Skip to main content

Command Palette

Search for a command to run...

Open-source

Updated
•2 min read•View as Markdown
Open-source
N

A DEVELOPER

Open-source code ဆိုတာဘာလဲ။

အရင်ဆုံး open-source ဆိုတာဘာလဲဆိုတာစကြရအောင်။ အလွယ်မှတ်ရရင် တော့ ကိုယ်ရေးထားတဲ့ ကုဒ်ကို တစ်ခြားသူတွေသုံးလို့၊ ပြုပြင်လို့ ရအောင် Permission ပေးလိုက်တယ်လို့ပဲမှတ်ထားလိုက်ရင်ရပြီ။ မေးစရာရှိတာက ကိုယ်အပင်ပန်းခံပြီး ရေးထားတာကို ဘာလို့ သူများကိုပေးသုံးမှာလဲ ဆိုတာပဲ။ ဆိုတော့ ကိုယ်တိုင်ကော သူများရေးထားတဲ့ open source libraries, plugins, frameworks တွေကို သုံးဖူးလား ဆိုတာပြန်စဉ်းစားဖို့ လိုလာလိမ့်မယ်။ အဲ့လိုသုံးပြီးတော့ ကိုယ့် project requirements ကို resolve လုပ်နိုင်ခဲ့တယ်ဆိုရင် အဲ့တာက open-source ရဲ့ အဓိက ရည်ရွယ်ချက်ပဲဆိုတာကို သိလာလိမ့်မယ်။ ကိုယ်ရေးထားတဲ့ module တစ်ခုက သူများအတွက်အသုံးဝင်နိုင်တယ်ထင်ရင် အလှူလုပ်သလိုပေးလိုက်တာမျိုးပဲ။ တစ်ချို့ကတော့ တမင်ကို အချိန်ပေးပြီး သူများတွေ ဘာအသုံးလိုမလဲ စဉ်းစားပြီး ဖန်တီးကြတာမျိုးလည်းရှိတာပေါ့။

License

Open-source ဆိုက အလကားပေးထားတယ်လို့အလွယ်မှတ်လို့ရပေမယ့် သက်ဆိုင်ရာလိုင်စင်တွေ (e.g MIT) တွေရှိကြပါသေးတယ်။ အဲ့တာတွေက တော့ ဒီ article ရဲ့ ရည်ရွယ်ချက်မဟုတ်တော့ ကျော်ခဲ့ပါမယ်။

Skill vs Idea

Open-source မှာ အဓိကလိုအပ်တာက skill ထက် idea လို့ပဲ ကျွန်တော်မြင်မိပါတယ်။ ဒါကတော့ ကျွန်တော့တစ်ကိုယ်တည်းရဲ့ အမြင်ပါ။ ဘာလိုချင်တာလဲ ကို သေချာ လမ်းပြနိုင်ရင်ကို ဝိုင်းအကောင်အထည်ဖော်ပေးမယ့်သူတွေအများကြီးရှိပါတယ်။ ကုဒ်ကို အရမ်းကြီးစုတ်ပြတ်နေအောင် ရေးမထားရင်ကို ဝိုင်းပြင်၊ ဝိုင်းသုံးနဲ့ အနေအထားတစ်ခုကိုရောက်လာမှာပါ။

Open-source ကနေဘာတွေရမလဲ။

အသုံးပြုသူ

  • Solution - ဒါကတော့ရှင်းပါတယ်။ ကိုယ်လိုနေတဲ့ technical solution ကိုရတာပေါ့။

  • Transparency - Open-source code တွေကိုယ် ကိုယ်တိုင် ဝင်ဖတ်နိုင်တာကြောင့် close sourced တွေကိုသုံးတာထက်ပိုပြီးတော့ Transparency ရှိပါတယ်။

  • Flexibility - ကိုယ်နဲ့အဆင်မပြေတဲ့အပိုင်းရှိရင်လည်း အဲ့တာကိုပဲဖြုတ်ထုတ်ပြီး ကိုယ်ပိုင် maintained version ပြန်ထုတ်လို့ရနိုင်တာကလည်း အားသာချက်တစ်ခုပါပဲ။

  • Cost - ကိုယ်တိုင်ရေးရင် အချိန်တစ်ခုပေးရမှာကို ရေးထားပြီးသားကို အဆင်သင့်သုံး၊ ပြုပြင်သုံးလိုက်တော့ အချိန်ကုန်သက်သာ၊ ကုန်ကျစားရိတ်သက်သာပါတယ်။

