မြန်မာနိုင်ငံမှာ freelance developer အဖြစ် ၄နှစ်ကျော်၅နှစ်နီးပါး ဘယ်လိုရပ်တည်ခဲ့ရသလဲ?

I am an artificial intelligence model builder in Myanmar, and an educator about programming and machine learning.
Search for a command to run...

I am an artificial intelligence model builder in Myanmar, and an educator about programming and machine learning.
love yourself.
In this series, we will share about which soft skills we must have to take part in Technology Field
ခေါင်းစဉ်ကနည်းနည်းထူးဆန်းကောင်းထူးဆန်းပါလိမ့်မယ်။ beginner ဖြစ်ဖို့များ ပြင်ဆင်နေဖို့လိုသေးလို့လားပေါ့။ ကိုယ်တိုင်လည်း ဘာမှပြင်ဆင်မှုမရှိဘဲ စခဲ့တာပါ။ ဒါပေမယ့် အဲ့ဒါကြောင့်ပဲ အစမှာတင်ကတည်းက အမှားကြီးမှားပြီး အချိန်ကုန်ခဲ့ရပါတယ်။ 2021 ရဲ့ ပထမဆုံးsharin...
ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ဥပမာ prod...

ကိုယ့်ရဲ့ data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

ကိုယ့်ရဲ့ data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

ဒါကခဏခဏအမေးများတဲ့ မေးခွန်းပဲ။ freelance developer အနေနှင့်လုပ်ရတာက side job အနေနဲ့ရော main job အနေနဲ့ပါ လုပ်လို့ရတယ်။ ချမ်းသာလားဆိုရင်တော့ စားနိုင်သောက်နိုင်၊ ဝယ်ချင်တာဝယ်နိုင်၊ လူတန်းစေ့ဂေါ်နိုင်၊ ခရီးတွေဘာညာပတ်သွားနိုင်၊ လုပ်ချင်ရာလုပ်ခွင့်ရနိုင် အဲ့လောက်တော့ ကြွယ်ဝပါတယ်။ တကယ်လို့ ရေရှည်လည်ပတ်နိုင်စွမ်းရှိလာရင်တော့ company အဖြစ်ပြောင်းလဲကြတဲ့သူတွေများပါတယ်။
အဲ့လိုလုပ်ဖို့ဆိုရင်တော့ ဒီအချက်လေးတွေသိထားဖို့လိုတယ်။
- ကိုယ့်နည်းပညာလုပ်ငန်းနဲ့ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှုရှိတာ ဖြစ်ပါစေ။ ကိုယ်ဘာကို service ပေးနိုင်တယ်၊ မပေးနိုင်ဘူး၊ ကိုယ်က ဘာတွေလုပ်နေတယ်၊ စတဲ့အချက်တွေကို ကိုယ့်ရဲ့ လုပ်ငန်းအပ်မယ့် client အပေါ်ကို ပွင့်ပွင့်လင်းလင်းချပြပါ။ (ဘာလာလာရစေရမယ်ဆိုပြီး ခေါင်းငြိမ့်နေရင်တော့ Client ဘက်က တွန့်သွားတာ များပါတယ်)
