Skip to main content

IAM Users, User Groups and Roles

Updated 2 min readMarkdown
Part of seriesAWS
IAM Users, User Groups and Roles

အားလုံးဘဲ မင်္ဂလာပါ။ ဒီတခါ sharing လုပ်ပေးချင်တာက တော့ AWS သုံးမယ်ဆိုရင် မဖြစ်မနေ သိထားရမယ့်

IAM Users, User Groups and Roles အကြောင်းဘဲ ဖြစ်ပါတယ်။

IAM Users

  • AWS ကို သုံးမယ် ဆိုရင် Daily work တွေ အတွက် Root user ကို မသုံးသင့် ဘူးဆိုတာ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ အဲ့ဒါကြောင့်မလို့ AWS ကို သုံးဖို့ အတွက် IAM users တွေ Create လုပ်ပေးရပါမယ်။

  • IAM user ‌‌create လုပ်ပြီးပြီ ဆိုရင် အဲ့ user အတွက် သက်ဆိုင်ရာ permissions သတ်မှတ် ‌ ပေးရပါမည်။ IAM users တိုင်းကို မလိုအပ်ဘဲနဲ့ Admin permissions ပေးစရာမလိုပါ။

  • Job Functions မတူတဲ့ user တွေ ကိုယ့် user ကိုယ့် permissions သတ်မှတ်ချက်နဲ့ သီးသန့် သုံးဖို့ အတွက် ဖြစ်ပါတယ်။ (e.g Admin, Developer, tester,….)

  • IAM user နှင့် login ဝင်ရန် Username + password လိုအပ်ပါသည်။

  • IAM user တစ်ယောက်ချင်းစီ ကို သီးခြားစီ Manage လုပ်နိုင်ပါသည်။

Figure - IAM users

User Groups

  • User Groups ဆိုသည်မှာ အလွယ်ပြောရရင် permissions တူတဲ့ IAM users တွေကို စု ထားတဲ့ Group တစ်ခုဖြစ်ပါတယ်။

  • (e.g - Developers 3 ယောက်အတွက် Group တစ်ခု create လုပ်ပြီး အဲ့ Group ထဲကို IAM user 3 ယောက် ထည့်ထားခြင်းဘဲ ဖြစ်ပါတယ်။ Group ကို permission ပေးလိုက်တာနဲ့ group ထဲ မှာ ရှိတဲ့ user တိုင်းကို အဲ့ permission သက်ရောက်သွားမှာ ဖြစ်ပါတယ်။

Figure - IAM User Groups

Roles

  • Roles ဆိုတာ သတ်မှတ်ထားတဲ့ permissions တွေပါတဲ့ temporary identity တစ်ခုဖြစ်ပါတယ်။

  • အဲ့ဒီRoles ကို AWS services (E.g EC2) , users ‌‌တွေက ယူသုံးလို့ရပါတယ်။

  • Roles တစ်ခု create လုပ်တဲ့ အခါမှာ AWS Services ‌‌ တွေ က ဒီroles ကိုသုံးမှာလား ၊ AWS Account က ဒီ roles ကို သုံးမှာလားဆိုပြီး Trusted entity ‌ရွေးချယ်ပေးရပါတယ်။ ရွေးချယ်စရာ Trusted entity 5 မျိုးရှိပါတယ်။

  1. AWS Service

  2. AWS Account

  3. Web Identity

  4. SAML 2.0 federation

  5. Custom Trust Policy

ဒီလောက်ဆိုရင် IAM Users, User Groups and Roles အကြောင်းလေး သိလောက်ပြီ ထင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments yet. Be the first to comment.

More from this blog