# How to get 100% Free Exam Voucher for AWS Foundation or Associate Exam?

အားလုံးပဲ မင်္ဂလာပါခဗျာ

ကျွန်တော် ဒီနေ့မျှဝေပေးချင်တာကတော့ AWS ရဲ့ Certificates Exam တွေကို ဘယ်လိုမျိုး အခမဲ့ ဖြေဆိုနိုင်မလဲဆိုတာပဲ ဖြစ်ပါတယ်။ (စာရေးသားအချိန်ထိတော့ စာရေးသူကိုယ်တိုင် Voucher မရရှိသေးပါဘူး၊ အားလုံး ရဖို့တော့ မျှော်လင့်ပါတယ်)

၁။ AWS Educate မှာ Register ပြုလုပ်ပြီး Badge ရမည့် Course တခုခု ဥပမာ (Gen AI Course လိုမျိုး)ကို ပြီးဆုံးအောင် တက်ရောက်ဖို့ လိုအပ်ပါတယ် Register ပြုလုပ်ရန် လင့် - [https://aws.amazon.com/education/awseducate/](https://aws.amazon.com/education/awseducate/) Confirm ဖြစ်ဖို့ ခဏတော့ စောင့်ရပါလိမ့်မယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1740984462930/567998d1-bb47-466d-aafd-fd1adfb0761c.png align="center")

၂။ Course ရဲ့ assessment ကိုပြီးဆုံးအောင် ဖြေဆိုပြီး ရက်ပိုင်းအတွင်း Credly Badge ရတဲ့ email အပြင် မကြာခင်မှာ Emerging Talent Community (ETC) ကို join ဖို့အတွက်လည်း အောက်ပါလို email ရပါလိမ့်မယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1740984325037/eacaaf57-d57f-4599-bff8-2902b9238a69.png align="center")

၃။ ETC ကို join ပြီးတဲ့ နောက်မှာတော့ ETC က ချပေးတဲ့ activities တွေကို ပြုလုပ်ဖို့ လိုပါတယ်။ Activities တွေ လုပ်တာနှင့်အမျှ ပွိုင့်တွေ ရလာမှာ ဖြစ်ပါတယ်။ ပွိုင့်စုစုပေါင်း (၄၅၀၀) ရရင် Foundations Level Certificate Voucher ကို ရရှိနိုင်မှာဖြစ်ပြီး ပွိုင့်စုစုပေါင်း (၅၂၀၀) ရရင်တော့ Associate Level Certificate Voucher ကို ရရှိဖို့ အခွင့်အရေးရှိမှာ ဖြစ်ပါတယ်။ ပွိုင့်တွေရဖို့ activities တွေကိုတော့ ETC က ချပေးတဲ့ အပေါ်မှာ မူတည်တာမျိုးဖြစ်တဲ့အတွက် ဘယ်လောက်အတွင်း လိုအပ်တဲ့ ပွိုင့်တွေ ရမလဲဆိုတာကိုတော့ သေချာမပြောတတ်ပါဘူး။ ETC နှင့် ပတ်သတ်သည်တွေကိုတော့ အောက်ပါလင့်မှာ ဖတ်ရှူနိုင်ပါတယ်။ [https://www.awseducate.com/registration/s/learner-faqs#emerging-talent-community](https://www.awseducate.com/registration/s/learner-faqs#emerging-talent-community)

ETC မှာ ရှိတဲ့ activities တွေအလိုက် အောက်ပါလို ပွိုင့်တွေရမှာ ဖြစ်ပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1740984298092/bb97e5ed-2dcd-48f3-baca-94501b41dc54.png align="center")

၄။ အထက်ပါ အချက်တွေအပြင် AWS Skill Builder Platform ကနေ မိမိဖြေဆိုချင်တဲ့ exam preparation course တခုခုကိုလည်း ပြီးဆုံးအောင် တက်ဖို့လည်း လိုပါသေးတယ်။ အားလုံးပြီးမြောက်သွားရင်တော့ 100% free ရမည့် Voucher ကို request ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ မိမိဖြေလိုတဲ့ Foundation or Associate Level Exam preparing ကို https://skillbuilder.aws မှာ သွားရောက် လေ့လာဖို့လိုပါတယ်။ (စာရေးသားအချိန်ထိတော့ စာရေးသူကိုယ်တိုင် Voucher မရရှိသေးပါဘူး၊ အားလုံး ရဖို့တော့ မျှော်လင့်ပါတယ်)

![](https://cdn.hashnode.com/res/hashnode/image/upload/v1740984387256/46eb1981-fdd9-4c48-b2d9-adf8152f92f8.png align="center")

P.S Vouchers ရရှိနိုင်မှုအပေါ် မူတည်တာဖြစ်လို့ မြန်မြန်ဆန်ဆန်နဲ့ ယူထားမှ အဆင်ပြေမယ်နော်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1740995592493/6fd68df0-3da9-43c7-89cb-5b052518d6e0.png align="center")

exam အတွက် ပြင်ဆင်တာကိုတော့ မိမိနှစ်သက်သည့် Platform တွေကနေ ပြင်ဆင်ဖို့လည်း အကြံပေးလိုပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။
