Null-safe operator

Search for a command to run...

No comments yet. Be the first to comment.
ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ဥပမာ prod...

ကိုယ့်ရဲ့ data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

ကိုယ့်ရဲ့ data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

Null-safe operator ဆိုတာက php 8 မှာအသစ်ပါလာတဲ့ syntax ပါ။ သူရေးတဲ့ ပုံစံက property တွေ method တွေကို access လုပ်တဲ့ operator နဲ့ဆင်တယ်။ ဒီလိုလေးရေးရပါတယ်။ "?->"
အရင်က php မှာကျနော်တို့ null တွေကိုစစ်ချင်ရင် အောက်ကပုံစံလိုစစ်ရတယ်ပေါ့နော်။
if($student !== null) {
$class = $student->getClass();
}
အဲ့လိုစစ်ဖို့က ကျနော်တို့ မဖြစ်မနေလိုအပ်ခဲ့တယ်ပေါ့နော်။ အဲ့လိုသာမစစ်ခဲ့ရင် $student က null ဖြစ်တယ်ဆိုပါစို့ php က $student->getClass() မှာ error တက်ပြီ။
အခု null-safe operator ပေါ်လာတော့ ကျနော်တို့က အောက်ကလို တစ်ကြောင်းထဲရေးလိုက်ရင် ရပါပြီ။
$class = $student?->getClass();
null-safe operator ရဲ့ အဓိက အလုပ်က သူရဲ့ ဘယ်ဘက်ခြမ်းက null ဖြစ်နေတာနဲ့ တန်းပြီး null ပြန်ပေးလိုက်တယ်။ ညာဘက်ခြမ်းကိုအလုပ်ဆက်မလုပ်တော့ဘူး။ သူက အောက်ကလိုအတွဲလိုက်ရေးလည်းရပါတယ်။
$class = $student?->getClass()?->getName();
Welcome to great days of PHP ပါ။ အသေးစိတ်ပိုသိချင်ရင် ဒီမှာ သွားကြည့်လို့ရပါတယ်။