# IAM Users, User Groups and Roles

အားလုံးဘဲ မင်္ဂလာပါ။ ဒီတခါ sharing လုပ်ပေးချင်တာက တော့ AWS သုံးမယ်ဆိုရင် မဖြစ်မနေ သိထားရမယ့်

IAM Users, User Groups and Roles အကြောင်းဘဲ ဖြစ်ပါတယ်။

### IAM Users

* AWS ကို သုံးမယ် ဆိုရင် Daily work တွေ အတွက် Root user ကို မသုံးသင့် ဘူးဆိုတာ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ အဲ့ဒါကြောင့်မလို့ AWS ကို သုံးဖို့ အတွက် IAM users တွေ Create လုပ်ပေးရပါမယ်။
    
* IAM user ‌‌create လုပ်ပြီးပြီ ဆိုရင် အဲ့ user အတွက် သက်ဆိုင်ရာ permissions သတ်မှတ် ‌ ပေးရပါမည်။ IAM users တိုင်းကို မလိုအပ်ဘဲနဲ့ Admin permissions ပေးစရာမလိုပါ။
    
* Job Functions မတူတဲ့ user တွေ ကိုယ့် user ကိုယ့် permissions သတ်မှတ်ချက်နဲ့ သီးသန့် သုံးဖို့ အတွက် ဖြစ်ပါတယ်။ (e.g Admin, Developer, tester,….)
    
* IAM user နှင့် login ဝင်ရန် Username + password လိုအပ်ပါသည်။
    
* IAM user တစ်ယောက်ချင်းစီ ကို သီးခြားစီ Manage လုပ်နိုင်ပါသည်။
    

![](https://cdn.hashnode.com/res/hashnode/image/upload/v1758691509327/20790eac-403b-4781-8874-f24d83a90511.png align="center")

**Figure - IAM users**

### User Groups

* User Groups ဆိုသည်မှာ အလွယ်ပြောရရင် permissions တူတဲ့ IAM users တွေကို စု ထားတဲ့ Group တစ်ခုဖြစ်ပါတယ်။
    
* (e.g - Developers 3 ယောက်အတွက် Group တစ်ခု create လုပ်ပြီး အဲ့ Group ထဲကို IAM user 3 ယောက် ထည့်ထားခြင်းဘဲ ဖြစ်ပါတယ်။ Group ကို permission ပေးလိုက်တာနဲ့ group ထဲ မှာ ရှိတဲ့ user တိုင်းကို အဲ့ permission သက်ရောက်သွားမှာ ဖြစ်ပါတယ်။
    
    ![](https://cdn.hashnode.com/res/hashnode/image/upload/v1758691548338/829ea9c4-97ef-48ff-b2a8-b42365d3bdf7.png align="center")
    

**Figure - IAM User Groups**

### Roles

* Roles ဆိုတာ သတ်မှတ်ထားတဲ့ permissions တွေပါတဲ့ temporary identity တစ်ခုဖြစ်ပါတယ်။
    
* အဲ့ဒီRoles ကို AWS services (E.g EC2) , users ‌‌တွေက ယူသုံးလို့ရပါတယ်။
    
* Roles တစ်ခု create လုပ်တဲ့ အခါမှာ AWS Services ‌‌ တွေ က ဒီroles ကိုသုံးမှာလား ၊ AWS Account က ဒီ roles ကို သုံးမှာလားဆိုပြီး Trusted entity ‌ရွေးချယ်ပေးရပါတယ်။ ရွေးချယ်စရာ Trusted entity 5 မျိုးရှိပါတယ်။
    

1. AWS Service
    
2. AWS Account
    
3. Web Identity
    
4. SAML 2.0 federation
    
5. Custom Trust Policy
    

![](https://cdn.hashnode.com/res/hashnode/image/upload/v1758691712727/4e6df360-9ddf-4a24-bbdf-351b378a29a5.png align="center")

ဒီလောက်ဆိုရင် IAM Users, User Groups and Roles အကြောင်းလေး သိလောက်ပြီ ထင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
