AWS SAM deployment with GitHub Action

Search for a command to run...

No comments yet. Be the first to comment.
ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ဥပမာ prod...

ကိုယ့်ရဲ့ data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

ကိုယ့်ရဲ့ data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

ဒါလေးကတော့ မနေ့က ရေးခဲ့တဲ့ article (Deploy NuxtJs app to AWS with SAM) ရဲ့ အဆက်ပါ။
ကျွန်တော်တို့ မနေ့က SAM နဲ့ manual deploy တဲ့ အကြောင်းပြောခဲ့ပြီးပါပြီ။ ဒီနေ့မှာတော့ SAM ကို GitHub Action သုံးပြီး ဘယ်လို CI/CD setup လုပ်မလဲ ဆက်ရေးပေးသွားပါမယ်။
ဒီတစ်ခါမှာတော့ Domain ပါ ထည့်သွားမှာ ဖြစ်တဲ့ အတွက် မနေ့က template ထဲမှာ Domain setup လုပ်ဖို့ နည်းနည်း ပြင်ပါမယ်။ Prameters ထဲမှာ CertificateId လေးထပ်ထည့်ပေးပြီး၊ CloudFrontDistribution ရဲ့ DistributionConfig ထဲက ViewerCertificate မှာ ပြန်ယူသုံးပါမယ်။ နောက်ပြီးတော့ alternative domain အတွက် Aliases ကိုတော့ NuxtAppUrl ထဲကနေ ယူပြီးထည့်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့ template မှာ ပြင်ဆင်လို့ပြီးသွားပါပြီ။
Parameters:
...
CertificateId:
Type: String
....
Resources:
....
CloudFrontDistribution:
Type: AWS::CloudFront::Distribution
Properties:
DistributionConfig:
Enabled: true
Aliases:
- !Select ["2", !Split ["/", !Ref NuxtAppUrl]]
ViewerCertificate:
AcmCertificateArn: !Sub "arn:aws:acm:us-east-1:${AWS::AccountId}:certificate/${CertificateId}"
SslSupportMethod: sni-only
Comment: !Sub "${AWS::StackName} ${Stage} Nuxt App"
Complete template ကို ဒီလင့်မှာ ယူလို့ရပါတယ်။ (template.yaml)
အရင်ဆုံး .github/workflows ဖိုဒါထဲမှာ YAML ဖိုင် တစ်ခု crearte လုပ်လိုက်ပါ။
ကျွန်တော်ကတော့ develop branch မှာ စမ်းပြီး deploy မှာ ဖြစ်တဲ့အတွက် deploy-dev.yml ဆိုပြီး create လုပ်လိုက်ပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ work flow စရေးလို့ရပါပြီ။ develop branch ကို push လုပ်တဲ့ အခါတိုင်း run ဖို့အတွက် ဒီလိုလေးစရေးပါတယ်။ သူ့အောက်မှာတော့ env ဆိုပြီး ကျွန်တော်တို့ အသုံးပြုမဲ့ environment variables သတ်မှတ်ပါမယ်။
on:
push:
branches:
- develop
ဒီထဲမှာ ${{ vars.*** }} ဆိုပြီး သတ်မှခဲ့တဲ့ variables တွေကိုတော့ github action variable ထဲမှာ create လုပ်ပေးဖို့လိုပြီး ${{ secrets.*** }} ဆိုပြီး သတ်မှတ် ခဲ့တာတွေကိုတော့ github action secret ထဲမှာ ထည့်ပေးဖို့လိုပါတယ်။ CERTIFICATE_ID အတွက် ထည့်ပေးရမဲ့ value ကတော့ ကိုယ်သုံးမဲ့ domain အတွက် aws certificate manager ထဲမှာ ထုတ်ပြီး ယူထည့်ပေးရမှာပါ။
env:
DEPLOY_STAGE: dev
NODE_ENV: local
APP_NAME: thixpin-nuxt
PUBLIC_ROOT_API: ${{ vars.PUBLIC_ROOT_API }}
APP_URL: ${{ vars.APP_URL }}
AWS_REGION: ap-southeast-1
S3_BUCKET_NAME: thixpin-nuxt-static-dev
CERTIFICATE_ID: ${{ secrets.CERTIFICATE_ID }}
jobs တွေတော့ ကျွန်တော် အများကြီး မခွဲတော့ပါဘူး deploy ဆိုပြီး တစ်ခုပဲ ထားလိုက်ပါမယ်။ setups ထဲမှာတော့ action တွေနည်းနည်းများပါမယ်။
ပထမဆုံး actions/checkout ကိုသုံးပြီး working dir ထဲကို source code တွေယူလိုက်ပါမယ်။
ပြီးရင်တော့ node project ဖြစ်တဲ့အတွက် actions/setup-node ကိုသုံးပါမယ်။
ပြီးရင်တော့ ကျွန်တော်တို့ရဲ့ မင်းသားကြီး SAM ကို aws-actions/setup-sam သုံးပြီး install လုပ်ပါမယ်။ use-installer: ဆိုတဲ့ option လေးကို true ပေးခဲ့သင့်ပါတယ်။ ဒါမှ install လုပ်တာကမြန်မှာပါ၊ off ထားရင်တော့ python တွေပါ ထည့်မှာဖြစ်တဲ့အတွက် runtime မှာ အချိန် တော်တော်ပေးရပါတယ်။
