Skip to main content

Command Palette

Search for a command to run...

DaC Tools and Technique

Updated
2 min read
DaC Tools and Technique

Software တွေဖန်တီးရေးဆွဲ တဲ့အခါ Business System နဲ့ Software System ချိတ်ဆက် အလုပ်လုပ်ပုံတွေ၊ logic တွေ၊ workflow တွေကို Developer ဘက်ရော Business ဘက်က stakeholder တွေပါ နားလည်အောင် diagram တွေ ဆွဲပြီး communicate လုပ်ကြရပါတယ်။ Business Analysts, System Analysts တွေနဲ့ Developer တွေ အများဆုံးသုံးကြတာ Flowchart Diagram တွေဖြစ်ပါတယ်။

ပိုရှုပ်ထွေးတဲ့ Software တွေ တည်ဆောက်ရတဲ့ အခါ Flowchart အပြင်၊ ER Diagram, Sequence Diagram, Class Diagram, Use Case Diagram စတာတွေပါ ဆွဲပြီး communicate လုပ်ရလေ့ ရှိပါတယ်။

Diagram as Code (DaC) ဆိုတာ အထက်ပါပြောခဲ့တဲ့ Diagram တွေ အပြင် နည်းပညာနဲ့ သက်ဆိုင်တဲ့ Diagram တွေအများစုကို ကို instruction အချက်အလက်တွေနဲ့ Code ရေးပြီး ပုံဖော်လို့ရနိုင်တဲ့ နည်းလမ်း တစ်ခုပါ။

Google မှာ diagram as code လို့ရှာကြည့်ရင် MermaidJS, PlantUML, ... စတဲ့ DaC tools တွေအများကြီး တွေ့ရပါလိမ့်မယ်။

ဒီ post မှာတော့ DaC tool တစ်ခုဖြစ်တဲ့ MermaidJS နဲ့ တစ်ခြား tool ၂ ခု ပေါင်းစပ် အသုံးပြုပြီး Diagram တွေ ဘယ်လို ဆွဲလို့ရလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

  1. Mermaid JS (DaC Tool)

  2. ChatGPT (AI Tool)

  3. Diagrams.net (Diagramming Tool)

DaC ဘယ်လိုအလုပ်လုပ်လဲ ဆိုတာနဲ့ ရေးသားနည်းကို အဓိကမထားဘဲ၊ အထက်ပါ tools တွေကိုသုံးပြီး ကိုယ့်စိတ်ကူးထဲက ပုံဖော်ချင်တာတွေကို ဘယ်လို အမြန်ဆုံး အသုံးချလို့ရမလဲ ဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အရင်ဆုံး အောက်ပါ ChatGPT prompt format ကို သုံးပြီး DaC ကို generate လုပ်ကြည့်ပါမယ်။

Could you write me a [what DaC tool?] code for [what diagram?] diagram that presents [what function?]

[what DaC tool?] နေရာမှာ ရေးစေချင်တဲ့ DaC tool (mermaid js) ကို ထည့်ပါ။ [what diagram?] နေရာမှာ ဆွဲစေချင်တဲ့ diagram အမည် နဲ့ [what function?] နေရာမှာ ရှင်းလင်းရေးဆွဲစေလိုတဲ့ အကြောင်းအရာ ကိုထည့်ပါ။

ChatGPT ကထုတ်ပေးလိုက်တဲ့ code ကို ပုံပြန်ဖော်ဖို့အတွက်၊ Copy Code လုပ်ပါ။

https://app.diagrams.net ကိုသွားပါ။ ပုံပါ နေရာ အတိုင်းသွားပြီး code ကို Phase လုပ်ပြီး Insert လုပ်ပါ။

Insert နှိပ်ပြီးတာနဲ့ အောက်ပါအတိုင်း diagram ထွက်လာတာတွေ့ပါလိမ့်မယ်။

အထက်မှာ လုပ်ပြခဲ့တာဟာ tools တွေကို ဒီ လို technique သုံးပြီး လုပ်လို့ရတယ် ဆိုတာကို အဓိကပြောချင်တာပါ။

ပိုပြီး မှန်ကန်တိကျတဲ့ result တွေရဖို့ အတွက်ကတော့ ChatGPT prompt ရဲ့ [what functions?] ဆိုတဲ့ နေရာမှာ instruction statement, scenario တွေ သေချာ စဉ်းစားပြီး ရိုက်ထည့်ပေးဖို့လိုပါတယ်။

ဒီလမ်းကို သုံးပြီး လေ့လာသင်ယူတဲ့ နေရာမှာ၊ အလုပ်လုပ်တဲ့နေရာမှာ ပိုမို အကျိုးများလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဖတ်ရှုလေ့လာတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Aung Kyaw Minn | Head of Technology

Onenex

More from this blog

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read159
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read224
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read262
How to connect On Premises Network and Cloud (AWS)? (Part-1)

Accessibility for Designer

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

Nov 21, 20253 min read69
Accessibility for Designer

VPC Endpoint

အားလုံးဘဲ မင်္ဂလာပါ။ ဒီနေ့ sharing လုပ်ပေးချင်တာကတော့ VPC Endpoint အကြောင်းဘဲဖြစ်ပါတယ်။ VPC Endpoint ဆိုတာ VPC နဲ့ AWS services တွေ ကို public Internet ကို အသုံးမပြုဘဲနဲ့ Privately connect လုပ်ပေးတာ ဖြစ်ပါတယ်။ Internet Gateway, NAT Gateway နဲ့ Public...

Nov 18, 20252 min read97
VPC Endpoint
M

Myanmar Technical Blog

108 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...