- လုံလောက်တဲ့ Management skill ရော၊ technical skill ရော လိုအပ်ပါတယ်။ တဦးတည်းလုပ်ရမယ့်အခြေအနေလား၊ team ဖွဲ့ဖို့လိုလား၊ လိုတယ်ဆိုရင် အဲ့ team ကို human resources ဘယ်လိုခွဲမလဲ၊ team တခုလုံး run ဖို့ financial planning ဘယ်လိုသွားရမလဲ။ ဘယ်လို talent and skills တွေလိုအပ်လဲ။ ဘာနည်းပညာတွေသုံးမလဲ၊ ဒါတွေတွက်ချက်တတ်ဖို့ လုံလောက်တဲ့ပညာလိုအပ်ပါတယ်။ (ဒါကလုပ်ရင်းနဲ့ သေးသေးကနေ ကြီးကြီး အလိုလိုသင်သွားပါလိမ့်မယ်)
- paperwork ကိစ္စသိကိုသိရပါမယ်။ client နဲ့စာချုပ်ချုပ်ဖို့၊ ကိုယ့် team ထဲက coworker တွေကို စာချုပ်ချုပ်ဖို့၊ ၂ဦး၂ဘက် မနစ်နာစေဖို့အတွက် စာရွက်စာတမ်း၊ စည်းမျဉ်းစည်းကမ်းတွေ ကိစ္စကို သိရပါမယ်။ ကိုယ့်ဘက်ကချည်း အသာဖိချုပ်ရင်လညိး ကိုယ်နဲ့ရေရှည်လက်တွဲမယ့်သူ မမြဲပါဘူး။
- လိမ္မာပါးနပ်ပါ။ ကိုယ့်ကို လည်ပင်းကြိုးကွင်းစွပ်တဲ့ ပရောဂျက်တွေ၊ စာချုပ်တွေ အများကြီးရှိနိုင်ပါတယ်။ ခေါင်းပုံဖြတ်တဲ့စာချုပ်တွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကို မိတ်ပျက်မခံပဲနဲ့ လိမ္မာယဉ်ကျေးစွာ ငြင်းပယ်ပါ။ ဘယ်သူ့ကိုမှ အားနာဖို့ တာဝန်မရှိပါဘူး။ ဒါပေမယ့် ယဉ်ယဉ်ကျေးကျေးဆက်ဆံပါ အကုန်လုံးကို။ ငိုယိုဒရာမာခင်းပြပြီး ကြိုးတုပ်ရိုက်မယ့်လူလည်လူကောက်တွေများပါတယ်။ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ပါ။
- ကွက်ကျော်မရိုက်ပါနဲ့။ ရန်ကုန်မြို့မှာဆိုရင်တော့ ကွက်ကျော်ရိုက်တာတွေ ပေါပါတယ်။ အဲ့တာက ဈေးကွက်များလို့ သိပ်ဘာမှမဖြစ်ပေမဲ့ အထက်မြန်မာပြည်လိုနေရာမျိုးမှာတော့ ကွက်ကျော်ရိုက်ရင် နည်းပညာလောကကအရမ်းကျဉ်းလို့ ဆက်လက်အသက်မွေးဖို့ပါ မဖြစ်နိုင်တဲ့အခြေအနေရောက်နိုင်ပါတယ်။ ဒါ့ကြောင့် ကွက်ကျော်မရိုက်ပါနဲ့။ ကျင့်ဝတ်ရှိပါ။
- ပွဲစားတွေနဲ့ ချိတ်ဆက်ပါ။ ပွဲစားဆိုတာ ဒီလောကထဲက ကုဒ်မရေးပေမဲ့ Project ချပေးတဲ့လူတွေဖြစ်ပါတယ်။ သူတို့က ညွှန်းပေးတာနဲ့တင် referral fee 3% ပေးရပါတယ်။ ပျမ်းမျှကတော့ ပရောဂျက်ရဲ့ 3% - 10% ပေးရပါတယ်။ ကိုယ့်လုပ်ငန်းပူးပေါင်းမှုပေါ်မူတည်ပြီး ပိုပေးရတာတွေလည်းရှိပါတယ်။ အသေးစိတ်ညှိနှိုင်းတာက ကိုယ့်သဘောနဲ့ကိုယ်ပါ။ ၂ဦး၂ဘက်အဆင်ပြေမှလုပ်လို့ရတဲ့လုပ်ငန်းသဘောမို့ ပြည်တွင်းပြည်ပက ပွဲစားတွေကို လိုက်ချိတ်ဆက်ပါ။
- ပြည်ပ freelance Website တွေကနေ လိုက်ရှာပါ။ ဒါကတော့ သီးသန့်ရေးပါအုန်းမယ်။
အများကြီးကျန်ပါသေးတယ်။ ဆက်လက်ရေးသားပါအုန်းမယ်။