Skip to main content

Command Palette

Search for a command to run...

Business Model Canvas — Part 1

စီးပွားရေးလုပ်ငန်း တည်ဆောက်မှု ပုံစံ ကိုးကွက်

Updated
1 min readView as Markdown
Business Model Canvas — Part 1

Business Model Canvas (BMC) ဟာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို အကွက် ၉ ကွက် အချက် ၉ ချက်ဖြင့် ရှင်းရှင်းလင်းလင်း ပုံဖော်လို့ရတဲ့ Tool တစ်ခုဖြစ်ပါတယ်။

လုပ်ငန်း အသစ် တစ်ခုကို တည်ထောင်ချင်တာဖြစ်စေ၊ လက်ရှိ လည်ပတ်နေတဲ့ လုပ်ငန်းတစ်ခုကို စနစ်တကျ နားလည်အောင် ရှင်းလင်း တင်ပြချင်တာဖြစ်စေ BMC ကိုသုံးလို့ရပါတယ်။

၁။ ရောင်းကုန်
၂။ ဝယ်သူ
၃။ ဝင်ငွေရလမ်း
၄။ ဈေးကွက်နေရာ
၅။ ရောင်းသူဝယ်သူ ဆက်ဆံရေး
၆။ လုပ်ဆောင်ချက်
၇။ အရင်းအနှီး
၈။ ကုန်ကျစရိတ်
၉။ စီးပွားဖက်

မှတ်လို့လွယ်အောင် ၁ ကနေ ၉ အထိ နံပါတ်စဉ်တွေ တပ်ထားပေမယ့် အစဉ်လိုက်ဖြစ်ရမယ် စဉ်းစားရမယ် လို့ မကန့်သတ်ထားပါဘူး။

တကယ့်လက်တွေ့မှာ အခြေအနေတွေပေါ် မူတည်ပြီး ရှေ့ နောက် ဦးစားပေး အစီအစဉ် တွေနဲ့ လွတ်လပ်စွာ စဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် ၉ ချက်စလုံး ပါမှ ပြည့်စုံမှာပါ။ ၉ ချက်စလုံး စဉ်းစားဖို့ လိုပါတယ်။

စီးပွားရေးလုပ်ငန်း တည်ဆောက်မှု ပုံစံ ကိုးကွက်


၁။ ရောင်းကုန်

လုပ်ငန်းမှာ ရောင်းချမယ့် ကုန်ပစ္စည်း သို့မဟုတ် ဆောင်ရွက်ပေးမယ့် ဝန်ဆောင်မှု ဖြစ်ပါတယ်။

တန်ဖိုးရှိတဲ့ ရောင်းကုန်တစ်ခုဟာ ဈေးကောင်းရတယ်။

ဒီနေရာမှာ “တန်ဖိုး” ဆိုတာဟာ အရေးကြီးပါတယ်။ ဝယ်ယူသုံးစွဲသူက ဘာတန်ဖိုး တစ်ခုရသွားမလဲ ဆိုတဲ့ အချက်ကို ဒီနေရာမှာ စဉ်းစားရမှာပါ။ လူတွေအတွက် တန်ဖိုး ဖြစ်တဲ့ အရာတွေဟာ အကောင်းဆုံး ရောင်းကုန်တွေဖြစ်ပါတယ်။

ရောင်းကုန် ဟာ တန်ဖိုး ရှိဖို့ လိုပါတယ်။

“တန်ဖိုး” ကို

လူတွေရဲ့ လိုအပ်မှု နှင့် လိုချင်မှုတွေ အပေါ် အခြေခံပြီး စဉ်းစားမယ်ဆိုရင် —

(က) အသက်ရှင်ဖို့ မရှိမဖြစ် သုံးစွဲရတဲ့ အရာတွေဟာ “လိုအပ်တန်ဖိုး” ဖြစ်တယ်။ ဥပမာ — အစားအစာ၊ အဝတ် ၊ နေအိမ်။

(ခ) မရှိလည်းဖြစ်ပေမယ့် စိတ်ခံစားမှုအမျိုးမျိုးကြောင့် သုံးစွဲတဲ့ အရာတွေဟာ “လိုချင်တန်ဖိုး” ဖြစ်တယ်။ ဥပမာ — ကစားစရာ အရုပ်၊ ဖျော်ဖြေမှု၊ လတ်ဝတ်ရတနာ။

အသုံးဝင်မှု အပေါ် အခြေခံပြီး စဉ်းစားမယ်ဆိုရင် —

(က) အဆင်ပြေ — လွယ်ကူပြီး အချိန်ကုန်သက်သာခြင်း။

(ခ) တွေ့ကြုံခံစား — အရသာထူးခြားခြင်း၊ နူးညံ့ခြင်း၊ လှပခြင်း၊ အပြောအဆို ချိုသာခြင်း။

(ဂ) စိတ်ချ — ပစ္စည်းဆိုလျှင် တာရှည်ခံ မပျက်စီး၊ ဝန်ဆောင်မှုဆိုလျှင် အမြဲတမ်းရပြီး အချိန်မရွေးဝန်ဆောင်ပေးနိုင်။

တန်ရင် ဈေးမကြီးဘူး။


Aung Kyaw Minn | Head of Technology
Onenex

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read86
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read218
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read264
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read301
How to connect On Premises Network and Cloud (AWS)? (Part-1)

Accessibility for Designer

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

Nov 21, 20253 min read88
Accessibility for Designer
M

Myanmar Technical Blog

109 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...