# Business Model Canvas — Final Part

အပိုင်း ၁ ကနေ ၄ အထိ BMC နဲ့ ပါတ်သက်လို့ သိသင့်တဲ့ အခြေခံ အချက်တွေကို ကိုယ်ပိုင်အမြင်နဲ့ မြန်မာမှုပြုပြီး ရေးခဲ့ပါတယ်။

ဒီ နောက်ဆုံးအပိုင်းဟာ ကိုယ့် အတွေးအခေါ် နဲ့ စိတ်ကူးတွေထည့်ပြီး ပုံဖော် စဉ်းစားကြည့်ပုံကို ရေးသားထားတာ ဖြစ်ပါတယ်။

---

BMC ပုံစံ ၉ ကွက် မှာ ပါဝင်တဲ့ အချက်တွေ ကို ပြန်ကြည့်ပါ။ သဘော သဘာဝခြင်း နီးစပ်တဲ့ အချက်တွေကို ပေါင်းပြီး စီစစ် သုံးသပ် ကြည့် ရအောင်။

![](https://miro.medium.com/v2/resize:fit:700/1*wU4MIeEEvGaALxUpKhgoYQ.png align="left")

---

Venn Diagram ကိုသုံးပြီး ပုံဖော်ကြည့်ပါတယ်။ အုပ်စုဖွဲ့မှု၊ ထိစပ်မှု၊ ပေါင်းစပ်မှု၊ ကွာဟမှု တွေ စတဲ့ ဆက်နွယ်မှု တွေပါ ထည့်သွင်းစဉ်းစားထားပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1679492435941/ff20c824-7893-4605-92b2-4f33811212ea.png align="center")

---

အုပ်စု တွေကို သဘော သဘာဝပေါ် အခြေခံပြီး နာမည်ပေး ကြည့်ကြမယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1679492493080/ae12358c-fbec-4713-9999-99acd1bb2619.png align="center")

အခြေခံ အဆောက်အအုံ (Infra) — \[လုပ်ဖော်ကိုင်ဖက်\] \[လုပ်ဆောင်ချက်\] \[အရင်းအနှီး\]

ရောင်းကုန် (Product) — \[ရောင်းကုန်\]

ဝယ်သူ (Customer) — \[ဝယ်သူ\] \[ရောင်းသူ ဝယ်သူ ဆက်ဆံရေး\] \[ဈေးကွက် နေရာ\]

ငွေကြေး (Finance) — \[ကုန်ကျစရိတ်\] \[ဝင်ငွေရလမ်း\]

---

BMC မှာ ပါတဲ့ အချက်တွေ ပုံပေါ်လာပြီး ထပ်တွေးကြည့်လိုက်တဲ့အခါ ထုတ်လုပ်ခြင်း နဲ့ ဖြန့်ဖြူး ရောင်းချ ခြင်း Supply Chain အုပ်စု ၂ ခု ထပ်ပေါ်လာပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1679492783943/8dff338c-6ee9-4401-a034-2906e87e7780.png align="center")

---

ဒီလောက်ဆိုရင် BMC အကြောင်း အခြေခံတွေကို ခြုံငုံသိရှိ တဲ့ အဆင့် ကို ရောက်ပါပြီ။

BMC ထဲမှာ ပါဝင်တဲ့ တစ်ချက်ချင်းစီ ရဲ့ အကြောင်းအရာတွေကို အသေးစိတ် သေသေချာချာ သိရှိ နားလည် ဖို့ နဲ့ လက်တွေ့ အကောင်အထည်ဖော် အသုံးချနိုင်ဖို့ အတွက် ကတော့ လုပ်ရင်း လေ့လာရင်း နဲ့ ဆက်သင်ယူသွားရမှာပါ။

Business Model Canvas အကြောင်းကို မြန်မာမှုပြု ရေးသားခြင်း ပြီးပါပြီ။

ဖတ်ရှုလေ့လာသူများ အသိပညာများ တိုးပွားပြီး လက်တွေ့ အသုံးချနိုင်ကြပါစေ။

---

Aung Kyaw Minn | Head of Technology  
[Onenex](https://onenex.co)
