# Github Foundation Certificate 100% Free ဖြေဆိုခွင့်

### ***မှတ်ချက်။ Limit ပြည့်သွားတာမျိုးဖြစ်နိုင်ပါတယ်ခဗျာ***

အားလုံးပဲ မင်္ဂလာပါခဗျာ အခွင့်အရေးလေးရတုန်းမှာ ယူထားလို့ရအောင်အတွက် မျှဝေပေးချင်တာလေး ရှိပါတယ်ခဗျာ။ Github Foundations Certificate ကို 0 USD ဖြင့် ဖြေဆိုခွင့်ရမှာဖြစ်ပါတယ်ခဗျာ။

ပထမဦးစွာ [https://examregistration.github.com/overview](https://examregistration.github.com/overview) ကိုသွားလိုက်ပါခဗျာ ပြီးရင်တော့ Github Foundations ဆိုတာလေးကို ရွေးချယ်ပေးပါခဗျာ။

![](https://cdn.hashnode.com/res/hashnode/image/upload/v1726593316138/aa7ee503-ef21-4cc0-9fc5-d629c1d54b72.png align="center")

ပြီးရင်တော့ Login with github ကိုရွေးချယ်ပြီး မိမိရဲ့ Github နှင့် Login ဝင်ပေးပါခဗျာ။

![](https://cdn.hashnode.com/res/hashnode/image/upload/v1726593427107/6d33cf99-2fe0-4db2-908c-87df38c2ee96.png align="center")

Github Foundation ကိုရွေးချယ်ထားရင်တော့ အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်ခဗျာ။

![](https://cdn.hashnode.com/res/hashnode/image/upload/v1726593534399/bb986698-d76c-49ab-9edd-83b74e8466b2.png align="center")

မြင်တဲ့အတိုင်းပဲ Checkout လုပ်မယ်ဆိုရင် 0 USD ဖြစ်သွားမယ်လို့ ပြောထားပါတယ်ခဗျာ။

“Schedule/TakeExam” ကို နှိပ်ပြီး Exam Registration ပြုလုပ်လို့ရပါတယ်ခဗျာ။

PSI Exam website ကိုရောက်သွားမှာဖြစ်ပြီး အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1726593700620/96418d23-fde1-4647-aeb1-a09924919dec.png align="center")

မိမိတို့ရဲ့ Information တွေသေချာဖြည့်ပေးပါ နောက်ပြီးမိမိတို့ရဲ့ ကုမဏီ email လည်းဖြည့်စွက်ထားပါခဗျာ။ ဖြည့်စရာဖြည့်ပြီးနောက် နောက်ဆုံး Checkout page ရောက်သွားတဲ့အခါမှာ 0 USD ဖြင့် Github Foundation Exam ကို ဖြေဆိုရပါပြီခဗျာ။ Non-proctored exam ဖြစ်လို့ မိမိဖြေချင်တဲ့အချိန်မှာ ဖြေမယ်ဆိုပြီး ဖြေလို့ရပါလိမ့်မယ် ( ကျွန်တော်မဖြေကြည့်ရသေးပါခဗျာ)။

အားလုံးအဆင်ပြေကြပါစေခဗျာ။

KT
