Skip to main content

Command Palette

Search for a command to run...

Mpi ဆိုတာဘာလဲ သူ့ကို ဘယ်နေရာတွေမှာသုံးတာလဲ

Updated
2 min readView as Markdown
Mpi ဆိုတာဘာလဲ သူ့ကို ဘယ်နေရာတွေမှာသုံးတာလဲ

ဒီရက်ပိုင်းတွေမှာ ကျောင်းကဆရာမတွေကိုသတိရနေတာနဲ့ ကျောင်းမှာတုန်းက အမြည်းစမ်းသင်ခဲ့ရတဲ့ Topic လေးတစ်ခုကို ကျွန်တော် share ပေးချင်ပါတယ်...ဒီ content လေးထဲမှာ အမှားတွေပါကောင်းပါနိုင်ပြီး လွဲနေတာလေးတွေ ရှိရင်ရှိမာမို့လို့နားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်...

ကျတော်က MPI အကြောင်းကို အမြည်းကျွေးရုံမျှလောက်သာ သိသလောက်လေးပြောပြပေးသွားမှာဖြစ်ပါတယ်...

MPI ကို Message Passing Interface လို့အရှည်ကောက်ခေါ်ပါတယ်...သူက message passing library တစ်ခုဖြစ်ပြီး.. သူက ဘာကိုအဓိကအလုပ်လုပ်လဲဆိုရင် computer တွေတစ်လုံးနဲ့ တစ်လုံး အချင်းချင်းသူတို့နားလည်တဲ့ format နဲ့ message တွေပို့ကြပြီး...Parallel run ထားတဲ့ process တွေကို အချိန်တိုတို အတွင်းမှာ efficient ကောင်းကောင်းနဲ့ run နိုင်ဖို့ပဲဖြစ်ပါတယ်...ဥပမာ-နားလည်လွယ်အောင်ပြောရရင် computer တစ်လုံးထဲ run ရင် (10) နာရီလောက် ကြာမှ ပြီးနိုင်တဲ့ workload တစ်ခုကို computer (10)လုံးချိတ်ပြီး တစ်နာရီထဲနဲ့ပြီးအောင် run လိုက်တဲ့ သဘောမျိုးနဲ့ဆင်တူပါတယ်...

MPI Programs တွေကို implementation လုပ်တဲ့နေရာမှာ Prgramming Languages အမျိုးမျိုးနဲလုပ်လို့ရပါတယ်...pyMPI ကို python နဲ့ implementation လုပ်ဖို့သုံးပြီး၊ MPI.NET ကို C# နဲ့ implementation လုပ်ဖို့သုံးပါတယ်...

MPI Programs တွေကို cluster နဲ့ချိတ်ပြီး node1 မှာတော့ ဘယ် process ကို runမယ်၊ node2 မှာတော့ ဘယ် process ကိုrun မယ်ဆိုတာမျိုးတွေ implement လုပ်ကြပါတယ်...

MPI ကိုဘယ်မှာအဓိကသုံးလဲဆိုရင် Parallel Computing နဲ့ Monte Carlo Simulations တွေမှာသုံးကြပါတယ်...နောက်ထပ်သုံးတဲ့ နေရာတွေလည်းအများကြီးရှိပါသေးတယ်...

Parallel Computing အကြောင်းကို ကျွန်တော်သိသ‌လောက်လေး နဲနဲပြောပြပါမယ်..
Workload အကြီးကြီး တစ်ခုကို 8Cores 16GB RAM လောက်ရှိတဲ့ Computer တစ်လုံးပေါ်မှာ Run ရင် ဆယ်နာရီလောက်ကြာတယ်ဆိုကြပါစို့ parallel computing methodကို သုံးပြီး run မယ်ဆိုရင် တစ်နာရီလောက်နဲ့မြန်မြန်ပြီးသွားတဲ့ သဘောပါ။Parallel computing methods ကိုသုံးမယ်ဆိုရင် ခုနရှိခဲ့တဲ့ 8Cores 16GB RAM ရှိတဲ့ Computer လိုပဲ နောက်ထပ် Computer တစ်လုံး cluster ချိတ် Process အပိုင်းပိုင်းလေးတွေခွဲပြီး မြန်မြန်ပြီးအောင် run လိုက်တဲ့သဘောပဲဖြစ်ပါတယ်။Parallel Computing ကိုဘာလို့ သုံးလဲလို့မေးလာခဲ့ရင် အချိန်တိုတိုအတွင်းမှာ Computing Power အများကြီးရပြီး Process တစ်ခု မြန်မြန်ပြီးသွားဖို့ပဲဖြစ်ပါတယ်။ဥပမာ - မြန်မာနိုင်ငံမှာ Parallel Computingကိုသုံးဖို့ လုပ်ကြမယ် ဘယ်လို implement လုပ်ကြမလဲ ဆိုကြပါဆို့...Single Datacenter လေးတစ်ခုဆောက်မယ်ပေါ့လေ အဲ့ဒီ datacenter မှာ Core16 RAM32 ရှိတဲ့ Intel Xeon Processor နဲ့ Computer ဆယ်လုံးလောက် rack ထဲမှာ clusterပုံစံ ချိတ်ထားမယ်ပေါ့ဗျာ...ဒါဆိုရင် ကျတော်တို့မှာ Datacenter ရှိသွားပြီဆိုပါတော့... အဲ့အခါကျမှ ကျွန်တော် အ‌ပေါ်က mentioned လုပ်ခဲ့တဲ့ MPI Programs တွေနဲ့ချိတ်ဆက်ပြီးတော့ Master မှာတော့ ဘယ်လို Process တွေထားမယ် ဘယ် Node မှာတော့ ဘယ်လို process တွေ run မယ် ဘယ်လို Process တွေ မrun ဘူးဆိုတာမျိုးတွေ စဥ်းစားပြီး workloadကို ဘယ်လို Efficient ဖြစ်အောင်လုပ်မလဲဆိုတာ Implement လုပ်ရမှာပဲ ဖြစ်ပါတယ်။

MPI ဆိုတာဘာလဲ ဘယ်လိုအလုပ်လုပ်လဲဆိုတာ နဲနဲလေးသိသွားပြီလို့ထင်ပါတယ် အဆုံးထိ စိတ်ဝင်တစား ဖတ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ...

Reference link

https://www.dartmouth.edu/~rc/classes/intro_mpi/parallel_prog_compare.html
https://www.investopedia.com/terms/m/montecarlosimulation.asphttps://www.heavy.ai/technical-glossary/parallel-computing
https://ds.cs.luc.edu/mpi/mpi.html
https://www.techtarget.com/searchenterprisedesktop/definition/message-passing-interface-MPI
https://www.dartmouth.edu/~rc/classes/intro_mpi/parallel_prog_compare.html

203 views

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read132
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read253
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read280
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read312
How to connect On Premises Network and Cloud (AWS)? (Part-1)
M

Myanmar Technical Blog

110 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...