Business Model Canvas — Part 1
စီးပွားရေးလုပ်ငန်း တည်ဆောက်မှု ပုံစံ ကိုးကွက်
Table of contents
No headings in the article.
Business Model Canvas (BMC) ဟာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို အကွက် ၉ ကွက် အချက် ၉ ချက်ဖြင့် ရှင်းရှင်းလင်းလင်း ပုံဖော်လို့ရတဲ့ Tool တစ်ခုဖြစ်ပါတယ်။
လုပ်ငန်း အသစ် တစ်ခုကို တည်ထောင်ချင်တာဖြစ်စေ၊ လက်ရှိ လည်ပတ်နေတဲ့ လုပ်ငန်းတစ်ခုကို စနစ်တကျ နားလည်အောင် ရှင်းလင်း တင်ပြချင်တာဖြစ်စေ BMC ကိုသုံးလို့ရပါတယ်။
၁။ ရောင်းကုန်
၂။ ဝယ်သူ
၃။ ဝင်ငွေရလမ်း
၄။ ဈေးကွက်နေရာ
၅။ ရောင်းသူဝယ်သူ ဆက်ဆံရေး
၆။ လုပ်ဆောင်ချက်
၇။ အရင်းအနှီး
၈။ ကုန်ကျစရိတ်
၉။ စီးပွားဖက်
မှတ်လို့လွယ်အောင် ၁ ကနေ ၉ အထိ နံပါတ်စဉ်တွေ တပ်ထားပေမယ့် အစဉ်လိုက်ဖြစ်ရမယ် စဉ်းစားရမယ် လို့ မကန့်သတ်ထားပါဘူး။
တကယ့်လက်တွေ့မှာ အခြေအနေတွေပေါ် မူတည်ပြီး ရှေ့ နောက် ဦးစားပေး အစီအစဉ် တွေနဲ့ လွတ်လပ်စွာ စဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် ၉ ချက်စလုံး ပါမှ ပြည့်စုံမှာပါ။ ၉ ချက်စလုံး စဉ်းစားဖို့ လိုပါတယ်။
၁။ ရောင်းကုန်
လုပ်ငန်းမှာ ရောင်းချမယ့် ကုန်ပစ္စည်း သို့မဟုတ် ဆောင်ရွက်ပေးမယ့် ဝန်ဆောင်မှု ဖြစ်ပါတယ်။
တန်ဖိုးရှိတဲ့ ရောင်းကုန်တစ်ခုဟာ ဈေးကောင်းရတယ်။
ဒီနေရာမှာ “တန်ဖိုး” ဆိုတာဟာ အရေးကြီးပါတယ်။ ဝယ်ယူသုံးစွဲသူက ဘာတန်ဖိုး တစ်ခုရသွားမလဲ ဆိုတဲ့ အချက်ကို ဒီနေရာမှာ စဉ်းစားရမှာပါ။ လူတွေအတွက် တန်ဖိုး ဖြစ်တဲ့ အရာတွေဟာ အကောင်းဆုံး ရောင်းကုန်တွေဖြစ်ပါတယ်။
ရောင်းကုန် ဟာ တန်ဖိုး ရှိဖို့ လိုပါတယ်။
“တန်ဖိုး” ကို
လူတွေရဲ့ လိုအပ်မှု နှင့် လိုချင်မှုတွေ အပေါ် အခြေခံပြီး စဉ်းစားမယ်ဆိုရင် —
(က) အသက်ရှင်ဖို့ မရှိမဖြစ် သုံးစွဲရတဲ့ အရာတွေဟာ “လိုအပ်တန်ဖိုး” ဖြစ်တယ်။ ဥပမာ — အစားအစာ၊ အဝတ် ၊ နေအိမ်။
(ခ) မရှိလည်းဖြစ်ပေမယ့် စိတ်ခံစားမှုအမျိုးမျိုးကြောင့် သုံးစွဲတဲ့ အရာတွေဟာ “လိုချင်တန်ဖိုး” ဖြစ်တယ်။ ဥပမာ — ကစားစရာ အရုပ်၊ ဖျော်ဖြေမှု၊ လတ်ဝတ်ရတနာ။
အသုံးဝင်မှု အပေါ် အခြေခံပြီး စဉ်းစားမယ်ဆိုရင် —
(က) အဆင်ပြေ — လွယ်ကူပြီး အချိန်ကုန်သက်သာခြင်း။
(ခ) တွေ့ကြုံခံစား — အရသာထူးခြားခြင်း၊ နူးညံ့ခြင်း၊ လှပခြင်း၊ အပြောအဆို ချိုသာခြင်း။
(ဂ) စိတ်ချ — ပစ္စည်းဆိုလျှင် တာရှည်ခံ မပျက်စီး၊ ဝန်ဆောင်မှုဆိုလျှင် အမြဲတမ်းရပြီး အချိန်မရွေးဝန်ဆောင်ပေးနိုင်။
တန်ရင် ဈေးမကြီးဘူး။
Aung Kyaw Minn | Head of Technology
Onenex