လိုအပ်တာတွေ သွင်းပြီးပြီဆိုရင်တော့ AWS ကို access ရဖို့အတွက် aws-actions/configure-aws-credentials run ပါမယ်၊ ဒီနေရာမှာသုံးဖို့ aws access key ထုတ်တဲ့အပိုင်းနဲ့ permission ပေးတဲ့အပိုင်းကိုတော့ စာရှည်မှာစိုးလို့ အသေးစိတ်မပြောတော့ပါဘူး၊ ဒီမှာတော့ demo project ဖြစ်တာမို့ AWS Access key ကို ပဲ အလွယ်သုံးလိုက်တာပါ။ လက်တွေ့မှာ ပိုမို လုံခြုံဖို့အတွက်တိုရင် GitHub ရဲ့ OIDC provider နဲ့ချိိတ်ပြီး Assume Role နဲ့ သုံးတာက ကိုကောင်းပါတယ်။ AccessKey ကပေါက်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ Action run မဲ့ User or Role ကိုလည်း permission ကို လိုအပ်သလောက်ပဲ ပေးသင့်ပါတယ်။ first time run ပြီးသွားတဲ့အခါမှာ နောက်ပိုင်းက lambda နဲ့ s3 လောက်ကိုပဲ အဓိက ပြင်တော့မှာ ဖြစ်တဲ့အတွက် ဆက်မသုံးတော့မယ့် permission တွေဖြုတ်ထားလို့ရပါတယ်။ permission ပေးတဲ့ နေရာမှာလည်း resource အတိအကျနဲ့ပဲ သုံးလို့ရအောင်ပေးထားခြင်းအားဖြင့် အခြား resource တွေကို access မရအောင် ကာကွယ်ထားသင့်ပါတယ်။
နောက်တဆင့်မှာတော့ build မလုပ်ခင် .env ဖိုင်ဆောက်ပါမယ်
.env ဖိုင်လည်းရပြီဆိုရင်တော့ npm install လေး run ဖို့ကျန်ပါသေးတယ်။
ပြင်ဆင်စရာတွေ အားလုံးပြီးတဲ့အခါမှာတော့ NITRO_PRESET=aws-lambda npm run build command လေး run ပြီး source code ကို build လိုက်ပါမယ်။
build လို့လည်း ပြီးသွားတဲ့ခါမှာ sam deploy comand သုံးပြီး၊ deploy လိုက်လို့ရပြီပြီ။
အကုန်ပြီးပြီဆိုရင်တော့ နောက်ဆုံးအနေနဲ့ aws s3 sync command လေးသုံးပြီး public dir ထဲက file တွေကို s3 ပေါ်တင်ပေးလိုက်ပါမယ်။
jobs:
deploy:
runs-on: ubuntu-latest
steps:
- uses: actions/checkout@v3
- uses: actions/setup-node@v4
with:
node-version: '20.x'
- uses: aws-actions/setup-sam@v2
with:
use-installer: true
- uses: aws-actions/configure-aws-credentials@v3
with:
aws-access-key-id: ${{ secrets.AWS_ACCESS_KEY_ID }}
aws-secret-access-key: ${{ secrets.AWS_SECRET_ACCESS_KEY }}
aws-region: ${{ env.AWS_REGION }}
- run: |
touch .env
echo "NODE_ENV=${{ env.NODE_ENV }}" >> .env
echo "NUXT_APP_NAME=${{ env.APP_NAME }}" >> .env
echo "NUXT_PUBLIC_ROOT_API=${{ env.PUBLIC_ROOT_API }}" >> .env
echo "NUXT_APP_URL=${{ env.APP_URL }}" >> .env
echo "NUXT_APP_I18N_FALLBACK_LOCALE=en" >> .env
- run: npm install
- run: NITRO_PRESET=aws-lambda npm run build
- run: |
sam deploy --no-confirm-changeset \
--no-fail-on-empty-changeset --resolve-s3 \
--capabilities CAPABILITY_IAM \
--stack-name ${{ env.APP_NAME }}-${{ env.DEPLOY_STAGE }} \
--s3-prefix ${{ env.APP_NAME }}-${{ env.DEPLOY_STAGE }} \
--parameter-overrides \
Stage=${{ env.DEPLOY_STAGE }} \
NodeEnv=${{ env.NODE_ENV }} \
NuxtAppName=${{ env.APP_NAME }} \
NuxtPublicRootApi=${{ env.PUBLIC_ROOT_API }} \
NuxtAppUrl=${{ env.APP_URL }} \
S3Bucket=${{ env.S3_BUCKET_NAME }} \
CertificateId=${{ env.CERTIFICATE_ID }}
- run: aws s3 sync ./.output/public s3://${{ env.S3_BUCKET_NAME }} --delete
အပေါ်က ရေးခဲ့တဲ့ ဖိုင်အပြည့်အစုံကို ဒီလင့်မှာ ယူလို့ရပါတယ်။
Develop branch ထဲမှာ workflos file လေး create လုပ်ပြီး push လိုက်မယ်ဆိုရင်တော့ GitHub Action လေးက အောက်ကလို run သွားပါလိမ့်မယ်။

Github Action လေး success ဖြစ်သွားပြီဆိုရင်တော့ create လုပ်သွားတဲ့ CloudFront CNAME လေးကို domain controller ထဲမှာ setup လုပ်ပေးလိုက်ပြီး ကျွန်တော်တို့ရဲ့ domain လေးကို ဖွင့်ကြည့်လိုက်ရင်တော့။ ကျွန်တော်တို့ရဲ့ website အသစ်လေးကို တွေ့နိုင်ပြီပြီပါတယ်။ ဒီ article မှာ လုပ်ပြသွားတဲ့ demo project လေးကို ဒီလင့်မှာ ကြည့်ကြည့်လို့ရပါတယ်။ (https://github.com/thixpin/nuxt-sam/)

အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။