Skip to main content

Command Palette

Search for a command to run...

How to prepare Linux Foundation Certified Systems Administrator - LFCS exam? Tips and tricks (Myanmar Language)

Updated
2 min readView as Markdown
How to prepare Linux Foundation Certified Systems Administrator - LFCS exam? Tips and tricks (Myanmar Language)
P

A guy who loves technology.

ဒီနေ့ခေတ်မှာ Linux လို့ပြောလိုက်တာနဲ့အားလုံးနဲ့မစိမ်းတဲ့ ပင်ဂွင်းကောင်လေးကိုပြေးမြင်မိမှာပါ။

အရင် Tech grow မဖြစ်ခင်ကာလတွေတုန်းကတော့ Linux ဆိုတာ tech guru တွေလောက်ပဲသုံးပြီးသာမန် User တွေနဲ့ နည်းနည်းအရမ်းဝေးနေတယ်လို့ဆိုရပါမယ်၊ ဒါပေမဲ့ Tech trend တွေပြောင်းလာတာနဲ့ အမျှ ယနေ့ခေတ် Cloud Technology တွေ ၊ တခြားသော system ပိုင်း Deep dive တွေမှာ Linux က မဖြစ်မနေကိုသိရမဲ့ Platform တစ်ခုလိုဖြစ်လာပါတယ်။ စျေးကွက်မှာလည်း Linux certified ဆို demand ကများလာပါတယ် ၊ အတည်ပြောတာပါ တကယ် Linux ကိုသုံးကြည့်ပါ ပျော်ဖို့ကောင်းပါတယ်။ မပျော်လည်းသုံးပါ xD ပျော်လာပါလိမ့်မယ်

အဲတော့ ဘာလို့ Linux သုံးဖို့လိုလည်း ? ဘာကြောင့်လည်း ? ဆိုတာတွေတော့အများကြီးမပြောတော့ဘူး စာရှည်သွားမှာနဲ့ပျင်းဖို့ကောင်းမှာဆိုးလို့။

ကဲစလိုက်ကြရအောင် !!!

အဲတော့ LFCS exam ရဲ့အရင်ဆုံး exam ရဲ့ Domains & Competencies ကိုအရင်ပြောပြပါမယ်။

Operations Deployment 25%

Networking 25%

Storage 20%

Essential Commands 20%

Users and Groups 10% ဒါတွေကမေးခွန်းလာမဲ့ scope တွေပါ။

အချိန် - 2 နာရီ

မေးခွန်း - 20 ကနေ 25 ပုဒ် (ကျတော်ဖြေတုန်းက 24 ပုဒ်)

Passing score - 66 % အထက်ဆို အောင်ပါတယ်။

Exam center - ကျတော် support ကိုမေးတာကတော့ Home take ပဲရပါတယ်။

Price - exam only $ 395 (USD) / Bundle ကတော့ $595 (USD)

Retake - 2 times ပါ (ပထမဆုံး Fail ရင်လည်း နောက်တစ်ခေါက် free retake လို့ရပါတယ်)

OS - CentOS or Ubuntu (ကြိုက်တာကိုရွေးပြီး ဖြေလို့ရပါတယ်)

Exam booking လုပ်ရင် 30 minutes လောက်ခဏစောင့်ရပါတယ်။

Recommend course : Udemy / Linux foundation

Udemy : https://www.udemy.com/course/linux-foundation-certified-systems-administrator-lfcs/

Linux foundation : https://training.linuxfoundation.org/certification/linux-foundation-certified-sysadmin-lfcs/

ကျတော်ကတော့ Udemy ကနေ course ဝယ်ပါတယ် အဲကနေ coupon code ရတယ် အဲဒီ code က kodekloud ကို access ရပြီးတော့ Mock exam 4 ခုကို practice လို့ရပါတယ်။ အဲကနေလည်းလေ့ကျင့်ပါ နောက်ထပ်လည်း tips & tricks မှာထပ်ပြောပြပေးထားပါသေးတယ်။

