Learn About Default VPC

အားလုံးဘဲ မင်္ဂလာပါ။
ဒီနေ့ sharing လုပ်ပေးချင်တာကတော့ AWS ရဲ့ Core Networking service ဖြစ်တဲ့ VPC အကြောင်းဘဲ ဖြစ်ပါတယ်။ AWS account create လုပ်လိုက်တာနဲ့ default ပါလာတဲ့ VPC အ ကြောင်းအရင်လေ့လာကြည့် ကြပါမယ်။
AWS account တစ်ခု create လုပ်လိုက်တာနဲ့ Region 1 ခုမှာ VPC 1 ခု default အနေနဲ့ ပါပါတယ်။
(Region 1 ခုမှာ အများဆုံး VPC 5 ခုထိ create လုပ်လို့ရပါတယ်။ Region 1 ခုမှာ VPC 5 ခုထပ် ပိုပြီး လိုချင်ရင်
တော့ AWS management console မှာ Service Quota Increase Request လုပ်ပေးရမှာပါ။ )

မတူညီတဲ့ Region ၊ မတူညီတဲ့ AZ အရေအတွက် ပေါ်မူတည်ပြီး ပါဝင်တဲ့ subnets အရေအတွက် ကွာသွားပါတယ်။ (e.g ap-southeast-1 region ဆိုရင် AZ 3 ခု ရှိလို့ subnets 3 ခု ပါဝင်ပါတယ်။ us-east-1 region ဆိုရင် AZ 6 ခု ရှိလို့ subnets 6 ခု ပါဝင်ပါတယ်။ )

Default VPC မှာ Route Table 1 ခု ၊ Internet Gateway 1 ခု ပါ ပါတယ်။
Default Route Table မှာ Route 2 ကြောင်း ပါ ပါတယ်။
Route Table မှာ ဘာ Route တွေ ပါလဲ ဆိုရင် VPC ထဲမှာ ရှိတဲ့ subnets အချင်းချင်း connect လုပ်နိုင်အောင် local route ရေးထားပါတယ်။
Destination: 172.31.0.0/16 (or your VPC’s CIDR block)
Target: local
Internet Gateway မှ တစ်ဆင့် Internet ထွက်နိုင်အောင်လို့ route ရေးထားပါတယ်။
Destination: 0.0.0.0/0
Target: igw-xxxxxxxx
Internet ထွက်နိုင်လို့ subnets တွေသည် Public subnet ဖြစ်ပါသည်။

Security Components အနေနဲ့ Default Network ACL နဲ့ Default Security group ၁ ခုစီ ပါ ပါသည်။
Default NACL, Security Group တွေ မ သုံး ဘဲနဲ့ စိတ်ကြိုက် ထပ်ပြီး create လုပ်လို့ရပါတယ်။
ဒီ လောက််ဆိုရင် တော့ Default VPC မှာ ဘာတွေပါ လဲ ဆိုတာ သိလောက်ပြီ ထင်ပါတယ်။






