# How to Install Brew in M1 Chip Macbook

Apple Silicon chip တွေမှာ brew install လုပ်တဲ့အခါ အောက်ပါအတိုင်း error လေးတွေရှိနေတတ်ပါတယ်။

![](https://leetdev.net/storage/app/media/uploaded-files/1662145270932.png align="left")

ဒီလို error လေးတွေ မဖြစ်ရအောင် အောက်ပါအဆင့်တွေအတိုင်း Install လုပ်သွားလို့ရပါတယ်ခဗျာ 

ပထမ ဦးစွာ - 

> xcode-select --install

နောက်ပြီး တော့ 

> /usr/bin/ruby -e "$(curl -fsSL [https://raw.githubusercontent.com/Homebrew/install/master/install](https://raw.githubusercontent.com/Homebrew/install/master/install))"

![](https://leetdev.net/storage/app/media/uploaded-files/1662145380168.png align="left")

အောက်ပါ အတိုင်း ပေါ်လာခဲ့ပြီဆိုရင်တော့ ကျွန်တော်တို့ brew install လုပ်တာ အောင်မြင်သွားပြီလို့ ယူဆလို့ရပါတယ်ခဗျာ 

![](https://leetdev.net/storage/app/media/uploaded-files/1662145417045.png align="left")

သူ့မှာ ပြထားတဲ့အတိုင်းပဲ ကျွန်တော်တို့ terminal ကနေ အလွယ်တကူ ယူသုံးလို့ရအောင် အောက်ပါ command လေးတွေကို ရိုက်ပေးဖို့ မမေ့ကြပါနဲ့အုံးခဗျာ (folder name လေးကိုတော့ သူ့မှာ ပြတဲ့အတိုင်း ကော်ပီပြီးလုပ်ပေးနော်) 

> echo 'eval "$(/opt/homebrew/bin/brew shellenv)"' &gt;&gt; /Users/kaungthant/.zprofile

> eval "$(/opt/homebrew/bin/brew shellenv)"

> brew -v 

ဆိုတဲ့ command လေးနဲ့လည်း ကိုယ့်ရဲ့ brew version ကို စစ်ကြည့်လို့ရပြီး brew အလုပ်လုပ်လား မလုပ်လာကိုတော့ 

> brew doctor  

ဆိုတဲ့ command လေးနဲ့ စစ်လို့ရပါတယ်ဗျို့ 

မိမိကြိုက်နှစ်သက်ရာ install လုပ်လို့တဲ့ software, package များကို brew install ဆိုပြီးသာ သွင်းလိုက်ပါတော့ခဗျာ...
