Skip to main content

Command Palette

Search for a command to run...

How to Deploy WordPress website on LightSail Container

Updated
2 min readView as Markdown
How to Deploy WordPress website on LightSail Container
  • အားလုံးပဲ မဂ်လာပါခင်ဗျာ ကျွန်တော်ဒီနေ့ AWS Lightsail Containerပေါ်မှာ WordPress site တစ်ခုကို ဘယ်လိုမျိုး Deploy လုပ်ရမလဲဆိုတဲ့ အကြောင်းလေးကိုပြောပြသွားမှာပဲ ဖြစ်ပါတယ်။

  • ဆိုတော့ သာမန် WordPress siteတစ်ခုကို Lightsail ပေါ်မှာ Deploy လုပ်တာနဲ့ နဲနဲကွဲပြားနေမှာပဲဖြစ်ပါတယ်။ ကျတော်တို့ကContainerပေါ်မှာ Deploy လုပ်မှာဖြစ်တဲ့အတွက် Containerနဲ့မရင်းနှီးသေးတဲ့ သူတွေအတွက် Container အကြောင်းကို နဲနဲလေးပြောပြပါမယ်။

  • Container ဆိုတာဘာလဲ?

    Container ဆိုတာကတော့ အလွယ်ဆုံးပြောရရင် OS တစ်ခုရဲ့ Libraries တွေ Dependencies တွေပါတဲ့ Box ကြီးတစ်ခုပေါ့ဗျာ...ready to use ကြီးပေါ့...သူ့ပေါ်မှာမှ ကျွန်တော်တို့ Laravel, Node,Vue,React အစရှိတဲ့ များစွာသော programming languages တွေနဲ့ရေးထားတဲ့ softwareတွေကို မြန်မြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူ Deployလုပ်လို့ရမှာပဲဖြစ်ပါတယ်။(ကျတ်ောတို့သွားချင်တဲ့ Topicက Containerအကြောင်းမဟုတ်တဲ့အတွက် Container အကြောင်းကို အကျယ်မရှင်းတော့ပဲ ဒီနေရာလေးမှာပဲ ရပ်ထားချင်ပါတယ်)။

  • ပထမဆုံးအနေနဲ့ wordpress site တစ်ခုကို Lightsail Container ပေါ်မှာ Deploy လုပ်တော့မယ်ဆိုရင် အခြေခံအကျဆုံး လိုအပ်တဲ့ service နှစ်ခုရှိပါတယ်။ ပထမတစ်ခုက Lightsail database ဖြစ်ပြီး နောက်တစ်ခုက‌တော့ Lightsail container ဖြစ်ပါတယ်။ aws console ထဲက Lightsail panel ထဲကိုသွားပြီး database tag အောက်မှာ Database တစ်ခုကို သွားပြီး create လုပ်ပါမယ်.

    ကျွန်တော်ကတော့ database location မှာ Singapore region ကိုပဲ ‌ရွေးပါတယ် MySQL version ကိုတော့ 8.0.31 ကိုပဲ ‌ရွေးလိုက်ပါတယ်...database plan ကိုတော့ first 3months free ရတဲ့ plan ကိုပဲ ရွေးလိုက်ပီး database ကို name တစ်ခုပေးပီး create လုပ်လိုက်ပါတယ်။

  • Specify login credentails နေရာမှာ database username နဲ့ password ကို ထည့်ပေးခဲ့ရမှာဖြစ်ပါတယ်. အလားတူ Specify the master database name နေရာမှာလည်းကိုယ်အသုံးပြုချင်တဲ့ database nameကို ထည့်ပေးခဲ့ရမှာဖြစ်ပါတယ်။

  • Lightsail မှာ database create လုပ်ပီးသွားရင်တော့ Lightsail container service ကိုသုံးပီး wordpress container တစ်လုံးကို create လုပ်ပါမယ်။

