# AWS CodeWhisperer

AWS ရဲ့ service အသစ်တစ်ခု ဖြစ်တဲ့ AWS CodeWhisperer ကို မနေ့က (၂၀၂၃-၀၄-၁၃ ရက်နေ့) မှာ Public release လုပ်ခဲ့ပါတယ်။ CodeWhisperer က ဘာလဲ ဆိုရင်တော့ Github Colipot လိုမျိုး AI Coding Assistant ပါပဲ။

**Java, Python, JavaScript, TypeScript** နဲ့ **C#** language တွေအတွက် သေချာ လေ့ကျင့်ပေးထားပြီး အောက်ပါ language တွေအတွက်လည်း အလုပ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

```plaintext
Ruby
Go
PHP
C++
C
Shell
Scala
Rust
Kotlin
SQL
```

စမ်းကြည့်ရသလောက်တော့ Github Colipot လောက်တော့ အဆင်မပြေသေးပါဘူး။ ကိုယ်နဲ့ အသားမကျသေးတာလည်း ဖြစ်နိုင်ပါတယ်။ သုံးကြည့်ရတာတော့ Github Colipot စထွက်ခါစက အနေအထားနဲ့ တော့ အတူတူလောက်ပဲ လို့ခံစားရပါတယ်။

ဒါပေမယ့် သူက Professional ဝယ်သုံးရင်တော့ ဈေးကြီးပေမယ့် Individual အတွက်ဆိုရင်တော့ အခမဲ့ ပေးထားတဲ့အတွက် ကျွန်တော်ကတော့ GitHub ကို တလ တဆယ် ပေးနေမယ့်အစား ပြောင်းသုံးကြည့်ဖို့ စဉ်းစားထားပါတယ်။ IDE တော်တော်များများကိုလည်း support ပေးထားပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1681554976873/7d1e7666-0996-4611-8051-94355045b9d6.png align="center")

သူ့ကို အသုံးပြဖို့ဆိုရင် AWS Builder Account ရှိဖို့နဲ့ IDE ထဲမှာ AWS Toolkit ထည့်ထားဖို့တော့လိုပါတယ်။ သင်ဟာ GitHub Copilot ကို ဝယ်သုံးနေသူဆိုရင်တော့ **Amazon CodeWhisperer** မဖြစ်မနေ စမ်းသုံးကြည့်ဖို့ အကြံပြုပါရစေ။

```plaintext
https://aws.amazon.com/codewhisperer/
```