Tips and tricks တွေကတော့ -

အချိန် ပါပဲ ပရိတ်သတ်ရေ ၊ အချိန်က 2 နာရီရပါတယ် မေးခွန်းက 20 ကနေ 25 အတွင်းလာပါတယ် စဉ်းစားချိန်သိပ်မရပါဘူး တစ်ပုဒ်ကိုစဉ်းစားတာရယ် Labs တွေရယ်အတွက်ကို ပျမ်းမျှ 4 min လောက်ပဲရပါတယ် syntax တွေကို အလွတ်ရအောင်ရိုက်နေတာထက် ဘာကြောင့် ဒီ command ကိုရိုက်ရတယ်ဆိုတာကို နားလည်အောင်လုပ် ပါ man page ကိုအချိန်အကြာကြီးလိုက်ကြည့်နေဖို့အချိန်မရှိပါဘူး ၊ အဲတော့သိတဲ့အတိုင်းပဲ do dirty hands ပါပဲ VM နဲ့ CentOs or Ubuntu တင်ပြီးတော့သာ တောက်လျှောက်လေ့ကျင့်ပါ Dump ဆိုတာကို စဉ်းကိုမစဉ်းစားပါနဲ့ ၊ ကျတော်ကတော့ CentOS Stream 8 နဲ့ ဖြေခဲ့ပါတယ် ၊ အိမ်မှာဖြေမယ်ဆိုရင်တော့ Noise အသံတွေ ၊ အင်တာနက် ၊ EPC ဒါတွေအကုန်လုံး ကို ကြိုတွက်ထားပါ၊ မြန်မာကနေဖြေမယ့်လူတွေအတွက်တော့ exam center တစ်ခုခုကို ကို book လုပ်ပြီးဖြေတာ အကောင်းဆုံးပါပဲ Exam risk က မယူတာအကောင်းဆုံးပါပဲ ၊ တစ်ခုခုဖြစ်ခဲ့ရင် ဆော်ရီးပါပဲ၊ ကျတော်ဖြေတုန်းက ခေါင်းညောင်းလို့ အပေါ်မော့လိုက်တာကို exam proctor ကဘာလို့အပေါ်ကြည့်တာလည်းတဲ့ ညောင်းလို့ဟလို့ xD ပြောချင်တာမပြောလိုက်ပါဘူး အိုခေဘာာလို့ပဲပြောလိုက်ပါတယ် :3

Syntax တွေအတွက် ကိုလည်း Github က ဒီတစ်ခုကိုညွန်းချင်ပါတယ်။

Link : https://github.com/simonesavi/lfcs

ဖြေပြီးသွားပြီဆိုတာနဲ့ Exam result ကတော့ 24 hr ကြာပြီးစောင့်ရပါတယ် အချိန်ပြည့်ပြီဆိုတာနဲ့ Linux foundation. က pass or fail ကို မေးလ်ပို့ပါတယ်။ Pass ဖြစ်ပြီဆိုတာနဲ့ Linux foundation ကနေ email ဝင်လာပါလိမ့်မယ် နောက်ပြီးရင်တော့ ဒီလို CERT လှလှလေးရပါပြီ။

အချိန်ပေးဖတ်ပေးဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ၊ ကျတော့် sharing ကနေ ဖတ်တဲ့သူတွေ ဖြေဆိုဖို့ လုပ်နေတဲ့သူတွေအတွက် အနည်းမျှ အထောက်အကူပြုမယ်ဆိုရင်ကိုပဲ ကျေနပ်ပါတယ် ၊ ကျတော်ပြောတာတွေမှာ ကျန်ခဲ့တာ မရှင်းခဲ့တာရှိရင် LinkedIn or Social media တစ်ခုခုကနေမေးနိုင်ပါတယ်။

Thanks all !!!

A guy who loves technology.

Pyae Phyo

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read132
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read253
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read280
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read312
How to connect On Premises Network and Cloud (AWS)? (Part-1)
M

Myanmar Technical Blog

110 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...