Skip to main content

Command Palette

Search for a command to run...

SSH Tunnel သုံးပြီး Windows နဲ့ Command Line မှာ ကျော်သုံးမယ်

Updated
2 min readView as Markdown
SSH Tunnel သုံးပြီး Windows နဲ့ Command Line မှာ ကျော်သုံးမယ်

ခုရက်ပိုင်း GitHub ပိတ်တဲ့အထဲပါသွားတော့ remote git push ဖို့နဲ့ pull ဖို့ ပြဿနာတက်လာတော့ VPN software မသုံးဘဲ ဘယ်လိုနည်းနဲ့ လုပ်ရမလဲ ကြံဖန် စဉ်းစား လက်တွေ့စမ်းသပ်ကြည့်ရင်းနဲ့ ဒီနည်းလေးတွေ့လို့ မျှဝေပေးလိုက်ပါတယ်။

https://kalaung.org/ssh-tunnel-website ဒီ Post မှာ SSH Tunnel သုံးပြီး ကြည့်ချင်တဲ့ Website ကျော်ကြည့်နည်း ကို မျှဝေပေးခဲ့ပြီးပါပြီ။ အဲ့ Post ကို အရင်ဖတ်ပြီး လက်တွေ့လုပ်ထားဖို့လိုပါတယ်။ အဲ့တုန်းက Firefox browser မှာ ssh tunnel configure လုပ်ပြီး သုံးတဲ့ နည်း ဆိုတော့ Browser ကပဲ ကျော်ကြည့်လို့ရပါတယ်။ ပြဿနာက command line က git pull/push တို့ composer install တို့ npm install တို့ သုံးရင် ပိတ်ထားတော့ သုံးမရဘူး။


Configuring proxy setting for Windows

Browser မှာ tunnel configure လုပ်ပြီး ကျော်သလို Windows မှာ OS တစ်ခုလုံးအနေနဲ့ tunnel configure လုပ်လို့ရနိုင်တယ်လို့ စဉ်းစားမိပြီး Window Setting ထဲက Manual Proxy setup မှာ Proxy IP address နဲ့ Port ကိုသွားထည့်ပြီးစမ်းကြည့်ပါတယ်။ မရပါဘူး။ internet connection ပါ မရတော့။ နောက်ဆုံး ရှာရင်းဖွေရင်းနဲ့ Screenshot ပုံပါအတိုင်း IP address နဲ့ Socks config တွဲထည့်ရတာ တွေ့ပါတယ်။

ပုံပါအတိုင်း configure လုပ်၊ Save ပြီးတာနဲ့ Windows တစ်ခုလုံး System level ကနေ Bypass လုပ်နေပါပြီ။

Chrome, Edge, Firefox ဘယ် Browser တွေမှာပဲဖြစ်ဖြစ် Proxy Setting ကို System Proxy Setting ရွေးလိုက်တာနဲ့ Bypass လုပ်လို့ရပါပြီ။

မသုံးတော့ရင်တော့ Manual Proxy Setting မှာ Use a proxy server ကိုပြန် Off လုပ်ပါ။


Configuring proxy setting for Command Prompt

git လို composer လို Command line program တွေအတွက် Bypass လုပ်ဖို့ ALL_PROXY Environment Variable ထည့်ဖို့လိုပါသေးတယ်။ Command Prompt မှာ အောက်ပါအတိုင်း ရိုက်ထည့်ပါ။ ALL_PROXY, HTTP_PROXY, HTTPS_PROXY variable ၃ ခုစလုံး ထည့်ပါ။

set ALL_PROXY=socks5://127.0.0.1:8080
set HTTP_PROXY=socks5://127.0.0.1:8080
set HTTPS_PROXY=socks5://127.0.0.1:8080

ပြီးတာနဲ့ Command Prompt ကနေ ပိတ်ထားတဲ့ Site တွေကို Access လုပ်နိုင်ပါပြီ။ git github, composer, npm စတာတွေ အဆင်ပြေပြေ သုံးလို့ရပါပြီ။

set နဲ့ ဆို Command Prompt session တစ်ခုတည်းမှာပဲ Bypass ဖြစ်ပါတယ်။ ပိတ်လိုက်ရင် Variable က ပျက်သွားမှာပါ။ နောက်တစ်ခါဖွင့်ရင် တစ်ခါရိုက်ထည့်ရပါမယ်။


Permanent အနေနဲ့ ထည့်ချင်ရင်တော့ setx ကိုသုံးလို့ရပါတယ်။ အောက်ပါအတိုင်း ရိုက်ထည့်ပါ။

setx ALL_PROXY socks5://127.0.0.1:8080
setx HTTP_PROXY socks5://127.0.0.1:8080
setx HTTPS_PROXY socks5://127.0.0.1:8080

