူတာ သုံးပြီးလက်ကွက်တောင်မရိုက်တတ်ဘူးလားလို့ မေးရင် မြန်မာလက်ကွက်မရိုက်တတ်တဲ့ ကွန်ပျူတာ သမားတွေရှိတယ်ဆိုတာလည်း သိထားစေချင်ပါသေးတယ်။ (ဒါက ဘလိန်းခြင်းမဟုတ်ပါ၊ မိမိနှင့် မသက်ဆိုင်လို့ မသိနိုင်တာတွေရှိတတ်ကြောင်း ပြောချင်တာပါ)။ ထပ်လောင်းပြောချင်တာကတော့ မိမိတို့ရဲ့ Profession မှာ Professional ပီသဖို့က အဓိကဖြစ်ပါတယ်ဆိုတာပါပဲ။

ကဲဒီတော့ ကျွန်တော့်ရဲ့ ခေါင်းစဥ်က အခုမှ လာမှာပါ။ ကျွန်တော်အနေနဲ့ဆို IT မှာ ဟိုးစီနီ​ယာကြီးလည်းမဟုတ်သလို Junior လည်းမဟုတ်ပါဘူး အလယ်အလတ် လုပ်ငန်းခွင် ၅ နှစ်ကျော်သာ experience ရှိတဲ့ ကွန်ပျူတာကျောင်းဆင်း တစ်ယောက်ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော့်အကြောင်းကို ပြောပြထားနှင့်တာပါ။ အပွင့်အလင်းဆုံးပြောရရင် ကျွန်တော်တို့ရဲ့ IT Community ကို ဝင်ရောက်ဖို့ စိတ်အားထက်သန်ကြတဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်။ လူတွေစိတ်ဝင်စားမှုတွေရဲ့နောက်ကွယ်မှာ ကျွန်တော်တို့ Profession ကို တိတိကျကျသိလာကြတဲ့အတွက် ပိုပြီးဝမ်းသာမိပါတယ်။ မိဘတွေကလည်း ကိုယ့်သားသမီးကို IT နဲ့ ပတ်သတ်တာတွေလုပ်ဖို့ လေ့လာကြရင်း IT ပညာရှင်တွေဆိုတာ ဒီလိုမျိုးပါလားဆိုတာ ပိုပြီးသိနားလည်ကြလို့ ဝမ်းသာရမိပါတယ်။ IT ပညာရှင်လို့ပြောလိုက်ရင် အကျယ်ကြီးပါ, role တွေလည်းအရမ်းများသလို role တခုမှာတောင် ကွဲပြားချက်တွေအများကြီးပါပဲ။ ဒီဆောင်းပါးဆန်ဆန် ခံစားချက်တွေ ဖွင့်အံစဥ်မှာတော့ IT ပညာရှင်များလို့ပဲ ကျွန်တော် အသုံးပြုချင်ပါတယ်။

IT ကို လေ့လာရမှာ ညဏ်မှီတာ ညဏ်မမှီတာမျိုး ထက် လေ့လာဖို့ အချိန်ဘယ်လောက်ပေးလိုက်လဲ ပေးခဲ့လည်း ဘယ်လောက်ထိ အားစိုက်လည်းက ပိုပြီး အရေးကြီးပါတယ်။ မိမိအနေနဲ့ အခြားတစ်ယောက်က ၁၅ မိနစ်နဲ့ စာတပုဒ် ရရင် မိမိက ၁ နာရီ ကျက်မှ စာရတာမျိုးလည်းရှိတတ်ပါတယ်။​ ဒီလိုပါပဲ IT မှာလည်း အခြားတစ်ယောက်က Program တခုကို ၁ ရက်နဲ့ရေးနိုင်တယ် မိမိကတော့ ၃ ရက်လောက် ရေးလိုက်ရတယ်။ ဒါမျိုးတွေက ရှိနေမှာပါပဲ ဘာကြောင့်လဲဆို လူအယောက်စီတိုင်းရဲ့ ဖြစ်တည်မှုတွေက မတူလို့ပါပဲ။ အရေးကြီးတာက Consistency လို့ခေါ်တဲ့ စဥ်ဆက်မပြတ်လေ့လာမှုရှိဖို့ပါပဲ။ နောက်ထပ်အရေးကြီးတာတခုက ငါကရော ဒါတွေလုပ်ရတာပျော်ရဲ့လား ဝါသနာပါရဲ့လားဆိုတာပါပဲ။ ဒီတော့ ကျွန်တော့်အနေနဲ့ ထပ်လောင်းပြောချင်တာက ငါ ဒီ IT ပညာတွေလေ့လာရတာ ပျော်လား? ကွန်ပျူတာရှေ့မှာ အကြာကြီးနေရတာ ပျော်လား? နည်းပညာစာတွေအများကြီးဖတ်ရတာ ပျော်လား? များစွာသော "လား?" တွေကို မိမိဘာသာ စတင်ပြီး မေးကြည့်ပါ။ သင်တန်းတက်လို့ IT ပညာရှင်ဖြစ်လာတာ ကွန်ပျူတာကျောင်းဆင်းမို့ IT ပညာရှင် ဖြစ်လာတာထက် မိမိကိုယ်တိုင် စိတ်ပါဝင်စားမှု ကြောင့် IT ပညာရှင်ဖြစ်လာတာက ပိုပြီး သင်တို့ကို ထိရောက်စေတယ်လို့တော့ စာရေးသူ ထင်မြင်မိပါတယ်။