  • Container tag အောက်ကို သွားလိုက်ပါမယ်...db မှာလည်း singapore region ပဲရွေးခဲ့တာဖြစ်တဲ့အတွက် ကျတော်ကတော့ singpore region မှာပဲ Mi Micro နဲ့ container တစ်လုံးဆောက်ပါမယ်...Set up deployment မှာ Specify a custom deploy ကိုရွေးမှ public repo မှာရှိတဲ့ docker image ကိုလှမ်းခေါ်ပြီး သုံးလို့ရမှာဖြစ်ပါတယ်။ container name ကိုကြိုက်တဲ့ နာမည်ပေးလို့ရပါ ကျ‌တော်ကတော့ wordpress လို့သုံးလိုက်ပါမယ်... image name ကိုတော့ wordpress:5.6.0 ကိုသုံးမယ်ဆိုပီး ညွှန်းလိုက်ပါတယ် တစ်ခြား images တွေလည်းအများကြီးရှိပါတယ် ပီးရင် ကျတော်တို့ wordpress docker image မှာဘာတွေရေးထားလဲ သွားကြည့်ပါမယ်...
    အောက်က လင့်ခ်မှာဝင်ကြည့်လို့ရပါတယ်...

    https://hub.docker.com/_/wordpress

    အဲဒီမှာ env file တွေကို ဘယ်လို variable တွေသုံးထားလဲကြည့်လို့ရပါတယ်...အဲ့ဒီက variable တွေအတိုင်း container ရဲ့ Environment vairables တွေမှာထည့်ပေးရမှာဖြစ်ပါတယ်။ Keyရယ် Value ရယ်ဆိုပီး နှစ်မျိုးရှိတဲ့နေရာမှာ key နေရာမှာ ဥပမာ- WORDPRESS_DB_HOSTကို key နေရာမှာထည့်ပြီး value နေရာမှာ ခုနက create လုပ်ထားခဲ့တဲ့ DB Endpoint ကိုထည့်ရမှာဖြစ်ပါတယ်၊အလားတူ WORDPRESS_DB_USER,WORDPRESS_DB_PASSWORD, WORDPRESS_DB_NAME ဆိုတဲ့ variable တွေကိုလည်း ကျွန်တော်တို့ခုနက လုပ်ခဲ့တဲ့ DBက values တွေကို ထည့်ပေးရမှာဖြစ်ပါတယ်။

  • DB Enpoint ကို အောက်က ပုံမှာနမူနာပြထားပါတယ်။

    Deployment variable တွေကိုတော့ အောက်ကပုံအတိုင်းထည့်ပေးရမှာပါ.

  • ပြီးသွားရင်တော့ Add open ports မှာ HTTP port 80 ကိုထားလိုက်ပါမယ်.... select container မှာ ကျ‌တော်က အပေါ်မှာ wordpress လို့ရေးခဲ့တဲ့အတွက် wordpress ကိုရွေးလိုက်ပါမယ်။ အောက်မှာ identify your service ဆိုတာတွေ့ပါလိမ့်မယ် ဒါကတော့ အခုကျတော်တို့ create လုပ်မဲ့ container ရဲ့ name ဖြစ်ပီး ကြိုက်တာပေးလို့ရပါတယ်။ ကဲပီးသွားပီဆိုရင်‌တော့ create container service ဆိုတဲ့ button လေးကို နှိပ်ပြီး container ကို create လုပ်လိုက်ပါမယ်။ create လုပ်လိုက်တာနဲ့ container က auto deploy လုပ်သွားမှာဖြစ်ပီး env ဖိုင်တွေ မှန်မှန်ကန်ကန်ထည့်ခဲ့တယ်ဆိုရင် container endpoint(public domain) ကို browser ကနေ ခေါ်လိုက်တာနဲ့ wordpress setup page တက်လာမှာပဲဖြစ်ပါတယ်။

  • နောက်ဆုံးမှာတော့ Container Endpoint or Public Domain ကနေ ခေါ်လိုက်ရင် ကျွန်တော်တို့လိုချင်တဲ့ wordpress site လေးရလာပြီပဲဖြစ်ပါတယ်။

    အားလုံးပဲ အဆင်ပြေမယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာ။

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read132
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read253
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read280
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read312
How to connect On Premises Network and Cloud (AWS)? (Part-1)
M

Myanmar Technical Blog

110 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...