Skip to main content

Command Palette

Search for a command to run...

How to become a AWS Certified Cloud Practitioner

Updated
2 min readView as Markdown
How to become a AWS Certified Cloud Practitioner
S

Site Reliability Engineer @ onenex.co

Cloud Practitioner ဆိုတာ AWS ရဲ့အကြောင်းနဲ့ သူ့မှာ ရှိတဲ့ Services တွေကို နားလည်မှုအပေါ် စစ်ဆေးတဲ့ Foundation level certificate တစ်ခုပါ။ AWS ရဲ့ Excem တွေကို အခုမှ စဖြေမယ်ဆိုရင်တော့ သူကနေ စဖြေကြည့်သင့်ပါတယ်။ ခက်လားမေးရင်တော့ AWS Service တွေကို လက်တွေ့သုံးနေတဲ့ သူအတွက်တော့ တော်တော် လွယ်ပါတယ်။ AWS Service တွေ့နဲ့ မရင်းနှီးသေးရင်တော့ စာသေချာ ကြည့်ပြီးမှ ဖြေသင့်ပါတယ်။

ဘယ်သင်ခန်းစာတွေကြည့်ရမလဲဆိုရင်တော့ AWS ရဲ့ Official AWS Cloud Practitioner Essentials ကိုပဲကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒီသင်ခန်းစာက အခမဲ့ဖြစ်သလို Cloud Practitioner အတွက် လုံလောက်ပြီး သူတို့ ရှင်းပြသွားတာတွေကလည်း နားလည်လွယ်/ရှင်းလင်းပါတယ်။ Udemy မှာ သွားဝယ်ပြီး လေ့လာရင်လည်း ဒီမှာပါတာတွေကိုပဲ ပြန်သင်မှာပါ။

ဒီ သင်ခန်းစာထဲမှာ အဓိက ပါဝင်တဲ့ အပိုင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

  1. What is Cloud computing

  2. Compute in the Cloud (EC2)

  3. Global Infrastructure and Reliability

  4. Networking

  5. Storage and Databases

  6. Security

  7. Monitoring and Analytics

  8. Pricing and Support

  9. Migration and Innovation

  10. The Cloud Journey

  11. AWS Certified Cloud Practitioner Basics

ဒီသင်ခန်းစာတွေကို သေချာကြည့်ပြီး တစ်ဆင့်ခြင်းမှာ quiz တွေကို သေချာစဉ်းစားပြီးမှ ဖြေပါ။ ကိုယ်အသေးစိတ်မသိတာတွေကို သူတို့ပေးထားတဲ့ resources links တွေမှာ ဝင်ဖတ်ဖို့ မပျင်းပါနဲ့။ သင်ခန်းစာ အကုန်ပြီးသွားလို့ Final assessment ဖြေကြည့်တဲ့အခါ ၁၀၀% ရရင် အောင်ဖို့များနေပါပြီ ၁၀၀% မရသေးရင် မှားတဲ့အပိုင်းတွေကို သေခြာပြန်ကြည့် ပြန်လေ့လာပြီးမှ ထပ်ဖြေပါ။ ၁၀၀% မှန်နေပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ practice test တွေ စမ်းဖြေကြည့်ပါ။ ကျွန်တော်ကတော့ Tutorials Dojo က practice test ဝယ်ပြီးတော့ တစ်စုံ ဖြေကြည့်ပြီး Exam တမ်းဖြေလိုက်ပါတယ် ကိုယ်က AWS services နဲ့ သေချာ အကျွမ်းတဝင်မရှိသေးရင်တော့ practice test ခြောက်စုံလုံး စမ်းဖြေပြီးမှ Exam ဝင်ဖြေဖို့ တိုက်တွန်းပါတယ်။

အဓိက မေးတတ်တဲ့ အပိုင်းတွေကတော့

  • AWS EC2, S3, RDS, VPC, Security Group

  • AWS Global Infrastructure and Reliability

  • AWS Shared Responsibility Model

  • AWS Billing and Pricing Concepts

  • AWS Support Plans

စတဲ့ အပိုင်းတွေကို မေးတတ်ပါတယ်။

AWS Exam တွေကို ဒီနှစ် မေလ မကုန်ခင် ဖြေမယ်ဆိုရင် မအောင်ခဲ့ရင်တောင် နောက်တစ်ကြိမ် ပြန်ဖြေခွင့်ပေးနေတာမို့ ဖြေဖို့ရှိတယ်ဆိုရင် စောစော ဖြေထားဖို့ တိုက်တွန်းချင်ပါတယ် (တစ်ခါတည်း အောင်အောင် ဖြေတာတော့ အကောင်းဆုံးပေါ့)။ သင်္ကြန်ပိတ်ရက်သာ စာကြည့်မယ်ဆိုရင် Cloud Practitioner က ဒီလထဲ ဖြေလို့ရနိုင်ပါတယ်။

အောင်မြင်တဲ့ Cloud Engineer တွေ ဖြစ်နိုင်ကြပါစေ။

Write with love by thixpin

835 views

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read132
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read253
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read280
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read312
How to connect On Premises Network and Cloud (AWS)? (Part-1)
M

Myanmar Technical Blog

110 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...