# Azure File Share Mount on Linux Machine

Azure ရဲ့ အသုံးများတဲ့ service တခု့ဖြစ်တဲ့ File Share Storage အကြောင်းလေးကို sharing လုပ်ပေးသွားပါမည်။

Azure Files Share Service ဆိုသည်မှာ Cloud Storage တစ်ခု့ဖြစ်ပြီး မိမိ စက်ထဲတွင် Data များကိုမသိမ်းပဲ Cloud ပေါ်ရှိ storage တစ်ခု့တွင်သိမ်းဆည်းထားခြင်းဟု့ပြောလို့ရပါသည်။ VM ကို terminate လုပ်သည့်တိုင်အောင် data များပျက်မသွားပဲ လိုအပ်သည့်အချိန်တွင် ပြန်လည် mount ယူ၍သုံးနိုင်ခြင်း portal မှ တဆင့် အသုံးပြု့ခြင်းများလုပ်နိုင်ပါသည်။

Azure File Share ကိုအသုံးပြု့လိုတယ်ဆိုရင်တော့ Linux နဲ့ Azure ကို knowledge အနည်းငယ်ရှိထားဖို့လိုမှာဖြစ်ပါတယ်။

Step 1:

Azure Portal မှာ storage account တစ်ခု့ဆောက်ပေးဖို့လိုမှာဖြစ်ပြီး storage account ရမှသာ file share service ကို create လုပ်လို့ရမှာဖြစ်ပါတယ်။အသုံးပြု့လိုတဲ့ storage quota ပမာဏကိုလဲ “Edit quota” ကိုနိုပ်၍ ညှိယူနိုင်ပါသည်။

အောက်ပါ ပုံများအတိုင်း တဆင့်ချင်းလုပ်သွားလို့ရပါတယ်။

Image 1:

![](https://miro.medium.com/v2/resize:fit:700/1*2M2k0e3KKPJUhk1n_4wjAw.png align="left")

Azure Portal

Image 2:

![](https://miro.medium.com/v2/resize:fit:700/1*05n5kC9L5NBN9RsE4Ok5rw.png align="left")

Storage Account

Image 3:

![](https://miro.medium.com/v2/resize:fit:700/1*-vROysC6l458usF2Y3iVEQ.png align="left")

Storage Account Creating

Image 4:

![](https://miro.medium.com/v2/resize:fit:700/1*2cqBDYdCyuBQd1yKigbd2g.png align="left")

Creating Azure file share

Image 5:

![](https://miro.medium.com/v2/resize:fit:700/1*2O82GGU_vYV75rGG3361-w.png align="left")

Azure file shares

Image 6:

![](https://miro.medium.com/v2/resize:fit:700/1*1Pte5RqiePu0ivc_MX-mOw.png align="left")

Modify file share quota

Step 2:

မိမိ Linux Machine မှာ file share ကိုအသုံးပြု့လိုလျှင်တော့ ပထမအချက်အနေနဲ့ cifs client ကို install လုပ်ထားရမှာဖြစ်ပါတယ်။

```bash
$sudo apt install cifs-utils -y
```

Step 3:

File share အတွက်ဆောက်ထားတဲ့ directory လေးရဲ့setting ထဲသွားကာ connect ကိုနိုပ်ပြီး script ကို ကူးကာ မိမိ Linux Machine မှာ mount လုပ်နိုင်ပါတယ်။ Script တွင် permanent mount ပါပြီးသားဖြစ်သည်။

Image 7:

![](https://miro.medium.com/v2/resize:fit:700/1*vK3SxVUhZCWTKQt1XfzMOg.png align="left")

လေးထောင့်ကွက်ထဲရှိ Script command များကို copy ကူးကာ မိမိ Linux Machine တွင် ပြန်ရိုက်ပါမည်။

သတိထားရမည့်အနေနဲ့ script သည် sudo ဖြင့်သာ run နိုင်သောကြောင့် mount မည်ဆိုလျှင် mount point မှာ root user အနေဖြင့် ရှိနေမည်ဖြစ်ပြီး  
user နှင့် group မှာ root သာ ဖြစ်နေလိမ့်မည်။

client အနေနဲ့ file share mount ထားတဲ့ directory ကို ဥပမာ- user(www-data)ကို သာလျှင် access ပေးချင်တယ်ဆိုလျှင်

file share service ကို mount စဥ်ထဲက မည့်သည့် user ကို share mount directory ကို access ပေးမည်ဟူသော သက်မှတ်ချက် ရေးပေးလိုက်ရန် လိုပါမည်။

ထို့ကြောင့် Azure file share ရှိ Linux Machine တွင် mount လုပ်ရန်ကူးလာသည့် script file ရှိ အောက်ဆုံး 2 ကြောင်းတွင် မိမိ access ပေးလိုသည့် user ၏ user id နှင့် group id ကိုအောက်ပါ အတိုင်းသက်မှတ်ပေးလိုက်ရန်လိုပါမည်။

```bash
sudo bash -c 'echo "//.....cred,uid=33,gid=33,dir_mode...'
sudo mount -t cifs //...cred,uid=33,gid=33,dir_mode....
```

Mount ပြီးလျှင် အောက်ပါ command ကိုရိုက်ကာ mount point ကိုစစ်ကြည့်နိုင်ပါသည်။

```bash
$df -h
```

အောက်ပါ command ကိုရိုက်၍လည်းfile share ကိုpermanent ဖြစ်စေရန် တခါတည်း config ရေးထားသည်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

```bash
$cat /etc/fstab
```

........................................................................။
