Skip to main content

Command Palette

Search for a command to run...

How to setup an Apache server on AWS

Updated
2 min read
How to setup an Apache server on AWS

Prerequisite

-AWS account (root account or IAM account)

-VPC service: VPC, Subnet, Route table, Internet gateways

-EC2 service: Keypair, security group.

-Linux command

အဲတော့စလိုက်ကြရအောင်

ပထမဆုံးက What is Apache? Apache ကိုတော့ အဓိကအားဖြင့် webserver hosting service တွေမှာအသုံးများတယ် အတွေ့ ရများပါတယ်။ Web service တွေအများကြီးရှိတဲ့ထဲကမှ Apahce ကိုအသုံးများရခြင်းအကြောင်းကတော့ open source ဖြစ်တယ်နောက်ပြီးတော့ fast, reliable, and secure လည်းဖြစ်ပါတယ် WordPress hosting providers အများစုမှာလည်း Apahce server service ကိုတွေ့နိုင်ပါတယ်။

အခုကျတော်က AWS ရဲ့ EC2 service နဲ့ Apache server တစ်ခုကို ဘယ်လို setup လုပ်သွားမလဲဆိုတာကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။

ကျတော်တို့ AWS ပေါ်မှာ linx server ပေါင်းများစွာ flavour ပေါင်းများစွာရှိပါတယ် ပုံမှ‌ပြထားတဲ့အတိုင်းပဲ Linux disto ရဲ့ flavour ပေါင်းများစွာကိုတွေ့ရမှာပါ။

အဲထဲမှက ဒီနေ့ကတော့ AWS ရဲ့ Ubuntu server 22.04 ကိုသုံးပြီးတော့ Apapche server ကို setup သွားမှာပါဖြစ်ပါတယ်။ အဲတော့ server ကို create မလုပ်ခင်မှာ ကြိုပြီး ပြင်ဆင်ထားမဲ့ အရာ ၂ ခုကတော့ EC2 service ရဲ့ Keypair နဲ့ Security group ပဲဖြစ်ပါတယ်။ Key pair ကတော့ ကျတော်တို့ Linux server ကို login ဝင်တဲ့အခါမှာ အသုံးပြုဖို့အတွက်ဖြစ်ပြီးတော့ Security group ကတော့ ကျတော်တို့ရဲ့ Instance အတွက် incoming traffic (rules) ကို create လုပ်သွားမှာဖြစ်ပါတယ်။

အရင်ဆုံးကျတော်တို့ လိုအပ်တဲ့ port number နဲ့ service တွေကို Security group မှာ create လုပ်ပါမယ်။ကျတော်တို့လိုတာက HTTP / SSH / ICMP ဒါတွေပဲဖြစ်ပါတယ်။ ဒါကတော့ Demo ဖြစ်လို့အကုန်လုံးကို IP acess တွေကို အကုန် All ပဲပေးထားပါတယ် တကယ့် Real world မှာတော့ တကယ့်လာ access လုပ်မဲ့ IP တွေကိုပဲ acess ပေးသင့်ပါတယ်။ PS : ICMP just for testing ပါ real world မှာ လုံး၀(လုံး၀)မထည့်သင့်တဲ့ service တစ်ခုပါ။

Create Security Group

Security group

Key pair ကတော့ ကျတော်တို့ naming တစ်ခုပေးပြီး .pem format နဲ့ပဲ create လုပ်ပါမယ်။ တကယ့် real world မှာလည်း keypair က အရေးပါတဲ့အခန်းတစ်ခုမှာပါပါတယ်။ Key pair naming ကိုသက်ဆိုင်ရာ project name နဲ့လည်းကောင်း ၊ make sense ဖြစ်တဲ့ နာမည်မျိုးတွေနဲ့သာပေးသင့်ပါတယ်၊ တကယ်မှာ project များလာလို့ instance များလာရင် ဘယ် keypair ကဘယ် Instance အတွက်ဆိုတဲ့ ပြသနာမျိုးကိုကြိုတင်ရှောင်ရှားလို့အောင်ပါ။

