Skip to main content

Command Palette

Search for a command to run...

AWS CodeWhisperer

Updated
1 min readView as Markdown
AWS CodeWhisperer
S

Site Reliability Engineer @ onenex.co

AWS ရဲ့ service အသစ်တစ်ခု ဖြစ်တဲ့ AWS CodeWhisperer ကို မနေ့က (၂၀၂၃-၀၄-၁၃ ရက်နေ့) မှာ Public release လုပ်ခဲ့ပါတယ်။ CodeWhisperer က ဘာလဲ ဆိုရင်တော့ Github Colipot လိုမျိုး AI Coding Assistant ပါပဲ။

Java, Python, JavaScript, TypeScript နဲ့ C# language တွေအတွက် သေချာ လေ့ကျင့်ပေးထားပြီး အောက်ပါ language တွေအတွက်လည်း အလုပ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

Ruby
Go
PHP
C++
C
Shell
Scala
Rust
Kotlin
SQL

စမ်းကြည့်ရသလောက်တော့ Github Colipot လောက်တော့ အဆင်မပြေသေးပါဘူး။ ကိုယ်နဲ့ အသားမကျသေးတာလည်း ဖြစ်နိုင်ပါတယ်။ သုံးကြည့်ရတာတော့ Github Colipot စထွက်ခါစက အနေအထားနဲ့ တော့ အတူတူလောက်ပဲ လို့ခံစားရပါတယ်။

ဒါပေမယ့် သူက Professional ဝယ်သုံးရင်တော့ ဈေးကြီးပေမယ့် Individual အတွက်ဆိုရင်တော့ အခမဲ့ ပေးထားတဲ့အတွက် ကျွန်တော်ကတော့ GitHub ကို တလ တဆယ် ပေးနေမယ့်အစား ပြောင်းသုံးကြည့်ဖို့ စဉ်းစားထားပါတယ်။ IDE တော်တော်များများကိုလည်း support ပေးထားပါတယ်။

သူ့ကို အသုံးပြဖို့ဆိုရင် AWS Builder Account ရှိဖို့နဲ့ IDE ထဲမှာ AWS Toolkit ထည့်ထားဖို့တော့လိုပါတယ်။ သင်ဟာ GitHub Copilot ကို ဝယ်သုံးနေသူဆိုရင်တော့ Amazon CodeWhisperer မဖြစ်မနေ စမ်းသုံးကြည့်ဖို့ အကြံပြုပါရစေ။

https://aws.amazon.com/codewhisperer/
172 views

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read132
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read253
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read280
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read312
How to connect On Premises Network and Cloud (AWS)? (Part-1)
M

Myanmar Technical Blog

110 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...