# Startup & Smart Contract

Smart Contract ဆိုတာ Contract ဆိုတဲ့အတိုင်း ရိုးရိုး စာချုပ်စာတမ်းတွေလိုပဲ သဘောတူညီမှုရယူထားတဲ့ လုပ်ဆောင်ချက်တွေ၊ စည်းကမ်းချက်တွေကို ထည့်သွင်းရေးသားထားတာပါ။ ရိုးရိုး စာချုပ်စာတမ်း နဲ့ မတူတာက အဲ့ဒီ စည်းကမ်းချက်တွေအတိုင်း အလိုအလျောက် အကောင်အထည်ဖော်တဲ့ Program တနည်းအားဖြင့် blockchain ပေါ်မှာ အလိုအလျောက် run နိုင်တဲ့ program code လို့အလွယ်မှတ်နိုင်ပါတယ်။

ဒီ ဆောင်းပါးမှာတော့ Startup တွေ Smart Contract အသုံးပြူပြီး အရင်းနှီးရှာဖွေပြီး အကျိုးအမြတ်ခွဲဝေ ရာမှာအသုံးပြုပုံကိုပြောပြပေးမှာပါ။

### Smart Contract Token အမျိုးစားများ နဲ့ အသုံးပြုပုံ

* ### **Utility Tokens**
    
    ICO (ICO အကြောင်းအောက်မှာဆက်ရှင်းထားပါတယ်) တို့လို ရင်းနှီးမြုတ်နှံမှု လုပ်ဖို့မဟုတ်ဘဲ သူရဲ့ blockchain ecosystem အတွင်းက Product or service အတွက် ငွေပေးချေရာတွင်အသုံးပြုတဲ့Token ဖြစ်ပါတယ်။ Cloud storage, Decentralized applications (dApps) တွေအတွက် ငွေပေးချေရာတွင်အသုံးပြုပါတယ်။
    
* ### **Governance Tokens**
    
    Token ပိုင်ဆိုင်သူကို ဗဟိုချုပ်ကိုင်မှုမရှိသော platform ဒါမှမဟုတ် protocol တစ်ခုထဲမ ဆုံးဖြတ်ချက်များတွင် ပါဝင်ခွင့်ပေးထားတဲ့ Token အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဥပမာ - Token ပိုင်ဆိုင်သူတွေက protocol အဆင့်မြှင့်တင်မှုတွေဒါမှမဟုတ် လုပ်ဆောင်ချက်အသစ်တွေကို မဲပေး ရွေးချယ် ဆုံးဖြတ်နိုင်ပါတယ်။
    
* ### **Non-Fungible Tokens (NFTs)**
    
    NFT တွေဟာ Token ဖြစ်လို့ Unique ဖြစ်ပြီး သူနဲ့ထပ်တူညီလဲလို့ရတာမရှိပါဘူး။  ဒီဂျစ်တယ်နည်းနဲ့ရောင်းလို့ရတာတွေဟာ NFT အဖြစ်လုပ်လို့ပါတယ်။ ပုံဖြစ်စေ၊ အသံဖိုင်ဖြစ်စေ ၊ ဗီဒီယိုဖိုင်ဖြစ်စေ အကုန်လုံးဟာ NFT ဒီဂျစ်တယ် မူပိုင်ခွင့် အဖြစ်နဲ့ ရောင်းချလို့ရပါတယ်။
    

ဒါတွေကတော့အသုံးများတဲ့ Token use case တွေပါ။

### Startup တွေရဲ့ အရင်းနှီးရှာဖွေခြင်း ICO

ICO (Initial Coin Offering) ဆိုတာ ကနဦးအကြို ရှယ်ရာ ကို Block Chain တစ်ခုခုပေါ်မှာတည်ဆောက်ထားတဲ့ Digital token တွေကို ရောင်းချပြီး ရန်ပုံငွေရှာတယ်လို့ ပြောနိုင်ပါတယ်။ ICO ဆိုတာ သမားရိုးကျ ကုမ္ပဏီ လုပ်ငန်းတွေမှာ IPO ( Initial Public Offering ) လိုမျိုး ရင်းနှီးမြှုပ်နှံမယ့်သူများကို ရှယ်ယာပိုင်ဆိုင်ခွင့်ပေးပြီး လုပ်ငန်းဆိုင်ရာ ရံပုံငွေရှာဖွေခြင်းတစ်မျိုးပါဘဲ။

### Token Development အတွက်ဘာတွေလိုမလဲ?

Developer တစ်ယောက်အနေနဲ့ Smart Contract ကိုရေးသားဖို့ဆိုရင် solidity language ကိုသုံးပြီးရေးနိုင်ပါတယ်။ JS, Rust တို့မှာလဲ Library တွေအဆင်သင့်ယူသုံးနိုင်ပါတယ်၊၊ ပထမဆုံး ကိုယ့် Token က ဘယ် Blockchain ပေါ်မှာ ထားမလဲဆို တာ ရွေးချယ်ရပါမယ် Startup တွေအသုံးများတဲ့ Blockchain တွေကတော့

* Ethereum
    
* Binance Smart Chain
    
* Solana
    
* Polygon
    

တို့ဘဲဖြစ်ပါတယ် တစ်ခုခြင်းဆီမှာ အားသာချက်အားနည်းချက်တွေရှိကြပါတယ် ဥပမာအနေနဲ့ Solana က Gas Fee cost သက်သာပြီး အမြန်နှုန်းမှာလဲ တစ်စက္ကန့်ကို Transaction ပေါင်း 65,000 အထိ လုပ်ဆောင်နိုင်ပြီး ကမ္ဘာ့အမြန်ဆုံး Blockchain ထဲမှာပါပါတယ်။ Solana က တစ်ခြား Blockchain ထက် မြန်တာတင်မဟုတ်ပါဘူး၊ ကျွန်တော်တို့ လက်ရှိ အသုံးပြုနေတဲ့ Visa, Master Transaction ထက် တောင်မြန်ပါတယ်။ သို့ပေမယ့် ကွန်ရက် ပြတ်တောက်ခြင်းနှင့် အခြား သော Blockchain များနဲ့ နှိုင်းယှဥ်ရင် Decentralized ဗဟိုချုပ်ကိုင်မှုကင်းလွတ်မှု အားနည်းချင်းတို့ ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ့် Project အတွက် Token တည်ဆောက်ဖို့ Blockchain ကိုရွေးချယ်စဥ်းစားရာမှာ **Security, Gas Fee cost, Community and Support နဲ့ Scalability** တို့ကိုထည့်သွင်းစဥ်းစားသင့်ပါတယ်။

### Ref

[https://medium.com/coinmonks/10-top-blockchain-platforms-for-crypto-token-development-5381f801028e](https://medium.com/coinmonks/10-top-blockchain-platforms-for-crypto-token-development-5381f801028e)

Type of token- [https://hedera.com/learning/smart-contracts/types-of-smart-contracts](https://hedera.com/learning/smart-contracts/types-of-smart-contracts)