Key pair

Create key pair ကိုနှိပ်လိုက်တဲ့ အခါမှာ .pem file extension နဲ့ဖိုင်တစ်ခုရမလာပါမယ်၊ အဲဒါဆိုရင် Key pair create လုပ်တဲ့အဆင့်ပြီးပါပြီ။

နောက်ထပ်တစ်ဆင့်အနေနဲ့ SERVER ကို setup လုပ်ပါမယ်။

တစ်ခု သတိပြုဖို့က web service ပေးမှာဖြစ်တဲ့အတွက် Public IP လိုမှာ ဖြစ်ပြီး Public subnet ထဲမှာ ကိုရွေးပေးဖို့ မမေ့ပါနဲ့ ၊ အဲဒါ ၂ ချက်ကျန်ခဲ့မယ်ဆိုရင် ကျတော်တို့ server က private acess ပဲဖြစ်နေပြီးတော့ ဘယ်လိုမှ public access ရမှာ မဟုတ်ပါဘူး။ Security group နဲ့ Key pair တွေကိုတော့ ကျတော်တို့ခုနက ကြိုတင် create လုပ်ထားတဲ့ဟာတွေကိုပဲရွေးပေးလိုက်ပါမယ်။

Create server (Ubuntu 22.04)

အိုခေ အဲတော့ ကျတော်တို့က Instance ကို SSH နဲ့ connect လုပ်ပါမယ်။ connect မလုပ်ခင်မှာ Chmod နဲ့ key pair ဖိုင်ကို permission ပေးရပါမယ်။ sudo chmod 400 (key pair file)

Server ထဲကိုရောက်ပြီဆိုတော့ Apache service ကို install လုပ်ပါမယ်။ လိုအပ်တဲ့ command ကတော့ sudo apt update sudo apt install apache2 ဒီ ၂ကြောင်းပါပဲ။ ဒါပြီးရင် sudo systemctl status apache2.service နဲ့ service run နေပြီလားဆိုတာကို စစ်ကြည့်လို့ရပါတယ်။ ဒါပြီးသွားရင် ကျတော်တို့ Pubic IP နဲ့ acces လုပ်ကြည့်ပါမယ်။ ကျတော်တို့ acces လုပ်လို့ရပါပြီ။

အိုခေ အဲတော့ Apache server ရပါပြီခင်ဗျာ။

နောက်ထပ်ကလိချင်သေးတယ်ဆိုရင်တော့ Default Index file on Apache2 {/var/www/html/index.html} အဲဒီမှာ အခုလိုမျိုးကလိလို့ရပါသေးတယ်။

နောက်ထပ်များမှာလည်း AWS နဲ့ပတ်သက်တဲ့ Aticle များကိုလည်းဆက်လက်ရေးသွားပါဦးမယ်ခင်ဗျာ။

နားမလည်တာ ကျတော်ရေးနေတာ လိုအပ်တာများရှိသေးရင် Linkedin ကနေတစ်ဆင့်လည်း အကြံဉာဏ်များပေးလို့ပါတယ်ခင်ဗျာ။

အချိန်ယူဖတ်ရူပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်။

Brain Phyo (A guys who love technology)

263 views

More from this blog

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read151
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read222
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read261
How to connect On Premises Network and Cloud (AWS)? (Part-1)

Accessibility for Designer

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

Nov 21, 20253 min read67
Accessibility for Designer

VPC Endpoint

အားလုံးဘဲ မင်္ဂလာပါ။ ဒီနေ့ sharing လုပ်ပေးချင်တာကတော့ VPC Endpoint အကြောင်းဘဲဖြစ်ပါတယ်။ VPC Endpoint ဆိုတာ VPC နဲ့ AWS services တွေ ကို public Internet ကို အသုံးမပြုဘဲနဲ့ Privately connect လုပ်ပေးတာ ဖြစ်ပါတယ်။ Internet Gateway, NAT Gateway နဲ့ Public...

Nov 18, 20252 min read88
VPC Endpoint
M

Myanmar Technical Blog

108 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...