Skip to main content

Command Palette

Search for a command to run...

How to get 100% Free Exam Voucher for AWS Foundation or Associate Exam?

Updated
1 min readView as Markdown
How to get 100% Free Exam Voucher for AWS Foundation or Associate Exam?
K

I am a DevOps, Cloud Solution Architect from Myanmar who love to write blogs and create youtube content for our young generation people.

အားလုံးပဲ မင်္ဂလာပါခဗျာ

ကျွန်တော် ဒီနေ့မျှဝေပေးချင်တာကတော့ AWS ရဲ့ Certificates Exam တွေကို ဘယ်လိုမျိုး အခမဲ့ ဖြေဆိုနိုင်မလဲဆိုတာပဲ ဖြစ်ပါတယ်။ (စာရေးသားအချိန်ထိတော့ စာရေးသူကိုယ်တိုင် Voucher မရရှိသေးပါဘူး၊ အားလုံး ရဖို့တော့ မျှော်လင့်ပါတယ်)

၁။ AWS Educate မှာ Register ပြုလုပ်ပြီး Badge ရမည့် Course တခုခု ဥပမာ (Gen AI Course လိုမျိုး)ကို ပြီးဆုံးအောင် တက်ရောက်ဖို့ လိုအပ်ပါတယ် Register ပြုလုပ်ရန် လင့် - https://aws.amazon.com/education/awseducate/ Confirm ဖြစ်ဖို့ ခဏတော့ စောင့်ရပါလိမ့်မယ်။

၂။ Course ရဲ့ assessment ကိုပြီးဆုံးအောင် ဖြေဆိုပြီး ရက်ပိုင်းအတွင်း Credly Badge ရတဲ့ email အပြင် မကြာခင်မှာ Emerging Talent Community (ETC) ကို join ဖို့အတွက်လည်း အောက်ပါလို email ရပါလိမ့်မယ်။

၃။ ETC ကို join ပြီးတဲ့ နောက်မှာတော့ ETC က ချပေးတဲ့ activities တွေကို ပြုလုပ်ဖို့ လိုပါတယ်။ Activities တွေ လုပ်တာနှင့်အမျှ ပွိုင့်တွေ ရလာမှာ ဖြစ်ပါတယ်။ ပွိုင့်စုစုပေါင်း (၄၅၀၀) ရရင် Foundations Level Certificate Voucher ကို ရရှိနိုင်မှာဖြစ်ပြီး ပွိုင့်စုစုပေါင်း (၅၂၀၀) ရရင်တော့ Associate Level Certificate Voucher ကို ရရှိဖို့ အခွင့်အရေးရှိမှာ ဖြစ်ပါတယ်။ ပွိုင့်တွေရဖို့ activities တွေကိုတော့ ETC က ချပေးတဲ့ အပေါ်မှာ မူတည်တာမျိုးဖြစ်တဲ့အတွက် ဘယ်လောက်အတွင်း လိုအပ်တဲ့ ပွိုင့်တွေ ရမလဲဆိုတာကိုတော့ သေချာမပြောတတ်ပါဘူး။ ETC နှင့် ပတ်သတ်သည်တွေကိုတော့ အောက်ပါလင့်မှာ ဖတ်ရှူနိုင်ပါတယ်။ https://www.awseducate.com/registration/s/learner-faqs#emerging-talent-community

ETC မှာ ရှိတဲ့ activities တွေအလိုက် အောက်ပါလို ပွိုင့်တွေရမှာ ဖြစ်ပါတယ်။

၄။ အထက်ပါ အချက်တွေအပြင် AWS Skill Builder Platform ကနေ မိမိဖြေဆိုချင်တဲ့ exam preparation course တခုခုကိုလည်း ပြီးဆုံးအောင် တက်ဖို့လည်း လိုပါသေးတယ်။ အားလုံးပြီးမြောက်သွားရင်တော့ 100% free ရမည့် Voucher ကို request ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ မိမိဖြေလိုတဲ့ Foundation or Associate Level Exam preparing ကို https://skillbuilder.aws မှာ သွားရောက် လေ့လာဖို့လိုပါတယ်။ (စာရေးသားအချိန်ထိတော့ စာရေးသူကိုယ်တိုင် Voucher မရရှိသေးပါဘူး၊ အားလုံး ရဖို့တော့ မျှော်လင့်ပါတယ်)

P.S Vouchers ရရှိနိုင်မှုအပေါ် မူတည်တာဖြစ်လို့ မြန်မြန်ဆန်ဆန်နဲ့ ယူထားမှ အဆင်ပြေမယ်နော်။

exam အတွက် ပြင်ဆင်တာကိုတော့ မိမိနှစ်သက်သည့် Platform တွေကနေ ပြင်ဆင်ဖို့လည်း အကြံပေးလိုပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

C

it's useful and helpful.

H

Thanks

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read91
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read221
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read266
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read303
How to connect On Premises Network and Cloud (AWS)? (Part-1)

Accessibility for Designer

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

Nov 21, 20253 min read88
Accessibility for Designer
M

Myanmar Technical Blog

109 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...