# SSH Tunnel သုံးပြီး ကြည့်ချင်တဲ့ Website ကျော်ကြည့်နည်း

လိုအပ်ချက်များ

* SSH Server on Cloud with public IP
    
* Firefox Browser
    

VPN တကူးတစ်က သုံးစရာမလိုဘဲ SSH Tunnel သုံးပြီး အလွယ်တကူ အမြန် ကြည့်မရတဲ့ website တွေ bypass လုပ်ကြည့်လို့ရပါတယ်။

အရင်ဆုံး SSH Server နဲ့ ကိုယ့် စက် ကြားမှာ authentication setup လုပ်ထားရပါမယ်။

Public key authentication သုံးတယ်ဆိုရင် ကိုယ့်စက်ရဲ့ public key ကို SSH Server ရဲ့ authorized\_keys file မှာသွားထည့်ထားပါ။

```bash
ssh -ND 8080 username@remote_host
```

Windows သုံးရင် Command Prompt၊ Mac/Linux ဆို Terminal ဖွင့်ပြီး အပေါ်က ssh tunnel ဆောက်တဲ့ command ကိုရိုက်ထည့်ပြီး Enter။

Password authentication သုံးတယ်ဆိုရင်တော့ command run တဲ့အချိန်မှာ Password ရိုက်ထည့်ဖို့လိုပါလိမ့်မယ်။

Command ရိုက်ပြီးတာနဲ့ localhost:8080 Tunnel စ အလုပ် လုပ်နေပါပြီ။ Console မှာတော့ အောက်တစ်ကြောင်းဆင်းပြီး စာဆက်ရိုက်လို့မရဘဲ Foreground မှာ Run နေတဲ့ ပုံပြပါလိမ့်မယ်။

Firefox Browser ကိုဖွင့်ပြီး Setting ထဲက Network Settings ကိုသွားပါ။ Settings... ကို နှိပ်ပါ။

![](https://cdn.hashnode.com/res/hashnode/image/upload/v1717589054724/4da6569b-4160-4b3e-824e-64dc263847e9.png align="center")

Manual proxy configuration ကို နှိပ်ပြီး ပုံမှာပြထားတဲ့ အတိုင်း SOCKS Host ထဲမှာ localhost နဲ့ Port မှာ 8080 ထည့်ပါ။ SOCKS v5 ကိုရွေးပါ။ OK နှိပ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1717589210060/bfc98d14-d1fd-4570-afec-4f586ccb6dcf.png align="center")

ဒါဆိုရင်တော့ Firefox က ဖွင့်သမျှ traffic တွေ SSH Tunnel က တစ်ဆင့် ထွက်ပြီး ကြိုက်တဲ့ Website ဖွင့်လို့ရပါပြီ။

သုံးဖို့ မလိုလို့ ပိတ်ချင်ရင် SSH Tunnel command run ထားတဲ့ Command/Terminal Ctrl + C နှိပ်ပြီး ပိတ်လိုက်လို့ရပါတယ်။ Firefox မှာလည်း Connection Settings မှာလည်း ပုံမှန်အတိုင်း No Proxy ပြန်ထားလိုက်ပါ။

မှတ်ချက်။ Server, System Administration ပိုင်း ကျွမ်းကျင်သူများ အတွက် အရေးပေါ် ကျော်သုံး နည်းလမ်းတစ်ခု အနေဖြင့်သာ ရည်ရွယ်ပါသည်။ သာမန် User တွေအတွက် မလွယ်ကူပါ။

Aung Kyaw Minn

[tallysale.com](https://tallysale.com)
