Skip to main content

Command Palette

Search for a command to run...

Azure File Share Mount on Linux Machine

Updated
2 min read
Azure File Share Mount on Linux Machine

Azure ရဲ့ အသုံးများတဲ့ service တခု့ဖြစ်တဲ့ File Share Storage အကြောင်းလေးကို sharing လုပ်ပေးသွားပါမည်။

Azure Files Share Service ဆိုသည်မှာ Cloud Storage တစ်ခု့ဖြစ်ပြီး မိမိ စက်ထဲတွင် Data များကိုမသိမ်းပဲ Cloud ပေါ်ရှိ storage တစ်ခု့တွင်သိမ်းဆည်းထားခြင်းဟု့ပြောလို့ရပါသည်။ VM ကို terminate လုပ်သည့်တိုင်အောင် data များပျက်မသွားပဲ လိုအပ်သည့်အချိန်တွင် ပြန်လည် mount ယူ၍သုံးနိုင်ခြင်း portal မှ တဆင့် အသုံးပြု့ခြင်းများလုပ်နိုင်ပါသည်။

Azure File Share ကိုအသုံးပြု့လိုတယ်ဆိုရင်တော့ Linux နဲ့ Azure ကို knowledge အနည်းငယ်ရှိထားဖို့လိုမှာဖြစ်ပါတယ်။

Step 1:

Azure Portal မှာ storage account တစ်ခု့ဆောက်ပေးဖို့လိုမှာဖြစ်ပြီး storage account ရမှသာ file share service ကို create လုပ်လို့ရမှာဖြစ်ပါတယ်။အသုံးပြု့လိုတဲ့ storage quota ပမာဏကိုလဲ “Edit quota” ကိုနိုပ်၍ ညှိယူနိုင်ပါသည်။

အောက်ပါ ပုံများအတိုင်း တဆင့်ချင်းလုပ်သွားလို့ရပါတယ်။

Image 1:

Azure Portal

Image 2:

Storage Account

Image 3:

Storage Account Creating

Image 4:

Creating Azure file share

Image 5:

Azure file shares

Image 6:

Modify file share quota

Step 2:

မိမိ Linux Machine မှာ file share ကိုအသုံးပြု့လိုလျှင်တော့ ပထမအချက်အနေနဲ့ cifs client ကို install လုပ်ထားရမှာဖြစ်ပါတယ်။

$sudo apt install cifs-utils -y

Step 3:

File share အတွက်ဆောက်ထားတဲ့ directory လေးရဲ့setting ထဲသွားကာ connect ကိုနိုပ်ပြီး script ကို ကူးကာ မိမိ Linux Machine မှာ mount လုပ်နိုင်ပါတယ်။ Script တွင် permanent mount ပါပြီးသားဖြစ်သည်။

Image 7:

လေးထောင့်ကွက်ထဲရှိ Script command များကို copy ကူးကာ မိမိ Linux Machine တွင် ပြန်ရိုက်ပါမည်။

သတိထားရမည့်အနေနဲ့ script သည် sudo ဖြင့်သာ run နိုင်သောကြောင့် mount မည်ဆိုလျှင် mount point မှာ root user အနေဖြင့် ရှိနေမည်ဖြစ်ပြီး
user နှင့် group မှာ root သာ ဖြစ်နေလိမ့်မည်။

client အနေနဲ့ file share mount ထားတဲ့ directory ကို ဥပမာ- user(www-data)ကို သာလျှင် access ပေးချင်တယ်ဆိုလျှင်

file share service ကို mount စဥ်ထဲက မည့်သည့် user ကို share mount directory ကို access ပေးမည်ဟူသော သက်မှတ်ချက် ရေးပေးလိုက်ရန် လိုပါမည်။

ထို့ကြောင့် Azure file share ရှိ Linux Machine တွင် mount လုပ်ရန်ကူးလာသည့် script file ရှိ အောက်ဆုံး 2 ကြောင်းတွင် မိမိ access ပေးလိုသည့် user ၏ user id နှင့် group id ကိုအောက်ပါ အတိုင်းသက်မှတ်ပေးလိုက်ရန်လိုပါမည်။

sudo bash -c 'echo "//.....cred,uid=33,gid=33,dir_mode...'
sudo mount -t cifs //...cred,uid=33,gid=33,dir_mode....

Mount ပြီးလျှင် အောက်ပါ command ကိုရိုက်ကာ mount point ကိုစစ်ကြည့်နိုင်ပါသည်။

$df -h

အောက်ပါ command ကိုရိုက်၍လည်းfile share ကိုpermanent ဖြစ်စေရန် တခါတည်း config ရေးထားသည်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

$cat /etc/fstab

........................................................................။

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read46
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read208
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read234
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read297
How to connect On Premises Network and Cloud (AWS)? (Part-1)

Accessibility for Designer

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

Nov 21, 20253 min read85
Accessibility for Designer
M

Myanmar Technical Blog

109 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...