Skip to main content

Command Palette

Search for a command to run...

SSH Tunnel သုံးပြီး ကြည့်ချင်တဲ့ Website ကျော်ကြည့်နည်း

Updated
•1 min read•View as Markdown
SSH Tunnel သုံးပြီး ကြည့်ချင်တဲ့ Website ကျော်ကြည့်နည်း

လိုအပ်ချက်များ

  • SSH Server on Cloud with public IP

  • Firefox Browser

VPN တကူးတစ်က သုံးစရာမလိုဘဲ SSH Tunnel သုံးပြီး အလွယ်တကူ အမြန် ကြည့်မရတဲ့ website တွေ bypass လုပ်ကြည့်လို့ရပါတယ်။

အရင်ဆုံး SSH Server နဲ့ ကိုယ့် စက် ကြားမှာ authentication setup လုပ်ထားရပါမယ်။

Public key authentication သုံးတယ်ဆိုရင် ကိုယ့်စက်ရဲ့ public key ကို SSH Server ရဲ့ authorized_keys file မှာသွားထည့်ထားပါ။

ssh -ND 8080 username@remote_host

Windows သုံးရင် Command Prompt၊ Mac/Linux ဆို Terminal ဖွင့်ပြီး အပေါ်က ssh tunnel ဆောက်တဲ့ command ကိုရိုက်ထည့်ပြီး Enter။

Password authentication သုံးတယ်ဆိုရင်တော့ command run တဲ့အချိန်မှာ Password ရိုက်ထည့်ဖို့လိုပါလိမ့်မယ်။

Command ရိုက်ပြီးတာနဲ့ localhost:8080 Tunnel စ အလုပ် လုပ်နေပါပြီ။ Console မှာတော့ အောက်တစ်ကြောင်းဆင်းပြီး စာဆက်ရိုက်လို့မရဘဲ Foreground မှာ Run နေတဲ့ ပုံပြပါလိမ့်မယ်။

Firefox Browser ကိုဖွင့်ပြီး Setting ထဲက Network Settings ကိုသွားပါ။ Settings... ကို နှိပ်ပါ။

Manual proxy configuration ကို နှိပ်ပြီး ပုံမှာပြထားတဲ့ အတိုင်း SOCKS Host ထဲမှာ localhost နဲ့ Port မှာ 8080 ထည့်ပါ။ SOCKS v5 ကိုရွေးပါ။ OK နှိပ်။

ဒါဆိုရင်တော့ Firefox က ဖွင့်သမျှ traffic တွေ SSH Tunnel က တစ်ဆင့် ထွက်ပြီး ကြိုက်တဲ့ Website ဖွင့်လို့ရပါပြီ။

သုံးဖို့ မလိုလို့ ပိတ်ချင်ရင် SSH Tunnel command run ထားတဲ့ Command/Terminal Ctrl + C နှိပ်ပြီး ပိတ်လိုက်လို့ရပါတယ်။ Firefox မှာလည်း Connection Settings မှာလည်း ပုံမှန်အတိုင်း No Proxy ပြန်ထားလိုက်ပါ။

မှတ်ချက်။ Server, System Administration ပိုင်း ကျွမ်းကျင်သူများ အတွက် အရေးပေါ် ကျော်သုံး နည်းလမ်းတစ်ခု အနေဖြင့်သာ ရည်ရွယ်ပါသည်။ သာမန် User တွေအတွက် မလွယ်ကူပါ။

Aung Kyaw Minn

tallysale.com

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read133
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read265
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read289
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read319
How to connect On Premises Network and Cloud (AWS)? (Part-1)
M

Myanmar Technical Blog

110 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...