Profession တိုင်းမှာ အခက်အခဲဆိုတာ ရှိပါတယ်။ ဒီထဲမှာ အခက်အခဲဆုံးကတော့ Professional ပီသဖို့ပါပဲ။ ကျွန်တော့်အနေနဲ့ ကတော့ IT ကို လေ့လာကြမယ့် IT ပညာရှင်ဖြစ်လိုသူများကိုတော့ အောက်ပါ အကြံညဏ်လေးတွေ ထပ်လောင်းပြီး ပေးချင်ပါသေးတယ်။

  • မိမိ ကိုယ်ကို သိပါ (ဘာဖြစ်ချင်တာလဲ ကိုပေါ့လေ)

  • မိမိ ဖြစ်ချင်တဲ့ ပတ်ဝန်းကျင်မှာနေပါ (တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလောပေါ့)

  • စဥ်ဆက်မပြတ်လေ့လာနိုင်ဖို့ အားထုတ်ပါ​ (နည်းပညာအသစ်တွေ က တနေ့တမျိုးထွက်နေတာတွေဖြစ်တဲ့အတွက် လေ့လာနေမှ ရပါမယ်)

  • အခြေခံတွေ ကို အခြေခိုင်အောင် လေ့လာထားကြပါ

  • အစုအဖွဲ့နဲ့ လုပ်တတ်ဖို့ ပြင်ဆင်ထားပါ

  • ကွန်ပျူတာတွေကို မိမိရဲ့ မိသားစုကို ချစ်သလို ကောင်မလေးကို ချစ်သလို ချစ်ပါ (ချစ်သူမျက်နှာထက် ကွန်ပျူတာ စခရင် ကို ကြည့်ရတာ ပိုများမှာဖြစ်ပါတယ်)

  • အားရင် အားသလို နည်းပညာနဲ့ ပတ်သတ်တဲ့ စာတွေဖတ်ပါ ကိုယ့်အလုပ်နဲ့ မသက်ဆိုင်လည်း ဖတ်လို့ရပါတယ်

  • ကိုယ့်အတွက် role model ကောင်း၊ mentor ကောင်းတစ်ယောက် သေချာရှာဖွေပြီး ထားပါ (IT လောကမှာ mentor ကောင်းတစ်ယောက်ရှိဖို့ အရမ်းအရေးကြီးပါတယ်)

  • မိမိဖြစ်ချင်တဲ့ အရာကို ဖြစ်ပြီးသားလူတွေ သိတဲ့လူတွေဆီက အကြံညဏ်တောင်းပါ (ရှက်စရာ ကြောင်စရာ မလိုပါ၊ ကျွန်တော့်ကိုလည်း သိချင်တာတွေရှိရင် မေးနိုင်ပါတယ်၊ သိတာတွေ ပြန်ပြောပေးနိုင်ပါတယ်)

  • မိမိသိထားသည်များကို ပြန်လည်မျှဝေပါ (ဒါမှာသာ မိမိတို့မြန်မာနိုင်ငံရဲ့ IT Community က သူများနည်းတူ ရင်ဘောင်တန်းနိုင်မှာပါ)

အခုတပိုဒ်ကကတော့ ကျွန်တော့်ထက် စီနီယာတွေရော Level တန်းတွေရော IT လောကကို အခုမှ ဝင်လာတဲ့ Junior တွေကိုရော တောင်းပန်ပြီး တောင်းဆိုချင်တာရှိပါတယ်။ ကျေးဇူးပြုပြီး လက်တွဲခေါ်ပေးကြပါ။ ကျွန်တော်တို့ IT လောကဆိုတာ အခြား profession တွေနဲ့ ယှဥ်ရင် ကျဥ်းပါသေးတယ်။ အမှားကို ပြင်ပေးပြီး အမှန်ပြင်ပေးကြဖို့ တောင်းဆိုအပ်ပါတယ်။

နိဂုံးချုပ်ကတော့ လူသားတိုင်းက အတူတူပါပဲ ညဏ်မမှီလို့ IT လုပ်နိုင်တာ မရှိသလို ညဏ်ကောင်းလို့ IT လုပ်တတ်တာလည်း မဟုတ်ပါဘူး မိမိရဲ့ ဝါသနာပေါ်မှာ အခြေခံပြီး မိမိဘယ်လောက် အချိန်တွေပေးခဲ့လည်း ဘယ်လောက်ထိ ကြိုးစားလည်းဆိုတာကပဲ မိမိရဲ့ ပုံရိပ်ကို ဖော်ပြတယ်လို့ ကျွန်တော်ကတော့ ခံယူထားပါတယ်။ ထိုနည်းတူပဲ ယောက်ျားလေးမို့ IT လုပ်နိုင်တာ မဟုတ်သလို မိန်းကလေးမို့ လုပ်နိုင်တာလည်း မဟုတ်ပါဘူး။ ဝါသနာပေါ် အခြေခံပြီး အချိန်တွေပေး လေ့လာလို့သာ IT လုပ်နိုင်တာပါ။ ယောကျာ်းလေးဖြစ်စေ မိန်းကလေးဖြစ်စေ မိမိရဲ့ အချိန်နဲ့လေ့လာမှုကြောင့်သာ မိမိရဲ့ professional ဘဝကို ရရှိတယ်လို့လည်း မြင်မိပါတယ်ခဗျာ။

အထက်ပါ ဆောင်းပါးသည် ကျွန်တော် တစ်ဦးတည်းရဲ့ အမြင်ဖြစ်ပြီး အမှားတွေပါပါကလည်း ခွင့်လွတ် နားလည်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခဗျာ။ အားလုံးကို လေးစားပါတယ်ခဗျာ။

3.4K views

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read86
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read218
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read264
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read301
How to connect On Premises Network and Cloud (AWS)? (Part-1)

Accessibility for Designer

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

Nov 21, 20253 min read88
Accessibility for Designer
M

Myanmar Technical Blog

109 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...