  • Security - ကိုယ်တိုင် သီးသန့်ဖန်တီးရင်တောင် မမြင်နိုင်တဲ့ security ပြသနာတွေက open-source ရဲ့ community ကြောင့် တော်တော်များများက ကာကွယ်ပြီးသား ဖြစ်နေတတ်ပါတယ်။

  • Collaboration - ကိုယ်ပြုပြင်လိုက်တဲ့ အရာတစ်ခုက တစ်ခြားသူတွေအတွက်အသုံးဝင်မယ်ထင်ရင် ဝင်ပြီး contribute လုပ်နိုင်ပါသေးတယ်။

ဖန်တီးသူ၊ ဝိုင်း contribute လုပ်သူ

  • ပထမဆုံး အချက်အနေနဲ့ open-source တွေက free ပေးထားရတာမလို့ Image တစ်ခု အနေနဲ့ကလွဲပြီး ရစရာမရှိပါဘူး။ ဒါပေမယ့် buy me a coffee လိုမျိုးကနေ တစ်ဆင့် မုန့်ဖိုးရတာမျိုးတွေ၊ sponsor တွေကနေ ရတာမျိုးတွေရှိပါတယ်။ အဲ့အပြင် main project တစ်ခုကို free ပေးပြီး တစ်ခြား လိုအပ်တဲ့ extensions, plugins တွေကိုရောင်းတာမျိုးကနေလည်း ဝင်ငွေရပါသေးတယ်။ ဒါကတော့ open-source ပါးဝ တယ်လို့ပြောရမှာပေါ့လေ။

  • ‌နောက်တစ်ခုကတော့ကိုယ့်ကုဒ်တွေကို ဝင်ဖတ်ကြပြီး ဝေဖန်သုံးသပ်ကြတာမျိုးတွေက လည်း တစ်ကယ်ကို အရေးပါတဲ့ အကျိုးကျေးဇူးတွေပါပဲ။ အနည်းဆုံး ငွေမရတောင် အတွေ့အကြုံတွေ၊ ပီတိတွေ တော့ရမှာပါ။

ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ

ကျွန်တော်သဘောကျမိတဲ့ open-source organization တစ်ခုဆိုရင် spate.be ပါပဲ။ အဲ့မှာ packages တွေကို opensource ပေးပြီးတော့ package အသုံးပြုနည်း screencast တွေကို subscription ရောင်းတာမျိုးတွေ၊ open-source ဖန်တီးရာကနေရလာတဲ့ reputation ကိုအသုံးချပြီးတော့ brand တည်ဆောက်၊ customer ရှာပြီး digital solution ပေးတာတွေ ကိုလုပ်ပါတယ်။ ကုသိုလ်လည်းရဝမ်းလည်းဝ ဆိုတာမျိုး က အဲ့တာမျိုးကိုပြောတာပါပဲ။ ဒါ့ကတော့ မြန်မာပီပီ မြန်မာစကားပုံနဲ့ နှိုင်းယှဉ်ပြတာဖြစ်ပါတယ်။

Open-source နဲ့ မြန်မာ

မြန်မာ မှာကတော့ သိကြတဲ့ အတိုင်း developers တွေက global rate တွေနဲ့မရတာတွေ၊ တိုးတက်တာနှေးတာတွေကြောင့် open-source community တွေက ထင်သလောက်မများသလို ထွန်းပေါက်ဖို့လည်း မလွယ်လှပါဘူး။ ကိုယ့်ဗိုက်မဖြည့်ပဲ သူများဗိုက် အရင်ဖြည့်ဖို့ဆိုတာကလည်း မလွယ်လှတာကိုး။ ဘာပဲဖြစ်ဖြစ် ခုနောက်ပိုင်းတော့ community တွေပေါ်လာကြပြီး ကိုယ့်ဗိုက်လည်းဖြည့် သူများကိုလည်းတစ်ဖဲ့ ကျွေးတာမျိုးတွေတော့လုပ်လာကြနေပါပြီ။ ပိုပြီးတော့လည်း များလာဖို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့အားလုံးလည်း ဝိုင်းဖန်တီးကြဖို့ လိုပါတယ်။

ကျွန်တော်တို့ကိုယ်တိုင်လည်း open-source packages တွေ ကိုဖန်တီးနေကြပါတယ်။ အခုကတော့ Laravel, Javascript တွေ အတွက် Laranex မှာ ဖန်တီးနေကြပါတယ်။ ‌ဒီ ‌Article အတွက်တော့ ဒီလောက်နဲ့ပဲရပ်ကြရအောင်။

Nay Thu Khant

Solution Architect @ onenex.co

228 views

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read133
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read265
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read289
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read319
How to connect On Premises Network and Cloud (AWS)? (Part-1)
M

Myanmar Technical Blog

110 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...