Skip to main content

Command Palette

Search for a command to run...

Business Model Canvas — Part 2

Updated
•1 min read•View as Markdown
Business Model Canvas — Part 2

၂။ ဝယ်သူ

ရောင်းကုန် နဲ့ အပ်စပ်တဲ့ ဝယ်သူတွေကို ကြိုတင် စဉ်းစားထားဖို့ လိုပါတယ်။

ကိုယ့်ရဲ့ ရောင်းကုန်ကို ဘယ်သူတွေက ဝယ်ယူသုံးစွဲမှာလဲ?

လူတွေကို အုပ်စုတွေခွဲ စဉ်းစားကြည့်ပါ။ ဥပမာ —

လူဦးရေအချိုးအစား — အသက်အရွယ်၊ ကျား (သို့) မ၊ ပညာရေးအဆင့်အတန်း၊ ဝင်ငွေပမာဏ၊ လူပျို (သို့) အပျို၊ အိမ်ထောင်ရှိ၊ ကလေးရှိ။

နေထိုင်ရာဒေသ — နိုင်ငံ၊ ပြည်နယ် (သို့) တိုင်းဒေသကြီး၊ မြို့၊ မြို့နယ်၊ ကျေးရွာ (သို့) ရပ်ကွက် (သို့) အိမ်ရာ၊ လမ်း။

လူနှင့်နေရာ — နယ်မှ လယ်သမားများ၊ ရန်ကုန်ရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ မန္တလေးရှိ ဆိုင်ကယ်ကယ်ရီသမားများ။

ပြုမူ နေထိုင်မှုပုံစံ — ပရဟိတသမားများ၊ ရှေးရိုးစွဲလူကြီးများ၊ ကလပ်တတ်လေ့ရှိသူများ၊ စွန့်ဦးတီထွင်လူငယ်များ၊ ပညာရှင်များ၊ ဈေးထွက်ဝယ်လေ့ရှိသူများ၊ ညစာအပြင်မှာစားလေ့ရှိသူများ၊ ကိုယ်တိုင်အဝတ်လျှော်သူများ။

  • ဝယ်သူဖြစ်နိုင်ခြေရှိတဲ့ လူအုပ်စုတွေကို ရှာပါ။ ဥပမာ — ရန်ကုန်တိုင်းတွင် နေထိုင်သော အသက် ၂၂ နှစ်မှ ၄၄ အတွင်း ဘွဲ့ရပြီး အလုပ်အကိုင်ရှိသော အိမ်ထောင်မပြုရသေးသော စမတ်ဖုန်း အသုံးပြုသည့် အမျိုးသမီးများ။

  • အချက်အလက်များကို အခြေခံပြီး စုစုပေါင်း ဖြစ်နိုင်ခြေရှိသည့် ဝယ်သူဦးရေကို ခန့်မှန်းတွက်ကြည့်ပါ။

  • ရောင်းကုန်တူ လုပ်ငန်း ပြိုင်ဖက် အချက်အလက်တွေကို ရှာပြီး မိမိရနိုင်ခြေရှိသည့် ဝယ်သူဦးရေကိုလည်း ထပ်မံထွက်ချက်လို့ ရပါတယ်။

စုစုပေါင်း ဖြစ်နိုင်ခြေရှိသည့် ဝယ်သူဦးရေ ကို အခြေခံပြီး Bottom-up နည်းလမ်းဖြင့် Total Addressable Market (TAM) size ကို တွက်လို့ရနိုင်ပါတယ်။


၃။ ဝင်ငွေရလမ်း

ရောင်းရငွေ နဲ့ ဝန်ဆောင်ခ ဟာ လုပ်ငန်းတစ်ခုရဲ့ အဓိက ဝင်ငွေရလမ်းတွေဖြစ်ပါတယ်။

ရောင်းကုန်ဟာ ကုန်ပစ္စည်းဆိုလျှင် “ရောင်းရငွေ” ဟာ ဝင်ငွေရလမ်းဖြစ်ပြီး၊ ဝန်ဆောင်မှု ဆိုလျှင် “ဝန်ဆောင်ခ” ဟာ ဝင်ငွေရလမ်း ဖြစ်ပါတယ်။

ဝင်ငွေရလမ်းတွေကို ပုံစံအုပ်စုတွေ ခွဲပြီးကြည့်မယ်ဆိုလျှင် အောက်ပါ အတိုင်း ၄ မျိုး တွေ့ရပါလိမ့်မယ်။

(၁) အကြိမ်နဲ့ရ — ဝယ်သူ က ရောင်းကုန် ကို တစ်ကြိမ်ဝယ်တိုင်း တစ်ခါ ငွေပေးချေရပါတယ်။ သမရိုးကျ အပြင်မှာ တွေ့ရလေ့ရှိတဲ့ ဝင်ငွေရလမ်း ပုံစံဖြစ်ပါတယ်။

(၂) အချိန်နဲ့ရ — ဝယ်သူက ရောင်းကုန် ကို အချိန်တစ်ခုသတ်မှတ်ပြီး အချိန်ပေါ် မူတည်ပြီး ငွေပေးချေရပါတယ်။ တစ်နာရီ၊ တစ်ရက်၊ တစ်လ မှာ ငွေဘယ်လောက်ပမာဏ ရတယ်ဆိုတဲ့ ဝင်ငွေရလမ်းပုံစံ ဖြစ်ပါတယ်။

(၃) အလုပ်နဲ့ရ — ဝယ်သူက ရောင်းကုန် ကို အလုပ်ပြတ် ပုတ်ပြတ် တွက်ချက်ပြီး ငွေပေးချေရပါတယ်။ အလုပ်တစ်ခုပြီးလျှင် ငွေဘယ် လောက်ပမာဏ ရတယ်ဆိုတဲ့ ဝင်ငွေရလမ်းပုံစံ ဖြစ်ပါတယ်။

(၄) ထပ်တလဲလဲရ — ဝယ်သူတစ်ယောက်ရလိုက်တာနဲ့ ရောင်းကုန်ကို သုံးစွဲနေသမျှကာလပတ်လုံး ထပ်တလဲလဲ ငွေတွေ မပြတ်ရနေတဲ့ ဝင်ငွေရလမ်းပုံစံ ဖြစ်ပါတယ်။


Aung Kyaw Minn | Head of Technology
Onenex

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read133
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read265
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read288
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read319
How to connect On Premises Network and Cloud (AWS)? (Part-1)
M

Myanmar Technical Blog

110 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...