Skip to main content

Command Palette

Search for a command to run...

Introduction to Python

Week-0

Updated
•2 min read•View as Markdown
Introduction to Python

Program တစ်ခုဆိုတာ code တွေကို အစီစဥ်တကျ ရေးထားပြီးတော့ အဲ့ထဲကအရာတွေကို computer ကို ခိုင်းစေတာဖြစ်ပါတယ်။ အကြမ်းအားဖြင့်ဆိုရင် code ဆိုတာ စာကြောင်း( text) တစ်ခုပါ။ Code တွေကို ဘယ်နေရာမှာဖြစ်ဖြစ် ရေးလို့ရပေမဲ့ ပုံစံတကျဖြစ်အောင် Visual Studio Code( VS Code) လိုမျိုး text editor တွေကိုအသုံးပြုကြပါတယ်။ ဒါပေမယ့် CS50 သင်ခန်းစာတွေမှာတော့ Visual Studio Code cloud version ကို GitHub နဲ့ ချိတ်ဆက်ပြီး အသုံးပြုရပါတယ်။ အဲ့လိုအသုံးပြုခြင်းအားဖြင့် ရေးထားတဲ့ code တွေမှန်၊မမှန် checkရလွယ်ကူစေပါတယ်။ check ပြီးတဲ့ code တွေကိုလည်း submit လုပ်ပေးရပါတယ်။

ဒီတစ်ပတ်သင်ခန်းစာမှာတော့ programming languages တွေထဲကတစ်ခုဖြစ်တဲ့ Python ကို စတင်လေ့လာရမှာဖြစ်ပါတယ်။ python ကိုတော့ အခုမှ coding လောကထဲစဝင်လာတဲ့သူတွေတောင် အလွယ်တကူလေ့လာနိုင်တဲ့ beginner friendly language လို့ သတ်မှတ်ကြပါတယ် python language အသုံးပြုထားတဲ့ကုဒ်ဖိုင်တွေကို text editor မှာပါတဲ့ function icon တွေကနေတိုက်ရိုက်ဖန်တီးနိုင်သလို terminal window ကနေတဆင့် command line interface(CLI)ကိုအသုံးပြုပြီးလည်း ဖန်တီး ထိန်းချုပ်နိုင်ပါတယ်။

Python Language နဲ့ Code ရေးသားတဲ့နေရာမှာ ယေဘုယျအားဖြင့် Functions နဲ့ Arguments ဆိုပြီးရှိပါတယ်။ Function ဆိုတာကတော့ programmerက ခိုင်းစေချင်၊လုပ်ဆောင်ချင်တဲ့အရာကို computer နားလည်အောင်အသုံးပြုရတဲ့ keyword တွေပဲဖြစ်ပါတယ်။ Argument ဆိုတာကတော့ programmer အသုံးပြုထားတဲ့ function ကိုလိုက်ပြီး အဲ့functionရဲ့ သက်ရောက်ခြင်းကိုခံရမယ့် input ဖြစ်ပါတယ်။

print("Hello")

Output : Hello

ပြထားတဲ့ ဥပမာ မှာဆိုရင် argument ဖြစ်တဲ့ "Hello"က function ဖြစ်တဲ့ print မှာ input အနေနဲ့အသုံးခံထားရတာဖြစ်ပြီး print function ရဲ့ရလဒ် Hello ဆိုပြီး ထွက်လာတာ(print ထုတ်ထားခံရတာ) ဖြစ်ပါတယ်။

programကြီး ရေးသားတဲ့နေရာမှာ ရေးသားသူအတွက်လွယ်ကူအောင်၊ မြင်ရ၊ ပြန်သုံးရရှင်းအောင် ပြုလုပ်ထားတဲ့ variable လို အလွန်အသုံးဝင်တာတွေလည်းရှိပါတယ်။ အမျိုးအစားမတူတဲ့ပစ္စည်းတွေကို ကွန်တိန်နာထဲမှာထည့်သိမ်းပြီး လိုအပ်တဲ့အခါယူသုံးသလို string, integer အစရှိတဲ့ python data type အမျိုးမျိုးကို variable ထဲမှာ assignချပြီး သိမ်းထားလို့ရပါတယ်။

မမှားသင့်တာတွေ မလိုအပ်ဘဲဖြစ်လာရတဲ့ အချိန်ကုန်စေမယ့် bug တွေမဖြစ်စေဖို့ သူ့သတ်မှတ်ထားတဲ့ ရေးသားနည်းအတိုင်းရေးသားဖို့လိုအပ်ပါတယ်။ variable ကိုပြန်သုံးရလွယ်အောင် မြင်ရသူ၊ကုဒ်ဖတ်သူရဲ့မျက်လုံးထဲရှင်းအောင် format string တွေသုံးပြီး စီမံလို့ရပါတယ်။ အသုံးပြုသူဆီကရလာတဲ့ input တွေကို လိုအပ်သလိုပြုပြင်နိုင်အောင် ရေးဆွဲထားတဲ့ function မျိုးစုံလည်း ဒီ python language မှာရှိနေပါတယ်။

python ကိုအသုံးပြုပြီး ဒဿမကိန်း‌တွေအတွက် အပါအဝင် သင်္ချာလည်းတွက်လို့ရပါတယ်။ လက်တွေ့ကျောင်းသင်ခန်းစာမှာ အပေါင်း၊အနုတ်၊အမြှောက်၊အစားလိုပဲ operator တွေရှိပါတယ်။သူတို့နဲ့တွက်ရမယ့်အဆင့်တွေများတဲ့အခါ operatorရဲ့ level ကိုလိုက်ပြီး ဦးစားပေးရမယ့် operatorကိုရှာတဲ့နည်းလမ်းတွေလည်းရှိပါတယ်။

တချို့ပရိုဂရမ်‌တွေမှာ တူညီတဲ့ function တွေကို ထပ်ခါထပ်ခါအသုံးပြုရတဲ့အခါတွေမှာဆို python ရဲ့ built-in function‌တွေ method တွေကိုစုပေါင်းပြီး ကိုယ်ပိုင် function တစ်ခု ကိုလည်း စိတ်ကြိုက်တည်ဆောက်အသုံးပြုနိုင်ပါသေးတယ်။ ကိုယ့် code ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းကို အရေးပါဆုံးအစိတ်အပိုင်းကိုကိုယ်စားပြုတဲ့ function ကို main function ‌လို့ခေါ်သုံးလေ့ရှိကြပါတယ်။ ဒီတစ်ပတ် Week-0 အတွက်ကတော့ ဒီလောက်ပါပဲ။ week-1ကျမှ ပြန်ဆုံကြပါမယ်။

ဖတ်ရှုပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်။


Weekend Warriors

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read133
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read265
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read289
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read319
How to connect On Premises Network and Cloud (AWS)? (Part-1)
M

Myanmar Technical Blog

110 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...