လက်ရှိ command prompt session ကိုပိတ်ပြီး အသစ်ပြန်ဖွင့်ရင် အလုပ်လုပ်ပါပြီ။ ဒါပေမယ့် command prompt တွေအားလုံးမှာ proxy ကြီး အမြဲထည့်ထားသလိုဖြစ်ပြီး tunnel မပွင့်နေရင် command prompt ကနေ internet access ရမှာမဟုတ်တော့ပါ။ ဒီ နည်းလမ်းကိုတော့ Recommend မလုပ်ပါ။

Permanent အနေနဲ့ ထည့်ထားတာဖြစ်တဲ့အတွက် မသုံးတော့ရင် Reset ပြန်လုပ်ဖို့လိုပါတယ်။ အောက်ပါ အတိုင်း Reset လုပ်လို့ရပါတယ်။

setx ALL_PROXY ""
setx HTTP_PROXY ""
setx HTTPS_PROXY ""

မှတ်ချက်။ Server, System Administration ပိုင်း ကျွမ်းကျင်သူများ အတွက် အရေးပေါ် ကျော်သုံး နည်းလမ်းတစ်ခု အနေဖြင့်သာ ရည်ရွယ်ပါသည်။ သာမန် User တွေအတွက် မလွယ်ကူပါ။

Aung Kyaw Minn

tallysale.com

More from this blog

Difference Between Regional NAT Gateway and Zonal NAT Gateway

ဒီ post လေးထဲမှာတော့ Regional NAT Gateway နဲ့ Zonal NAT Gateway ကွာခြားချက်တွေကို နှိုင်းယှဉ်ပြသွားမှာဘဲ ဖြစ်ပါတယ်။ ပထဆုံးအနေနဲ့ NAT Gateway ဆိုတာ ဘာလဲ ဘာအတွက် လိုအပ်တာလဲဆိုတာကို အရင်ပြောပြပေးပါမယ်။ P

Jun 19, 20264 min read91
Difference Between Regional NAT Gateway and Zonal NAT Gateway

Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင် ဒါမျိုး Alarms လုပ် 🔥🔥🔥

High Level ရေးထားတာပါ ဒါပေမဲ့ လွယ်ပါတယ် ​ကိုယ့်မှာ AWS Infra တွေရှိတယ်ဆို တွေ့သမျှ metric တွေကို alarms တွေလုပ်ပြီး notification ယူမနေဘဲ တကယ် effective ဖြစ်တဲ့ metric တွေကိုမှ CloudWatch ရဲ့ alarm feature တွေနဲ့ ပေါင်းပြီး ပို့စေချင်ပါတယ်။ ​ဥပမာ prod...

Jan 17, 20263 min read221
Infrastructure ကိုင်ပြီး အိပ်ရေးမပျက် ချင် လျှင်  ဒါမျိုး Alarms လုပ် 🔥🔥🔥

How to connect On Premises Network and Cloud (AWS)? (Part-2)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ဘယ်လို ချိတ်ဆက်ကြမလဲ? အပိုင်း (၂) မှာ တော့ Direct connect အကြောင်းကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) Site-to-site VPN အကြောင်းကို လေ့လာချင်ရင်တော့ အောက်ပါ link မှာ ...

Dec 20, 20253 min read266
How to connect On Premises Network and Cloud (AWS)? (Part-2)

How to connect On Premises Network and Cloud (AWS)? (Part-1)

ကိုယ့်ရဲ့ ‌data center (on-prem) network နဲ့ AWS ချိတ်ဆက်ဖို့ လိုလာပြီဆိုရင် ချိတ်ဆက်နိုင်တဲ့ နည်း (၂) နည်း ရှိပါတယ်။ 1. Site-to-Site VPN (Virtual Private Network) 2. Direct connect Site-to-Site VPN - On-prem network နဲ့ AWS resources တွေ ချိတ်ဆက်တဲ့...

Dec 12, 20252 min read303
How to connect On Premises Network and Cloud (AWS)? (Part-1)

Accessibility for Designer

လွန်ခဲ့တဲ့အပတ်က ရုံးက Designer တွေနဲ့ တော်ကီပွားရင်း Accessibility နဲ့ပတ်သတ်တာတွေ သူတို့ကို ရှင်းပြဖြစ်တယ်။ ကိုယ်တိုင်ကလည်း အရင်ကတည်းက ဒီ topic ကိုစိတ်ဝင်စားလို့ လေ့လာနေတာဆိုတော့ အခွင့်အရေးရရင် ရသလို sharing လုပ်ဖြစ်တယ်။ အဓိကက Accessibility နဲ့ပတ်သတ်...

Nov 21, 20253 min read88
Accessibility for Designer
M

Myanmar Technical Blog

109 posts

Cloud, Linux, DevOps, Docker, Security အစရှိတဲ့ နည်းပညာများ အကြောင်းကို မြန်မာလို ပြန်လည်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်ခဗျာ...