Skip to main content

Command Palette

Search for a command to run...

Poka-Yoke (ပိုကာယိုကေ)

ဆော့ဖ်ဝဲတွေဖန်တီးတဲ့ နေရာမှာ ပိုကာယိုကေ နည်းစနစ်ကို အသုံးပြုခြင်း

Updated
•2 min read•View as Markdown
Poka-Yoke (ပိုကာယိုကေ)

Poka-Yoke ဆိုတာ ဂျပန်စကားဖြစ်ပြီး အမှားဖြစ်နိုင်ခြေကို ကြိုတင် ကာကွယ်တဲ့ နည်းစနစ်တစ်ခုပါ။ Poka-Yoke နည်းစနစ်ကို 1960 ဝန်းကျင်လောက်က ဂျပန်နိုင်ငံမှ Shigeo Shingo က Toyota Production System (TPS) ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ တီထွင်ခဲ့တာဖြစ်ပါတယ်။

အနှစ်ချုပ် -

အမှားဖြစ်ခြင်းရဲ့ အကြောင်းရင်းတွေကို ဆန်းစစ်ပြီး၊ အမှားမဖြစ်စေဖို့ ကြိုတင်ကာကွယ် ထားနိုင်မယ်ဆိုရင် ထုတ်ကုန်ပစ္စည်းရဲ့ အရည်အသွေးတွေ ပိုမိုကောင်းမွန်မှာဖြစ်တယ်။

Poka-Yoki နည်းစနစ်ကို ဆော့ဖ်ဝဲ ထုတ်ကုန်တွေ ဖန်တီးတဲ့ နေရာမှာ - ဘယ်လိုသုံးလို့ရမလဲ? ဘယ်လိုသုံးနေလဲ?

1) Input Validation & Error Messages
* Server မှာ Data တွေမသိမ်းခင်မှာ User Input အနေနဲ့ အမှားရှိ မရှိ စစ်ဆေးခြင်း နဲ့ အချက်အလက်တွေ မှန်အောင်ထည့်သွင်းဖို့ သတိပေးခြင်း။ ဥပမာ - Google Email Account ဖွင့်တဲ့ အချိန်မှာ သုံးထားတဲ့ ပုံစံကိုကြည့်ပါ။

ဒါက နမူနာ အနေနဲ့ပါ ဒီထက် ပိုကောင်းအောင် ထပ်စဉ်းစားလို့ရပါတယ်။ နမူနာအနေနဲ့ Mobile phone input box မှာ number တွေပဲ ထည့်လို့ရပြီး number ကလွဲရင် တစ်ခြား letter or symbol တွေ လုံးဝ ရိုက်လို့မရအောင် input event မှာဖမ်းပြီး ကြိုကာကွယ်ထားတာမျိုး။

2) Automatic Save
data ထည့်သွင်းပြီး မ သိမ်းမိလိုက်တာမျိုးကို data တွေ အလိုအလျောက် သိမ်းဆည်းပေး (Save) တဲ့ နည်းစနစ်မျိုး။ User က data တွေထည့်သွင်းပြီး Save ဖို့ မေ့သွားတာမျိုး၊ မထင်မှတ်တဲ့အကြောင်းတစ်ခုခုကြောင့် သုံးနေတဲ့ Device ပျက်သွားတာမျိုး စတာတွေကြောင့် Data တွေမဆုံးရှုံး ရအောင် ကြိုတင်ကာကွယ် ဖို့အတွက် ရည်ရွယ်ပါတယ်။ ဥပမာ - Google Docs တွေသုံးရင် User အလုပ်လုပ်နေချိန်တိုင်း Data ကို အလိုအလျောက် Save လုပ်ပေးတာမျိုး။

3) Version Control Systems
အမှားရှိမရှိစစ်စစ်ပြီး မိမိ လုပ်ထားတာတွေ (Code) ကို မရှုပ်အောင်၊ အခြားသူတွေ လုပ်ထားတာတွေ (Code) တွေ နဲ့ ရှင်းရှင်းလင်းလင်း ပေါင်းစပ်နိုင်အောင် လုပ်ပေးတဲ့ နည်းစနစ်မျိုး။ ဥပမာ - Git, Apache Subversion (SVN)

4) Unit Testing
Code ရဲ့ Functionality တွေကို စစ်ဆေးပြီး အမှားမရှိအောင် ကြိုကာကွယ်ပေးတယ်။ Unit Test တွေရေးထားပြီး run ချလိုက်ရင် အရင်ရေးထားတာတွေ အသစ်ထပ်ရေးတာတွေ ပေါင်းအလုပ်လုပ်တဲ့အခါ အမှားတွေရှိရင် error message အလိုအလျောက် ပေါ်လာလိုက်မယ်။ Deploy မလုပ်ခင် QA မစစ်ရသေးခင် ကြိုပြင်လို့ရတာပေါ့။ Deploy လုပ် QA စစ်ပြီးမှ error ပေါ်လို့လာလို့ ပြန်ပြင်ရရင် အချိန်တွေပိုကုန်ပါတယ်။

5) Continuous Integration/Continuous Deployment (CI/CD)
တစ်ခါ release လုပ်ရင် manual တစ်ခါ deploy လုပ်တဲ့အခါ Dependencies, Versions, Runtime Environments, ... စသဖြင့် မှားနိုင်ခြေတွေ ရှိပါတယ်။ CI/CD နည်းစနစ်ကို သုံးလိုက်ရင် တစ်ကြိမ်သာ အစီအစဉ်တွေ ကြိုသတ်မှတ်ထားပြီး Code ကို အလိုအလျောက် Build, Test, Deploy လုပ်ပေးနိုင်တယ်။ အဲ့တော့ အမှားနည်းသွားပြီး အချိန်ကုန်သက်သာ ပါတယ်။

ဒီနည်းလမ်းတွေကို ဆော့ဖ်ဝဲထုတ်ကုန်တွေ ဖန်တီးရာမှာ သေသေချာချာ စနစ်တကျ အသုံးပြုမယ် ဆိုလျှင် အမှားဖြစ်ပေါ်မည့် အခြေအနေတွေကို ကာကွယ်နိုင်ပြီး အသုံးပြုသူအတွက် အရည်အသွေးမြင့်မားတဲ့ ဆော့ဖ်ဝဲတွေကို ဖန်တီးနိုင်ပါတယ်။

Aung Kyaw Minn

Founder @ Tally Sale

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read133
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read265
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read289
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read319
How to connect On Premises Network and Cloud (AWS)? (Part-1)
M

Myanmar Technical Blog

110 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...